ဝူ ဟန္ၿမိဳ႕မွာရွိတဲ့ ဂ်ပန္လူမ်ိဳးေတြကို ျပန္လည္ေခၚေဆာင္ဖို႔ ပထမဆုံး အထူးေလယာဥ္တစီးဟာ တိုက်ိဳ ဟိနဒါေလဆိပ္ကေန ဇန္နဝါရီ ၂၈ ရက္ ည ၈ နာရီခြဲက ထြက္ခြာသြားၿပီလို႔ NHK သတင္းမွာ ေဖာ္ျပပါတယ္။

အခုလက္ရွိ ဝူဟန္ၿမိဳ႕မွာ ဂ်ပန္လူမ်ိဳး ၆၅၀ ေလာက္ ပိတ္မိေနၿပီး က်န္းမာေရးဝန္ထမ္းေတြနဲ႔ အေထာက္အပံ့ပစၥည္းေတြပါတဲ့ အဲဒီ All Nippon Airways ေလယာဥ္ဟာ အိမ္ျပန္ခ်င္တဲ့ ဂ်ပန္လူမ်ိဳးေတြကို ျပန္လည္ေခၚေဆာင္မွာပါ။

အဲဒီေလယာဥ္ဟာ ဝူဟန္ၿမိဳ႕ကေန ဇန္နဝါရီ ၂၉ ရက္ အ႐ုဏ္မတက္ခင္ ျပန္လည္ထြက္ခြာၿပီး အဲဒီေန႔မွာပဲ တိုက်ိဳေလဆိပ္ကို ျပန္လည္ဆိုက္ေရာက္လာဖို႔ မွန္းထားပါတယ္။

Credit to DVB TV News

Unicode

ဝူဟန်မြို့တွင်ပိတ်မိနေသည့် ဂျပန်လူမျိုးများကို အထူးလေယာဉ်ဖြင့် ပြန်ခေါ်

ဝူဟန်မြို့မှာရှိတဲ့ ဂျပန်လူမျိုးတွေကို ပြန်လည်ခေါ်ဆောင်ဖို့ ပထမဆုံး အထူးလေယာဉ်တစီးဟာ တိုကျို ဟိနဒါလေဆိပ်ကနေ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီခွဲက ထွက်ခွာသွားပြီလို့ NHK သတင်းမှာ ဖော်ပြပါတယ်။

အခုလက်ရှိ ဝူဟန်မြို့မှာ ဂျပန်လူမျိုး ၆၅၀ လောက် ပိတ်မိနေပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ အထောက်အပံ့ပစ္စည်းတွေပါတဲ့ အဲဒီ All Nippon Airways လေယာဉ်ဟာ အိမ်ပြန်ချင်တဲ့ ဂျပန်လူမျိုးတွေကို ပြန်လည်ခေါ်ဆောင်မှာပါ။

အဲဒီလေယာဉ်ဟာ ဝူဟန်မြို့ကနေ ဇန်နဝါရီ ၂၉ ရက် အရုဏ်မတက်ခင် ပြန်လည်ထွက်ခွာပြီး အဲဒီနေ့မှာပဲ တိုကျိုလေဆိပ်ကို ပြန်လည်ဆိုက်ရောက်လာဖို့ မှန်းထားပါတယ်။

Credit to DVB TV News