နှစ် ကိုယ်တူ ချစ်ခဲ့ကြပြီးတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှသာ တစ်ဦးအကြောင်းတစ်ယောက်သိကြပြီး အဆင်မပြေကြတဲ့ အိမ်ထောင်ရေးတွေလည်း များစွာရှိပါတယ်နော်။ မြန်မာနိုင်ငံကတော့ တစ်လင်တစ်မယား စနစ်ကျင့်သုံးတာဖြစ်တဲ့အတွက် အဆင်ပြေပြေ မပြေပြေ ကိုယ်ရွေးချယ်ထားတဲ့ ဘဝလမ်းကို လျှောက်လှမ်းရမှာပဲဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံမှာ လင်ယောက်ျားကို မပေါင်းချင်တော့လို့ပြန်ရောင်းတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ကင်ညာနိုင်ငံက အမျိုးသမီးတစ်ဦးကတော့ လင်ယောက်ျားဖြစ်သူဟာ အခြား မိန်းမတစ်ဦးနဲ့ ဖောက်ပြန်နေတာကို မျက်မြင်တွေ့ခဲ့ပြီးနောက်ပိုင်းမှာ သူမဟာ ခင်ပွန်းဖြစ်သူကို စွန့်လွှတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး Ebay ဝက်ဆိုဒ်မှ တစ်ဆင့် ပြန်လည်ရောင်းချခဲ့ပါတယ်။

“အို.. စိတ်ဝင်စားကြတဲ့ အမျိုးသမီးအပေါင်းတို့..၊ ခရစ္စမတ်ရဲ့ နှစ်ရက်မြောက်နေ့မှာပဲ ကျွန်မတို့နှစ်ယောက် အတူတူနေဖို့ မဖြစ်နိုင်ဘူးဆိုတာ ကောင်းကောင်းကြီး သိလိုက်ရပါပြီ၊ ကျွန်မယောက်ျားကို စွန့်လွှတ်ပါတော့မယ်။ ဈေးနှုန်းကိုတော့ ညှိနှိုင်းနိုင်ပါတယ်ရှင့်။ ဒါပေမယ့် ဝယ်ပြီးပစ္စည်း ပြန်မလဲပေးပါ။ အကြောင်းစုံသိလိုပါက အီးမေးလ်နဲ့ ဆက်သွယ်နိုင်ပါတယ်” လို့ ရေးပြီး ရောင်းချခဲ့တာဖြစ်ပါတယ်။

ရောင်းဈေးကတော့ ကင်ညာပိုက်ဆံ ၂၀၀၀ ရှိလင်ဖြစ်ပြီးမယာငယ်က ၁၇ ရှီလင်ပဲ ပေးတာကြောင့် အဲ့ဒီဈေးနဲ့ပဲ ရောင်းချလိုက်တယ်လို့ သိရပါတယ်။ ဒီရတဲ့ ငွေတွေနဲ့ သားသမီးတွေကို အဝတ်အစားဝယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်စဉ်ဟာ ပထမအကြိမ်မဟုတ်ပဲ ယခင်ကလည်း ဂျာမနီနိုင်ငံ ဟမ်ဘာ့ခ်မှာ ဖြစ်ပွားခဲ့ဖူးပါတယ်။

Writer – SMT ( Shwe Yaung Lan )