ဖဴျဖဴေက်ာ္သိန္း ကေတာ့ ျမန္မာႏိုင္ငံမွာလက္ရွိေအာင္ျမင္ေနတဲ့ထိပ္တန္းအဆိုေတာ္ေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။လုံးဝမသက္ဆိုင္ေတာ့ပါ ေတးစီးရီးနဲ႔ပရိသတ္ရင္ထဲကို ေရာက္ရွိခဲ့သူျဖစ္ၿပီး ဂီတလမ္းေၾကာင္းမွာ သူခံယူထားတဲ့ပုံစံအတိုင္းပဲ ယုံၾကည္စြာနဲ႔ေလွ်ာက္လွမ္းခဲ့သူပါ။အစပိုင္းမွာ ေဝဖန္မႈေတြမ်ားစြာခံခဲ့ရေပမယ့္ အခုဆိုရင္ျဖဴျဖဴေက်ာ္သိန္းဆိုတာနဲ႔ စကားေျပာပုံ၊ဖက္ရွင္စတဲ့ပုံစံတစ္ခုကို ပရိသတ္ေတြေျပးျမင္လာၾကတဲ့အထိ ကိုယ္ပိုင္Brand တစ္ခုကိုတည္ေဆာင္ႏိုင္ခဲ့ၿပီလို႔ ဆိုရမွာပါ။

ျဖဴျဖဴကေတာ့ မၾကာေသးခင္က က်င္းပျပဳလုပ္ခဲ့တဲ့ ျမန္မာျပည္သူေတြစိတ္ဝင္တစားအားေပးခဲ့ရတဲ့ ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲႀကီးမွာ ဒိုင္အျဖစ္ျပဳလုပ္ခဲ့ၿပီး ပြဲစဥ္တစ္ေလွ်ာက္လုံးမွာ ဆန္းျပားတဲ့ဖက္ရွင္ေတြနဲ႔ ပရိသတ္ရဲ႕စိတ္ကိုဖမ္းစားႏိုင္ခဲ့သူပါ။စကားပရိယာယ္ႂကြယ္ၿပီး ထက္ျမက္တဲ့မိန္းမတစ္ေယာက္ျဖစ္တဲ့အတြက္လည္း ျဖဴျဖဴကေတာ့ မွတ္ခ်က္ေကာင္းေတြကိုအၿမဲေပးေလ့ရွိတဲ့အျပင္ ပရိသတ္ေတြေပ်ာ္႐ႊင္ေစဖို႔ Host ျဖစ္သူေက်ာ္ထက္ေအာင္နဲ႔လည္း အၿမဲစေနာက္ေနေလ့ရွိသူပါ။မမနဲ႔ေမာင္ေလးဇာတ္လမ္းေၾကာင့္လည္း ပရိသတ္ေတြေပ်ာ္႐ႊင္ခဲ့ရတာျဖစ္ၿပီး ျဖဴျဖဴကေတာ့ ေနာက္ဆုံးၿပိဳင္ပြဲမွာလည္း ပြဲၿပီးရင္ေတာ့ ဒို႔ေတြ ေတြ႕ဖို႔အေၾကာင္းရွာရဦးမွာေပါ့ဆိုၿပီးလည္း အ႐ႊန္းေဖာက္ခဲ့ပါေသးတယ္။

ျဖဴျဖဴကေတာ့ မမနဲ႔ေမာင္ေလးဇာတ္လမ္းကိုလြမ္းေနတဲ့ပရိသတ္ႀကီးအတြက္ မေန႔ညကေတာ့ “အစ္ကိုေအာင္နဲ႔ဇာတ္လမ္းကိုလြမ္းေနၾကတယ္ဆိုလို႔ သရဖူမဂၢဇင္းအတြက္ ခ်စ္သူမ်ားေန႔အမွီ Cover Photo Shooting ေလး႐ိုက္ေပးျဖစ္ၾကတယ္” ဆိုၿပီးေက်ာ္ထက္ေအာင္ရဲ႕ပုံေလးနဲ႔အတူ မွ်ေဝေပးခဲ့တာပါ။ျဖဴျဖဴကေတာ့ အခုခ်ိန္ထိအခ်စ္ေရးမွာ အေၾကာင္းမထူးေသးတဲ့ အပ်ိဳႀကီးမမတစ္ေယာက္ျဖစ္ၿပီး ပရိသတ္ေတြအခ်စ္ပိုေနရသူတစ္ေယာက္ပါ။အစ္ကိုေအာင္နဲ႔ ျဖဴျဖဴကို ဆိုရင္ေရာ သေဘာတူလားပရိသတ္ႀကီးေရ…

Source – PhyuPhyuKyawThein
Credit Cele Gabar

UNICODE

ဖြူဖြူကျော်သိန်းကတော့ မြန်မာနိုင်ငံမှာလက်ရှိအောင်မြင်နေတဲ့ထိပ်တန်းအဆိုတော်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။လုံးဝမသက်ဆိုင်တော့ပါ တေးစီးရီးနဲ့ပရိသတ်ရင်ထဲကို ရောက်ရှိခဲ့သူဖြစ်ပြီး ဂီတလမ်းကြောင်းမှာ သူခံယူထားတဲ့ပုံစံအတိုင်းပဲ ယုံကြည်စွာနဲ့လျှောက်လှမ်းခဲ့သူပါ။အစပိုင်းမှာ ဝေဖန်မှုတွေများစွာခံခဲ့ရပေမယ့် အခုဆိုရင်ဖြူဖြူကျော်သိန်းဆိုတာနဲ့ စကားပြောပုံ၊ဖက်ရှင်စတဲ့ပုံစံတစ်ခုကို ပရိသတ်တွေပြေးမြင်လာကြတဲ့အထိ ကိုယ်ပိုင်Brand တစ်ခုကိုတည်ဆောင်နိုင်ခဲ့ပြီလို့ ဆိုရမှာပါ။

ဖြူဖြူကတော့ မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာပြည်သူတွေစိတ်ဝင်တစားအားပေးခဲ့ရတဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးမှာ ဒိုင်အဖြစ်ပြုလုပ်ခဲ့ပြီး ပွဲစဉ်တစ်လျှောက်လုံးမှာ ဆန်းပြားတဲ့ဖက်ရှင်တွေနဲ့ ပရိသတ်ရဲ့စိတ်ကိုဖမ်းစားနိုင်ခဲ့သူပါ။စကားပရိယာယ်ကြွယ်ပြီး ထက်မြက်တဲ့မိန်းမတစ်ယောက်ဖြစ်တဲ့အတွက်လည်း ဖြူဖြူကတော့ မှတ်ချက်ကောင်းတွေကိုအမြဲပေးလေ့ရှိတဲ့အပြင် ပရိသတ်တွေပျော်ရွှင်စေဖို့ Host ဖြစ်သူကျော်ထက်အောင်နဲ့လည်း အမြဲစနောက်နေလေ့ရှိသူပါ။မမနဲ့မောင်လေးဇာတ်လမ်းကြောင့်လည်း ပရိသတ်တွေပျော်ရွှင်ခဲ့ရတာဖြစ်ပြီး ဖြူဖြူကတော့ နောက်ဆုံးပြိုင်ပွဲမှာလည်း ပွဲပြီးရင်တော့ ဒို့တွေ တွေ့ဖို့အကြောင်းရှာရဦးမှာပေါ့ဆိုပြီးလည်း အရွှန်းဖောက်ခဲ့ပါသေးတယ်။

ဖြူဖြူကတော့ မမနဲ့မောင်လေးဇာတ်လမ်းကိုလွမ်းနေတဲ့ပရိသတ်ကြီးအတွက် မနေ့ညကတော့ “အစ်ကိုအောင်နဲ့ဇာတ်လမ်းကိုလွမ်းနေကြတယ်ဆိုလို့ သရဖူမဂ္ဂဇင်းအတွက် ချစ်သူများနေ့အမှီ Cover Photo Shooting လေးရိုက်ပေးဖြစ်ကြတယ်” ဆိုပြီးကျော်ထက်အောင်ရဲ့ပုံလေးနဲ့အတူ မျှဝေပေးခဲ့တာပါ။ဖြူဖြူကတော့ အခုချိန်ထိအချစ်ရေးမှာ အကြောင်းမထူးသေးတဲ့ အပျိုကြီးမမတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေအချစ်ပိုနေရသူတစ်ယောက်ပါ။အစ်ကိုအောင်နဲ့ ဖြူဖြူကို ဆိုရင်ရော သဘောတူလားပရိသတ်ကြီးရေ…

Source – PhyuPhyuKyawThein
Credit Cele Gabar