ဖိလ စ်ပိုင် သရုပ်ဆောင်၊ မော်ဒယ်၊ ဟာသသရုပ်ဆောင် Sinon Loresca က မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အချစ်တွေများစွာကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ Sinon Loresca က အလှူအတန်း ရက်ရောပြီ
ပရဟိတစိတ် ပြင်းထန်သူတစ်ယောက် ဖြစ်တာကြောင့် ကောင်းသတင်းနဲ့ ကျော်ကြားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ Sinon Loresca က လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အနုပညာလုပ်ငန်းတွေလုပ်ကိုင်နေလျက် ရှိပါတယ်။
Sinon Loresca က လတ်တလောဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်နဲ့ ပက်သတ်ပြီး စိုးရိမ်မကင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့် Sinon Loresca အနေနဲ့ ဝူဟန်ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့ အခုလို စီစဉ်ထားကြောင်း ပြောပြလာပါတယ်။
ကျွန်တော် ဒီနေ့ ရန်ကုန်မြို့က နေရာအချို့မှာ Mask တွေကို ဝေငှသွားပါမယ်။ ဘာအတွက်လည်းဆိုတော့ ကျွန်တော်တို့ လူသားတွေရဲ့ ကျန်းမာရေးနဲ့ ကမ္ဘာကြီးကို ဂရုစိုက်ကာကွယ်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။” လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားပါတယ်။
ဝူဟန်ဗိုင်းရပ်စ်က အခုဆိုရင် နိုင်ငံပေါင်း (၁၈) နိုင်ငံအထိ ပျံ့နှံ့နေပြီဖြစ်ပြီး မြန်မာနိုင်ငံကို မရောက်ရှိလာသေးဘူးဆိုပေမယ့် မိမိတို့ကိုယ်မိမိ ကြိုတင်ကာကွယ်ထားဖို့ကတော့ အရေးကြီးပါတယ်။
Sinon Loresca ကတော့ သူချစ်တဲ့ မြန်မာလူမျိုးတွေ ရောဂါဆိုးကြီးကနေ ကင်းဝေးစေဖို့ အခုလို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
ခရက်ဒစ် Rowena
Source: Sinon Loresca’s fb