တ ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းၿမိဳ႕မွာေနထိုင္တဲ့ Lu Wei အမည္ရွိတဲ့ အသက္ 28ႏွစ္အမ်ိဳးသားဟာ သူႏွင့္ online game ကစားရင္ေတြ႕ဆုံခဲ့တဲ့ ခ်စ္သူေကာင္မေလးကိုေတြ႕ဖို႔ ေဟာင္ေကာင္သို႔သြားေရာက္ခဲ့ပါတယ္။

အစပိုင္းမွာေတာ့ ေကာင္မေလးဟာ Lu Wei ကိုသူမအသက္ 22ႏွစ္ရွိေနၿပီလို႔ေျပာခဲ့တဲ့အတြက္ Lu Wei ကယုံၾကည္ခဲ့ပါတယ္။ထို႔ေနာက္ သူမတို႔ဟာ စာမ်ားႏွင့္အခ်င္းခ်င္းဆက္သြယ္ခဲ့ၾကၿပီး သူမတို႔ရဲ႕ဆက္ဆံေရးမွာလည္း သမီးရည္းစားအဆင့္သို႔ေျပာင္းလဲခဲ့ပါေတာ့တယ္။ဒီဇင္ဘာလမွာ Lu ဟာခ်စ္သူရွိရာ ေဟာင္ေကာင္သို႔အလည္သြားေရာက္ခဲ့ၿပီး၊ 22ရက္ေန႔မွာေတာ့ခ်စ္သူႏွင့္အတူ Lu တည္ခိုခဲ့တဲ့ Regal Oriental Hotel မွာ သမီးရည္းစား အဆင့္ထက္ေက်ာ္လြန္ၿပီး အတူေနခဲ့ၾကပါတယ္။

အေစာပိုင္းမွာေတာ့ ေကာင္မေလးဟာ Lu ကိုသူမအသက္ႏွင့္ ပက္သက္ၿပီးလိမ္ထားခဲ့မိေၾကာင္းႏွင့္ သူမဟာအသက္ 18ႏွစ္ျပည့္တာမၾကာေသးေၾကာင္း ေျပာဆိုခဲ့ပါတယ္။ သို႔ေပမဲ့လည္း ဒီဇင္ဘာလ 24ရက္ေန႔မွာ သူမ Lu ကိုေလဆိပ္သို႔သြားေရာက္ပို႔ေဆာင္ခဲ့ခ်ိန္မွာေတာ့ သူမရဲ႕အသက္ဟာ 12ႏွစ္သာရွိေသးသည့္အမွန္တရားကို ေျပာျပခဲ့ပါေတာ့တယ္။ၿပီးခဲ့တဲ့ August 27ရက္ေန႔မွာေတာ့ Lu ဟာအသက္13ႏွစ္ေအာက္အ႐ြယ္ အသက္မျပည့္ေသးတဲ့ေကာင္မေလးကို တရားမဝင္သားမယားျပဳက်င့္ခဲ့မႈအတြက္ ေထာင္ဒဏ္ 10လခ်မွတ္ခံခဲ့ရပါတယ္။ တရားသူႀကီးမွာေတာ့ Lu ၏ရွင္းျပခ်က္ကိုနားေထာင္ၿပီးေနာက္ Luအမွန္တကယ္ေနာင္တရေနခဲ့တာကို လက္ခံေၾကာင္းႏွင့္ေကာင္မေလးမွာလည္း သူမအသက္ထက္ အေတာ္ရင့္က်က္ေနပုံရေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္။

ထို႔ေနာက္ဆက္လက္ၿပီး ‘တရာခံဟာ အဆိုပါျပစ္မႈရဲ႕အက်ိဳးဆက္ေတြအတြက္ ထြက္ေျပးတိမ္းေရွာင္လို႔ရခဲ့ေပမဲ့လည္းထြက္ေျပးခဲ့ျခင္းမ်ိဳးမရွိပါဘူး ‘ ဟုေျပာဆိုခဲ့ၿပီး ၊ Lu ဟာေကာင္မေလးရဲ႕အသက္အ႐ြယ္ အစစ္အမွန္ကိုမသိခင္အခ်ိန္က အမွန္တကယ္ကိုခ်စ္ႀကိဳက္ခဲ့တာျဖစ္ေၾကာင္း ထပ္ေလာင္းေျပာဆိုသြားခဲ့ပါတယ္။

Lu ဟာအိမ္ျပန္ဖို႔အတြက္ ေလယာဥ္လတ္မွတ္ဝယ္ၿပီးခဲ့ၿပီ ျဖစ္ေပမဲ့လည္း ဥပေဒကိုေလးစားလိုက္နာတဲ့ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ အိမ္မျပန္ေတာ့ပဲ ေဟာင္ေကာင္မွာေနခဲ့ၿပီး အျပစ္ဒဏ္ခံယူရန္ဆုံးျဖတ္ခဲ့ပါတယ္။ Lu ဟာအရင္ခ်ိန္တုန္းကတြဲခဲ့တဲ့ခ်စ္သူမ်ားႏွင့္လည္း ကံမေကာင္းခဲ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ ခ်စ္သူေတြက Lu ကိုလစာနဲ႔လို႔ (သို႔) အလုပ္ခ်ိန္ၾကာျမင့္လြန္းလို႔ ဆိုတဲ့အေၾကာင္းျပခ်က္ေတြနဲ႔ထားခဲ့ၾကလို႔ပါ။ဒီတစ္ေခါက္မွာလည္း ေကာင္မေလးရဲ႕အသက္အ႐ြယ္ အစစ္အမွန္ကို မသိရွိခင္၊ သူမရဲ႕ ပင္ကိုစ႐ိုက္ကိုႀကိဳက္ႏွစ္သက္လို႔ သူမႏွင့္တည္ၿမဲတဲ့relationship တစ္ခုတည္ေဆာက္ခဲ့ခ်င္ခဲ့မိေၾကာင္းလည္း Lu ကေျပာဆိုသြားခဲ့ပါတယ္။

Credit

တ ရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာနေထိုင်တဲ့ Lu Wei အမည်ရှိတဲ့ အသက် 28နှစ်အမျိုးသားဟာ သူနှင့် online game ကစားရင်တွေ့ဆုံခဲ့တဲ့ ချစ်သူကောင်မလေးကိုတွေ့ဖို့ ဟောင်ကောင်သို့သွားရောက်ခဲ့ပါတယ်။

အစပိုင်းမှာတော့ ကောင်မလေးဟာ Lu Wei ကိုသူမအသက် 22နှစ်ရှိနေပြီလို့ပြောခဲ့တဲ့အတွက် Lu Wei ကယုံကြည်ခဲ့ပါတယ်။ထို့နောက် သူမတို့ဟာ စာများနှင့်အချင်းချင်းဆက်သွယ်ခဲ့ကြပြီး သူမတို့ရဲ့ဆက်ဆံရေးမှာလည်း သမီးရည်းစားအဆင့်သို့ပြောင်းလဲခဲ့ပါတော့တယ်။ဒီဇင်ဘာလမှာ Lu ဟာချစ်သူရှိရာ ဟောင်ကောင်သို့အလည်သွားရောက်ခဲ့ပြီး၊ 22ရက်နေ့မှာတော့ချစ်သူနှင့်အတူ Lu တည်ခိုခဲ့တဲ့ Regal Oriental Hotel မှာ သမီးရည်းစား အဆင့်ထက်ကျော်လွန်ပြီး အတူနေခဲ့ကြပါတယ်။

အစောပိုင်းမှာတော့ ကောင်မလေးဟာ Lu ကိုသူမအသက်နှင့် ပက်သက်ပြီးလိမ်ထားခဲ့မိကြောင်းနှင့် သူမဟာအသက် 18နှစ်ပြည့်တာမကြာသေးကြောင်း ပြောဆိုခဲ့ပါတယ်။ သို့ပေမဲ့လည်း ဒီဇင်ဘာလ 24ရက်နေ့မှာ သူမ Lu ကိုလေဆိပ်သို့သွားရောက်ပို့ဆောင်ခဲ့ချိန်မှာတော့ သူမရဲ့အသက်ဟာ 12နှစ်သာရှိသေးသည့်အမှန်တရားကို ပြောပြခဲ့ပါတော့တယ်။ပြီးခဲ့တဲ့ August 27ရက်နေ့မှာတော့ Lu ဟာအသက်13နှစ်အောက်အရွယ် အသက်မပြည့်သေးတဲ့ကောင်မလေးကို တရားမဝင်သားမယားပြုကျင့်ခဲ့မှုအတွက် ထောင်ဒဏ် 10လချမှတ်ခံခဲ့ရပါတယ်။ တရားသူကြီးမှာတော့ Lu ၏ရှင်းပြချက်ကိုနားထောင်ပြီးနောက် Luအမှန်တကယ်နောင်တရနေခဲ့တာကို လက်ခံကြောင်းနှင့်ကောင်မလေးမှာလည်း သူမအသက်ထက် အတော်ရင့်ကျက်နေပုံရကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ထို့နောက်ဆက်လက်ပြီး ‘တရာခံဟာ အဆိုပါပြစ်မှုရဲ့အကျိုးဆက်တွေအတွက် ထွက်ပြေးတိမ်းရှောင်လို့ရခဲ့ပေမဲ့လည်းထွက်ပြေးခဲ့ခြင်းမျိုးမရှိပါဘူး ‘ ဟုပြောဆိုခဲ့ပြီး ၊ Lu ဟာကောင်မလေးရဲ့အသက်အရွယ် အစစ်အမှန်ကိုမသိခင်အချိန်က အမှန်တကယ်ကိုချစ်ကြိုက်ခဲ့တာဖြစ်ကြောင်း ထပ်လောင်းပြောဆိုသွားခဲ့ပါတယ်။

Lu ဟာအိမ်ပြန်ဖို့အတွက် လေယာဉ်လတ်မှတ်ဝယ်ပြီးခဲ့ပြီ ဖြစ်ပေမဲ့လည်း ဥပဒေကိုလေးစားလိုက်နာတဲ့နိုင်ငံသားတစ်ယောက်အနေနဲ့ အိမ်မပြန်တော့ပဲ ဟောင်ကောင်မှာနေခဲ့ပြီး အပြစ်ဒဏ်ခံယူရန်ဆုံးဖြတ်ခဲ့ပါတယ်။ Lu ဟာအရင်ချိန်တုန်းကတွဲခဲ့တဲ့ချစ်သူများနှင့်လည်း ကံမကောင်းခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ချစ်သူတွေက Lu ကိုလစာနဲ့လို့ (သို့) အလုပ်ချိန်ကြာမြင့်လွန်းလို့ ဆိုတဲ့အကြောင်းပြချက်တွေနဲ့ထားခဲ့ကြလို့ပါ။ဒီတစ်ခေါက်မှာလည်း ကောင်မလေးရဲ့အသက်အရွယ် အစစ်အမှန်ကို မသိရှိခင်၊ သူမရဲ့ ပင်ကိုစရိုက်ကိုကြိုက်နှစ်သက်လို့ သူမနှင့်တည်မြဲတဲ့relationship တစ်ခုတည်ဆောက်ခဲ့ချင်ခဲ့မိကြောင်းလည်း Lu ကပြောဆိုသွားခဲ့ပါတယ်။

Credit