ဂီတေ လာကမွာ အောင်မြင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ ယုန်လေးက နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးနေလျက်ရှိပါတယ်။ ယုန်လေးက အက်ရှက်ဇာတ်ကားတွေကို အများဆုံးရိုက်ကူးပြီး သူရိုက်ကူးထားသမျှ ရုပ်ရှင်ဇာတ်ကားတိုင်းက ပရိသတ်အကြိုက်တွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ ယုန်လေးက လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း အေးအေးဆေးဆေး ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ဒါရိုက်တာလုပ်နေစဉ်ကာလမှာ ရုပ်ရှင်လောကမှာ နေရာမရရှိတော့တဲ့ လူကြမ်း၊ ဇာတ်ပို့များကိုလည်း သူတတ်နိုင်သလောက် ထောက်ပံ့ပြီး သူ့ရဲ့ ရုပ်ရှင်တွေမှာ ထည့်သွင်းပေးခဲ့တာ ပရိသတ်ကြီး အသိပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ယုန်လေးက ကလေးသရုပ်ဆောင်အဖြစ်နာမည်ကြီးတဲ့ ဟဲဗီးဖြိုးကို သူ့ရဲ့ ရုပ်ရှင်မှာ ထည့်ပြီး ရိုက်ကူးချင်တဲ့အကြောင်း အခုလိုပဲ ပြောလာပါတယ်။

“ညီလေး ဟဲဗီဖြိုး နဲ့ ဘယ်သူများ အဆက်သွယ်ရှိပါလဲ ခင်များ။ ရူတင် မန်နေဂျာတွေ မေးကြည့်တာ တစ်ယောက်မှ Ph မသိဘူးပြောကြလို့ပါ။ ကလေး သရုပ်ဆောင်ဆိုရင် လူကြီး ဖြစ်သွားရင် ဘယ်သူ့မှ ရိုက်လေ့ရိုက်ထ မရှိကျတော့ဘူး အဲ့ဒါကြီးကို စိတ်မကောင်းဖြစ်မိတယ်။”

ဒီညီလေး သရုပ်ဆောင် တာ ကျွန်တော်ထက်အများကြီးကောင်းပါတယ်။ ကျွန်တော်ကတော့ကြိုးစားဆဲပေါ့ အဲ့အတွက် သူနဲ့လိုက်မယ့်နေရာကို စေတနာနဲ့ တည်ပြီး စဉ်းစားပေးထားလို့ပါ။ Dragon Empire ရုပ်ရှင် အတွက်လိုအပ်နေပါတယ်။ အဆက်သွယ် ရှိတဲ့ ညီအစ်ကို မောင်နှစ်မများ ကူညီပေးကြပါ ဆိုပြီး ပြောထားပါတယ်။

ဟဲဗီးဖြိုးက ကလေးသရုပ်ဆောင်အဖြစ် လုပ်ဆောင်စဉ်က တော်တော်လေး အောင်မြင်ခဲ့ပြီး လူပျိုဖြစ်လာတဲ့အချိန်မှာတော့ ရုပ်ရှင်တွေမရိုက်ရတော့ပဲ အနုပညာလောကကနေ ပျောက်ကွယ်လုနီးနီးဖြစ်နေတာပဲ ဖြစ်ပါတယ်။

မိုမိုလေး