ခု တေလာ ျမန္မာျပည္မွာ လူေတြ အေျပာမ်ားဆံုးက ၀ူဟန္ဗိုင္းရပ္ပါ။ ဒီဗိုင္းရပ္ကူးစက္သူ မေတြ့ေသးတာကုိ အမ်ားစုက လက္မခံျကဘူး။ တခ်ိဳ့ကလဲ အရမ္းကို ေတြ့ေစခ်င္ေနပံုနဲ့ ဟုိမွာ ဒီမွာေတြ့ေနပီဆုိပီး ဖြ။ သူ့ဘာသာ ေသလဲ ၀ူဟန္ဆုိပီးေအာ္ေနၾကတယ္။ တခ်ိဳ့ကလဲ ဖံုးထားတယ္ ဖိထားတယ္ ေျပာၾကတယ္။ တကယ္က တခုမွ မဟုတ္ပါဘူး။ တကယ္ကို မေတြ့ေသးတာပါ။ ဟာ ဒါဆုိ ခင္ဗ်ားတုိ့ မသိတာလဲ ျဖစ္ႏုိ္င္တာပဲဆုိရင္ ဟုတ္ပါတယ္။ အဲလုိ ျဖစ္ႏိုင္ပါတယ္။ ၀ူဟန္လုိ့ ဘယ္လိုဆုိရင္ ေၾကညာရမလဲဆိုတာ ရွင္းျပပါမယ္။

ပထမဆံုး နယ္စပ္ကျဖစ္ေစ ဘယ္ကျဖစ္ေစ အဖ်ား ၁၀၀ ေက်ာ္မယ္။ ႏွာေစး ေခ်ာင္းဆုိးျဖစ္ေနတဲ့သူ မွန္သမွ်ဟာ သံသယရွိတာပါပဲ။ ခင္ဗ်ား ဖ်ားေနတယ္ဆုိရင္ ခင္ဗ်ားလဲ သံသယလူနာပါပဲ။ အဲဒီမွာ ေနာက္တဆင့္ စစ္ေဆးမယ္။ ဘယ္ကျပန္လာလဲ။ ၀ူဟန္ေရာက္ဖူးလား။ တရုတ္ျပည္ သြားထားလား။ ၀ူဟန္ဗိုင္းရပ္ကူးစက္ေနသူနဲ့ ထိေတြ့ဖူးလား။ အဲလုိအခ်က္ေတြ တူတယ္ဆုိ သံသယလူနာစစ္စစ္ျဖစ္ပါပီ။ လာပါ။ သီးသန့္ခန္းေလးထဲ ေအးေဆး တေယာက္ထဲ ထည့္ထားပါမယ္။ ဆက္လက္ေစာင့္ျကည့္မယ္။ အသက္ရွဴျကပ္တာအပါအ၀င္ လကၡဏာေတြက WHO က ထုတ္ျပန္ထားတာေတြနဲ့ တူတယ္ဆိုရင္ ႏွာရည္တို့ အာေခါင္တုိ့ သလိပ္တုိ့ယူပီး ထိုင္းကုိ ပို့ပါမယ္။ ဟိုက စစ္လုိ့ ၀ူဟန္ဗိုင္းရပ္ျကီး ေတြ့ပီဆို အမၻာ႕က်န္းမာေရးအဖြဲ႕ WHO ကုိ အေၾကာင္းၾကား ျမန္မာႏုိင္ငံမွာေတြ့ပီလို့ ေၾကညာပါမယ္။ တုိင္းသိျပည္သိေၾကညာရမွာပါ။ တရုတ္ေတာင္ ဖံုးထားလုိ့ မရပါဘူး။

ဒီေတာ့ ဒီမွာက သိတဲ့အတုိင္း ႏွာေစးေခ်ာင္းဆုိးသမားဆိုတာ အျဖစ္မ်ားတဲ့ေရာဂါပါ။ ဘယ္သူမွ က်ေနာ္ကေတာ့ ၀ူဟန္နဲ့ တူေနပါတယ္လု့ိ ေဆးရံုလာ သတင္းမပုိ့ပါဘူး။ လုပ္ႏုိင္တာက ဂိတ္ေတြမွာ စစ္တာပဲရွိပါတယ္။ တခ်ိဳ့ေဒသေတြဆုိ လူေတြက ေဘးအိမ္ကလူ ဖ်ားေနတယ္။ လာျကည့္ပါဆုိလုိ့ ဆရာ၀န္ေတြ ခမ်ာ အေတာ္အခက္ေတြ့ပါတယ္။ အထက္ကုိပဲ သတင္းပို့ပီး ရွာေဖြ၀ရမ္းနဲ့ ၀င္ရမလုိိလုိ။ တကယ္တမ္း လာစစ္ရင္ ဘယ္သူမွလဲ အစစ္ခံခ်င္မွာ မဟုတ္သလုိ ေဆးရံုမွာ သီးျခားခြဲထားမွာမုိ့ အတင္းျငင္းၾကမွာပါ။ ေျမျပင္မွာ လုပ္ရခက္ပါတယ္။ ဒီေတာ့ အဲလုိ ရွိေကာင္းရွိႏုိင္မွာျဖစ္ေပမယ့္ လက္ရွိမွာ တရား၀င္တဦးမွ မရွိေသးပါဘူး။

ေနာက္တခုက ဒီေရာဂါအေၾကာင္းပါ။ သူက ကူးစက္မွဳ အလြန္ျမန္ပါတယ္။ ဒါေပမယ့္ ေသႏွဳန္းက ၃% ေအာက္ ပဲ ရွိပါတယ္။ မုိးတြင္းမွာျဖစ္တဲ့ တုပ္ေကြးေတာင္ သူ့ထက္ ေသပါတယ္။ SARS ထက္လဲ နည္းပါတယ္။ အခု ေလ့လာထားခ်က္ေတြအရ တရုတ္ျပည္ထဲမွာေတာင္မွ ေရာဂါစတင္တဲ့ ၀ူဟန္ျမိဳ့က လူေတြပဲ အမ်ားဆံုး ေသပါတယ္။ တျခားျမိဳ့ေတြက မေသသလုိ တျခားဘယ္ႏိုင္ငံက လူနာမွလဲ မေသပါဘူး။ ေနာက္ပီး ဒီေရာဂါမွာလဲ ထံုးစံအတုိင္း ေဆးရံုေရာက္လာတာက ၃ ပံု ၁ ပံုေလာက္ပဲရွိမယ္လုိ့ မွန္းၾကပါတယ္။ သာမန္ ႏွာေစး ေခ်ာင္းဆိုးထင္ပီး ေဆးရံုမလာပဲ ကုိယ္ခံအားေကာင္းလို့ ျပန္ေကာင္းသြားၾကသူေတြ အမ်ားႀကီးရွိေနပါတယ္။ ဒါက ေရာဂါတုိင္းမွာ ျဖစ္ေနၾကပံုစံပါပဲ။ သူတိ့ုကုိယ္ သူတုိ့ေတာင္ ၀ူဟန္ဗိုင္းရပ္မွန္း သိၾကမယ္မဟုတ္ပါဘူး။

ေနာက္တခုက ျမန္မာျပည္ရဲ့ အေနအထားပါ။ အခုျဖစ္ေနတဲ့ ၀ူဟန္ျမိဳ့ရွိတဲ့ ဟူေဘးေဒသဟာ တရုတ္ျပည္အလယ္ပိုင္းမွာပါ။ ျမန္မာျပည္နဲ့ ေ၀းပါတယ္။ ျမန္မာနဲ့ ကပ္ေနတဲ့ ယူနန္ျပည္နယ္မွာ ကူးစက္သူက အခုမွ ရာဂဏန္းပဲ ရွိပါတယ္။ ေနာက္ ၀ူဟန္က လူေတြက ထိုင္း၊ စင္ကာပူနဲ့ ဗီယက္နမ္ဘက္ကို အသြားမ်ားၾကပါတယ္။ ျမန္မာဘက္ကုိ လာတာ နည္းပါတယ္။ အခု လူ ၁၀ ဦးခန့္ ကူးစက္ေနတဲ့ စင္ကာပူနဲ့ ထိုင္းကုိ တရုတ္ေတြ အမ်ားႀကီး သြားၾကပါတယ္။ မႏွစ္က ထိုင္းကုိ တရုတ္ ၁၂ သန္းခန့္ လာပါတယ္။ စင္ကာပူလဲ ထုိနည္းလည္းေကာင္းပါ။ ျမန္မာျပည္ကို တႏွစ္လံုးေနမွ ၅ သိန္းပဲ လာပါတယ္။ အဆ ၂၀ ေလာက္ကြာပါတယ္။ အဲဒါေၾကာင့္လဲ ျမန္မာဘက္ဟာ ကူးစက္မွဳ ေလွ်ာ့တာပါ။ လာအုိေတာင္ ျမန္မာထက္ပိုုပီး တရုတ္လာပါတယ္။ ၁ သန္း လာပါတယ္။ ကေမၻာဒီးယားကိုလာတာလဲ သန္းခ်ီရွိပါတယ္။ ျမန္မာကုိ လာတာက ယူနန္တရုတ္ပဲရွိပါတယ္။ အဂၤလန္တုိ့ အေမရိကန္တုိ့ကို လာတဲ့တရုတ္ေတြ အေရအတြက္ကလဲ အရမ္းမ်ားလုိ့ ဒီေန့မွာ ျဗိတိန္ေလေၾကာင္းလိုင္းနဲ့ အေမရိကန္ေလေၾကင္းလိုင္းက တရုတ္ ေလယာဥ္ခရီးစဥ္ေတြကုိ ရပ္နားလိုက္ပါပီ။

ေနာက္တခုက တုိင္းျပည္အေနအထားပါ။ က်ေနာ္တုိ့ တုိင္းျပည္က ပူျပင္းတဲ့ ရာသီဥတုရွိတဲ့ တုိင္းျပည္ထဲ ပါ၀င္ပါတယ္။ အဲလိုတုိင္းျပည္ေတြမွာ ကူးစက္ေရာဂါျဖစ္ေစတဲ့ပိုးေတြက တအားၾကာရွည္ မရွင္သန္ႏုိင္ၾကပါဘူး။ ဥပမာ အေရွ့အလယ္ပိုင္းက ေဆာ္ဒီတုိ့ ဘာရိန္းတုိ့ ကာတာတုိ့လို အပူပိုင္းႏုိင္ငံေတြမွာ တုပ္ေကြး ကူးစက္ေနတယ္ဆုိတာ ဘယ္ေသာအခါမွ မရွိပါဘူး။ အာဖရိကတုိက္လဲ ဒီလုိပါပဲ။ သူတို့ဆီမွာက အီဘုိလာလို ၀မ္းေရာဂါေတြ အျဖစ္မ်ားပါတယ္။

ေနာက္ဆံုးေတြ့ရွိခ်က္ေတြအရ ေရာဂါဟာ ေနာက္ ၂ပတ္အတြင္း ဆက္လက္ကူးစက္ေနမွာျဖစ္ေပမယ့္ တျဖည္းျဖည္း ကူးစက္မွဳ ေလွ်ာ့လာေနတာကုိ ေတြ့ရပါတယ္။ မတ္လဆို လံုး၀ ေပ်ာက္ကင္းႏုိင္ေခ်ရွိေနပါတယ္။ လူေတြကေတာ့ ေၾကာက္ၾကလို့ ပစၥည္းေတြ အလုအယက္၀ယ္ရင္းက အေမရိကန္ နယူးေယာက္မွာေတာင္ Mask ေတြ ျပတ္ကုန္သလို စင္ကာပူမွာလဲ Mask ေတြ ပစၥည္းျပတ္ေနပီလုိ့ သိရပါတယ္။ ျမန္မာျပည္မွာကေတာ့ ပစၥည္းမျပတ္ေသးေပမယ့္ ေစ်းက မတန္တဆပါပဲ။ တကယ္က မလုပ္သင့္ပါဘူး။ အခုထိ ေစ်းမွန္န့ဲ ေရာင္းေပးေနတဲ့ဆိုင္ေတြကုိေတာ့ ခ်ီးက်ဴးသလုိ ေလးစားပါတယ္။ ျပည္သူ အခက္ေတြ့တုန္းမွာ ကူညီေပးသင့္တာပါ။ တရုတ္ျပည္မွာလဲ တခါပဲ ၀တ္ရတဲ့ PPE ေတြ Mask ေတြ ရွားပါးလာလုိ့ အစုိးရက တေနကုန္ အဲဒါေတြပဲ ထုတ္ခိုင္းေနရပါတယ္။ ျမန္မာျပည္လို ႏိုင္ငံမ်ိဳးဆုိ မလြယ္ပါဘူး။

အခ်ဳပ္အားျဖင့္ဆိုရင္ေတာ့ ေရာဂါဟာ တျဖည္းျဖည္း အရွိန္က်လာေနတာကုိ ေတြ့ရပါတယ္။ မၾကာမီမွာပဲ Control ရႏိုင္ပါလိမ့္မယ္။ ၂ ပတ္ေလာက္ကေတာ့ သြားေနဦးမွာပါ။ ဒါေၾကာင့္ တအားေတာ့ စိတ္မပူၾကပါနဲ့။ ကုိယ္ခံအားေကာင္းဖို့ အာဟာရရွိတာေတြစား။ ၀၀လင္လင္အိပ္။ လက္ေသခ်ာေဆးေပး။ လူထူတဲ့ေနရာသြားရင္ Mask တပ္ေပးျခင္းအားျဖင့္ မိမိကုိယ္ကုိ ကယ္တင္ႏုိင္ပါလိမ့္မယ္။ ၀န္ႀကီးဌာနဘက္ကေတာ့ ၀ူဟန္ကူးစက္တာ ေသခ်ာတဲ့ လူနာေတြ့ရင္ ေၾကညာေပးပါလိမ့္မယ္။ က်န္တာကေတာ့ ကုိယ္တုိင္ပဲ ကာကြယ္ရမွာပါ။ တကယ္ျဖစ္လာရင္ တေယာက္ထဲသီးျခားခဲြထားခံရမွာျဖစ္ပီး ဘယ္သူမွ လာကူညီမွာ မဟုတ္ပါ။ အခု ကမၻာအႏွံ့မွာ တရုတ္ျမင္ရင္ ထြက္ေျပးေနၾကသလုိ ဖိန့္ဖိန့္တုန္ေအာင္ ေၾကာက္ရြံျခင္းခံရတဲ့ လူသားႀကီးမျဖစ္လာေအာင္ ဂရုျပဳေနထုိင္ႏိုင္ၾကပါေစ။

Nay Thway
ေလးစားစြာျဖင့္ Blacker

Unicode

ခု တလော မြန်မာပြည်မှာ လူတွေ အပြောများဆုံးက ဝူဟန်ဗိုင်းရပ်ပါ။ ဒီဗိုင်းရပ်ကူးစက်သူ မတွေ့သေးတာကို အများစုက လက်မခံကြဘူး။ တချို့ကလဲ အရမ်းကို တွေ့စေချင်နေပုံနဲ့ ဟိုမှာ ဒီမှာတွေ့နေပီဆိုပီး ဖွ။ သူ့ဘာသာ သေလဲ ဝူဟန်ဆိုပီးအော်နေကြတယ်။ တချို့ကလဲ ဖုံးထားတယ် ဖိထားတယ် ပြောကြတယ်။ တကယ်က တခုမှ မဟုတ်ပါဘူး။ တကယ်ကို မတွေ့သေးတာပါ။ ဟာ ဒါဆို ခင်ဗျားတို့ မသိတာလဲ ဖြစ်နို်င်တာပဲဆိုရင် ဟုတ်ပါတယ်။ အဲလို ဖြစ်နိုင်ပါတယ်။ ဝူဟန်လို့ ဘယ်လိုဆိုရင် ကြေညာရမလဲဆိုတာ ရှင်းပြပါမယ်။

ပထမဆုံး နယ်စပ်ကဖြစ်စေ ဘယ်ကဖြစ်စေ အဖျား ၁၀၀ ကျော်မယ်။ နှာစေး ချောင်းဆိုးဖြစ်နေတဲ့သူ မှန်သမျှဟာ သံသယရှိတာပါပဲ။ ခင်ဗျား ဖျားနေတယ်ဆိုရင် ခင်ဗျားလဲ သံသယလူနာပါပဲ။ အဲဒီမှာ နောက်တဆင့် စစ်ဆေးမယ်။ ဘယ်ကပြန်လာလဲ။ ဝူဟန်ရောက်ဖူးလား။ တရုတ်ပြည် သွားထားလား။ ဝူဟန်ဗိုင်းရပ်ကူးစက်နေသူနဲ့ ထိတွေ့ဖူးလား။ အဲလိုအချက်တွေ တူတယ်ဆို သံသယလူနာစစ်စစ်ဖြစ်ပါပီ။ လာပါ။ သီးသန့်ခန်းလေးထဲ အေးဆေး တယောက်ထဲ ထည့်ထားပါမယ်။ ဆက်လက်စောင့်ကြည့်မယ်။ အသက်ရှူကြပ်တာအပါအဝင် လက္ခဏာတွေက WHO က ထုတ်ပြန်ထားတာတွေနဲ့ တူတယ်ဆိုရင် နှာရည်တို့ အာခေါင်တို့ သလိပ်တို့ယူပီး ထိုင်းကို ပို့ပါမယ်။ ဟိုက စစ်လို့ ဝူဟန်ဗိုင်းရပ်ကြီး တွေ့ပီဆို အမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို အကြောင်းကြား မြန်မာနိုင်ငံမှာတွေ့ပီလို့ ကြေညာပါမယ်။ တိုင်းသိပြည်သိကြေညာရမှာပါ။ တရုတ်တောင် ဖုံးထားလို့ မရပါဘူး။

ဒီတော့ ဒီမှာက သိတဲ့အတိုင်း နှာစေးချောင်းဆိုးသမားဆိုတာ အဖြစ်များတဲ့ရောဂါပါ။ ဘယ်သူမှ ကျနော်ကတော့ ဝူဟန်နဲ့ တူနေပါတယ်လို့ ဆေးရုံလာ သတင်းမပို့ပါဘူး။ လုပ်နိုင်တာက ဂိတ်တွေမှာ စစ်တာပဲရှိပါတယ်။ တချို့ဒေသတွေဆို လူတွေက ဘေးအိမ်ကလူ ဖျားနေတယ်။ လာကြည့်ပါဆိုလို့ ဆရာဝန်တွေ ခမျာ အတော်အခက်တွေ့ပါတယ်။ အထက်ကိုပဲ သတင်းပို့ပီး ရှာဖွေဝရမ်းနဲ့ ဝင်ရမလိုိလို။ တကယ်တမ်း လာစစ်ရင် ဘယ်သူမှလဲ အစစ်ခံချင်မှာ မဟုတ်သလို ဆေးရုံမှာ သီးခြားခွဲထားမှာမို့ အတင်းငြင်းကြမှာပါ။ မြေပြင်မှာ လုပ်ရခက်ပါတယ်။ ဒီတော့ အဲလို ရှိကောင်းရှိနိုင်မှာဖြစ်ပေမယ့် လက်ရှိမှာ တရားဝင်တဦးမှ မရှိသေးပါဘူး။

နောက်တခုက ဒီရောဂါအကြောင်းပါ။ သူက ကူးစက်မှု အလွန်မြန်ပါတယ်။ ဒါပေမယ့် သေနှုန်းက ၃% အောက် ပဲ ရှိပါတယ်။ မိုးတွင်းမှာဖြစ်တဲ့ တုပ်ကွေးတောင် သူ့ထက် သေပါတယ်။ SARS ထက်လဲ နည်းပါတယ်။ အခု လေ့လာထားချက်တွေအရ တရုတ်ပြည်ထဲမှာတောင်မှ ရောဂါစတင်တဲ့ ဝူဟန်မြို့က လူတွေပဲ အများဆုံး သေပါတယ်။ တခြားမြို့တွေက မသေသလို တခြားဘယ်နိုင်ငံက လူနာမှလဲ မသေပါဘူး။ နောက်ပီး ဒီရောဂါမှာလဲ ထုံးစံအတိုင်း ဆေးရုံရောက်လာတာက ၃ ပုံ ၁ ပုံလောက်ပဲရှိမယ်လို့ မှန်းကြပါတယ်။ သာမန် နှာစေး ချောင်းဆိုးထင်ပီး ဆေးရုံမလာပဲ ကိုယ်ခံအားကောင်းလို့ ပြန်ကောင်းသွားကြသူတွေ အများကြီးရှိနေပါတယ်။ ဒါက ရောဂါတိုင်းမှာ ဖြစ်နေကြပုံစံပါပဲ။ သူတို့ကိုယ် သူတို့တောင် ဝူဟန်ဗိုင်းရပ်မှန်း သိကြမယ်မဟုတ်ပါဘူး။

နောက်တခုက မြန်မာပြည်ရဲ့ အနေအထားပါ။ အခုဖြစ်နေတဲ့ ဝူဟန်မြို့ရှိတဲ့ ဟူဘေးဒေသဟာ တရုတ်ပြည်အလယ်ပိုင်းမှာပါ။ မြန်မာပြည်နဲ့ ဝေးပါတယ်။ မြန်မာနဲ့ ကပ်နေတဲ့ ယူနန်ပြည်နယ်မှာ ကူးစက်သူက အခုမှ ရာဂဏန်းပဲ ရှိပါတယ်။ နောက် ဝူဟန်က လူတွေက ထိုင်း၊ စင်ကာပူနဲ့ ဗီယက်နမ်ဘက်ကို အသွားများကြပါတယ်။ မြန်မာဘက်ကို လာတာ နည်းပါတယ်။ အခု လူ ၁၀ ဦးခန့် ကူးစက်နေတဲ့ စင်ကာပူနဲ့ ထိုင်းကို တရုတ်တွေ အများကြီး သွားကြပါတယ်။ မနှစ်က ထိုင်းကို တရုတ် ၁၂ သန်းခန့် လာပါတယ်။ စင်ကာပူလဲ ထိုနည်းလည်းကောင်းပါ။ မြန်မာပြည်ကို တနှစ်လုံးနေမှ ၅ သိန်းပဲ လာပါတယ်။ အဆ ၂၀ လောက်ကွာပါတယ်။ အဲဒါကြောင့်လဲ မြန်မာဘက်ဟာ ကူးစက်မှု လျှော့တာပါ။ လာအိုတောင် မြန်မာထက်ပိုုပီး တရုတ်လာပါတယ်။ ၁ သန်း လာပါတယ်။ ကမ္ဘောဒီးယားကိုလာတာလဲ သန်းချီရှိပါတယ်။ မြန်မာကို လာတာက ယူနန်တရုတ်ပဲရှိပါတယ်။ အင်္ဂလန်တို့ အမေရိကန်တို့ကို လာတဲ့တရုတ်တွေ အရေအတွက်ကလဲ အရမ်းများလို့ ဒီနေ့မှာ ဗြိတိန်လေကြောင်းလိုင်းနဲ့ အမေရိကန်လေကြေင်းလိုင်းက တရုတ် လေယာဉ်ခရီးစဉ်တွေကို ရပ်နားလိုက်ပါပီ။

နောက်တခုက တိုင်းပြည်အနေအထားပါ။ ကျနော်တို့ တိုင်းပြည်က ပူပြင်းတဲ့ ရာသီဥတုရှိတဲ့ တိုင်းပြည်ထဲ ပါဝင်ပါတယ်။ အဲလိုတိုင်းပြည်တွေမှာ ကူးစက်ရောဂါဖြစ်စေတဲ့ပိုးတွေက တအားကြာရှည် မရှင်သန်နိုင်ကြပါဘူး။ ဥပမာ အရှေ့အလယ်ပိုင်းက ဆော်ဒီတို့ ဘာရိန်းတို့ ကာတာတို့လို အပူပိုင်းနိုင်ငံတွေမှာ တုပ်ကွေး ကူးစက်နေတယ်ဆိုတာ ဘယ်သောအခါမှ မရှိပါဘူး။ အာဖရိကတိုက်လဲ ဒီလိုပါပဲ။ သူတို့ဆီမှာက အီဘိုလာလို ဝမ်းရောဂါတွေ အဖြစ်များပါတယ်။

နောက်ဆုံးတွေ့ရှိချက်တွေအရ ရောဂါဟာ နောက် ၂ပတ်အတွင်း ဆက်လက်ကူးစက်နေမှာဖြစ်ပေမယ့် တဖြည်းဖြည်း ကူးစက်မှု လျှော့လာနေတာကို တွေ့ရပါတယ်။ မတ်လဆို လုံးဝ ပျောက်ကင်းနိုင်ချေရှိနေပါတယ်။ လူတွေကတော့ ကြောက်ကြလို့ ပစ္စည်းတွေ အလုအယက်ဝယ်ရင်းက အမေရိကန် နယူးယောက်မှာတောင် Mask တွေ ပြတ်ကုန်သလို စင်ကာပူမှာလဲ Mask တွေ ပစ္စည်းပြတ်နေပီလို့ သိရပါတယ်။ မြန်မာပြည်မှာကတော့ ပစ္စည်းမပြတ်သေးပေမယ့် စျေးက မတန်တဆပါပဲ။ တကယ်က မလုပ်သင့်ပါဘူး။ အခုထိ စျေးမှန်နဲ့ ရောင်းပေးနေတဲ့ဆိုင်တွေကိုတော့ ချီးကျူးသလို လေးစားပါတယ်။ ပြည်သူ အခက်တွေ့တုန်းမှာ ကူညီပေးသင့်တာပါ။ တရုတ်ပြည်မှာလဲ တခါပဲ ဝတ်ရတဲ့ PPE တွေ Mask တွေ ရှားပါးလာလို့ အစိုးရက တနေကုန် အဲဒါတွေပဲ ထုတ်ခိုင်းနေရပါတယ်။ မြန်မာပြည်လို နိုင်ငံမျိုးဆို မလွယ်ပါဘူး။

အချုပ်အားဖြင့်ဆိုရင်တော့ ရောဂါဟာ တဖြည်းဖြည်း အရှိန်ကျလာနေတာကို တွေ့ရပါတယ်။ မကြာမီမှာပဲ Control ရနိုင်ပါလိမ့်မယ်။ ၂ ပတ်လောက်ကတော့ သွားနေဦးမှာပါ။ ဒါကြောင့် တအားတော့ စိတ်မပူကြပါနဲ့။ ကိုယ်ခံအားကောင်းဖို့ အာဟာရရှိတာတွေစား။ ဝဝလင်လင်အိပ်။ လက်သေချာဆေးပေး။ လူထူတဲ့နေရာသွားရင် Mask တပ်ပေးခြင်းအားဖြင့် မိမိကိုယ်ကို ကယ်တင်နိုင်ပါလိမ့်မယ်။ ဝန်ကြီးဌာနဘက်ကတော့ ဝူဟန်ကူးစက်တာ သေချာတဲ့ လူနာတွေ့ရင် ကြေညာပေးပါလိမ့်မယ်။ ကျန်တာကတော့ ကိုယ်တိုင်ပဲ ကာကွယ်ရမှာပါ။ တကယ်ဖြစ်လာရင် တယောက်ထဲသီးခြားခွဲထားခံရမှာဖြစ်ပီး ဘယ်သူမှ လာကူညီမှာ မဟုတ်ပါ။ အခု ကမ္ဘာအနှံ့မှာ တရုတ်မြင်ရင် ထွက်ပြေးနေကြသလို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံခြင်းခံရတဲ့ လူသားကြီးမဖြစ်လာအောင် ဂရုပြုနေထိုင်နိုင်ကြပါစေ။

Nay Thway
လေးစားစွာဖြင့် Blacker