တ ရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကြောင့် သေဆုံးသူ ဦးရေဟာ ဇန်နဝါရီ ၂၈ ရက်မှာ ၁၀၆ ဦးအထိ တိုးသွားပြီလို့ တရုတ်မြို့တော် ပေကျင်းက ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်ကူးစက်မှုက အမြန်ပျံ့နေလို့ ဟန့်တားဖို့ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ တရုတ်အစိုးရက ပြောပါတယ် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ဦးရေဟာ တညတည်းမှာ အယောက် ၈၀ ကျော်ကနေ ၁၀၀ ကျော်အထိ ချက်ချင်းခုန်တက်လာခဲ့တယ်လို့ ကျန်းမာရေးကော်မရှင် အရာရှိတွေက ပြောပါတယ်။ တခြားနေရာတွေမှာ ၄ ယောက် သေဆုံးခဲ့တာပါ။

လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံ လူဦးရေဟာ ခုတော့ ၄၀၀၀ ယောက် ရှိပြီလို့ အတည်ပြုထားပါတယ်။ကူးစက်မှု စတင်ရာ ဝူဟန်မြို့နဲ့ တခြား တရုတ်မြို့တွေ အတော်များများတို့ ကူးလူးသွားလာမှုကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားပါတယ်။

အရင်က မတွေ့ဖူးတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်နဲ့ ပတ်သက်တဲ့ အချက်အလက် တော်တော်များများကို မသိရသေးပါဘူး။ဒီဗိုင်းရပ်စ်ဟာ အဆုတ်ရောင်ရောဂါကို ဖြစ်စေပြီး လူနာတချို့ သေဆုံးနိုင်တဲ့အထိ ပြင်းထန်ပါတယ် ဒါပေမယ့် မနေ့ကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ဖြစ်ပွားတဲ့ ပထမဆုံး ကုသပေးခဲ့တဲ့ လူနာဟာ ရှန်ဟိုင်းဆေးရုံကနေ ဆင်းသွားနိုင်ပြီဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ကြေညာကြောင်း ရှင်ဟွာသတင်းဌာနက ဖော်ပြပါတယ် ရောဂါစတင်ဖြစ်ပွားပျံ့နှံ့ချိန်ကစပြီး ဆေးရုံကနေ ကုသပြုစုလို့ ဆင်းသွားနိုင်တဲ့ ပထမဆုံးလူနာပဲ ဖြစ်တယ်လို့ ရှန်ဟိုင်းမြူနီစီပယ်ကျန်းမာရေးကော်မရှင်က အတည်ပြုပါတယ်။

ကိုရိုနာရောဂါပိုး ဆဲလ်တွေအထိ ပြန့်နှံ့တာကို HIV စမ်းသပ်တဲ့ ဆေးဝါးတစ်မျိုးက အောင်မြင်စွာ ရပ်တန့်ပစ်နိုင်စွမ်းရှိတာကို စမ်းသပ်ကုသနိုင်ခဲ့တယ်လို့ ဆရာဝန်တွေကို ကိုးကားပြီး ရှင်ဟွာသတင်းက ဖော်ပြပါတယ် ကိုရိုနာဗိုင်းရပ်စ်ဟာ အလွယ်တကူ ကူးစက်ပြန့်နှံ့တာကြောင့် ဖြစ်ပွားသူ မြင့်တက်လာနိုင်ကြောင်း တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ဒီ ရောဂါပိုးကြောင့် ကူးစက်သူ ၂၀၀၀ ကျော်မက ရှိပြီး တရုတ်မှာ သေဆုံးသူ ၈၀ ရှိနေပြီ ဖြစ်ပါတယ် အာဏာပိုင်တွေအနေနဲ့ ဒီ ရောဂါသစ်အကြောင်း သိပ်မသိနိုင်သေးသလို ဒီ ဗိုင်းရပ်စ်ပိုးဟာ သန္ဓေပြောင်းပြီး ပိုပြီး အန္တရာယ်ကြီလာနိုင်သလားဆိုတာကိုလည်း ကျိန်းသေ မသိပါဟာ အမျိုးသားကျန်းမာရေးကော်မရှင် ဝန်ကြီး မာရှောက်ဝေက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ် ကိုရိုနာ ရောဂါပိုး စတင်ပျိုးချိန်ဟာ တစ်ရက်ကနေ ၁၄ ရက်အတွင်းမှာ ရှိပြီး ရောဂါပျိုးချိန်အတွင်းမှာပင် အခြားသူကို ကူးစက်နိုင်တာကြောင့် ယင်းပိုးနဲ့ မျိုးဗီဇ ဆင်တူတဲ့ ပြင်းထန်အဆုတ်ရောင် SARS ရောဂါကမူ ထိုသို့ ရောဂါပျိုးချိန်မှာ မကူးစက်နိုင်ဘူးလို့ မာရှောက်ဝေက ပြောခဲ့ပါတယ်။