တ ရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်သို့ ဇန်နဝါရီ ၂၇ရက်နေ့က ခိုးလမ်းဖြင့်ပြန်လာသော အမျိုးသားတစ်ဦး ဝိုင်းမော်မြို့နယ်၊ ချီဖွေလမ်းရှိ နွမ်မော်ယာန်ကျေးရွာတွင် ချောင်းဆိုးကာ ယနေ့တွင် သေဆုံးသွားသဖြင့် ဒေသခံများက ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြောင့်ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

အဆိုပါသေဆုံးသူသည် ဇန်နဝါရီလ၂၇ရက်နေ့တွင် တရုတ်ပြည် နယ်စပ်ပန်ဝါဘက်မှ ခိုးလမ်းဖြင့် ဝိုင်းမော် နွမ်မော်ယာန်ကျေးရွာသို့ ပြန်လာခဲ့​ခြင်းဖြစ်ကြောင်း ဝိုင်း​မော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မှ ဦးအားဆီကပြောသည်။

“တရုတ်ပြည်ကနေ မနေ့ညကပဲပြန်လာပြီးတော့ ချောင်းပဲဆိုးပြီးတော့ ဒီနေ့ဆုံးသွားတာ ဝူဟန်ဘက်က ရောဂါလို့ထင်နေကြတယ်”ဟု ဦးအားဆီကပြောသည်။

ကချင်ပြည်နယ် တရုတ်နယ်စပ်ဂိတ်များတွင် စစ်ဆေးမှုများပြုလုပ်နေပြီ ကန်ပိုက်တီ နယ်စပ်ဂိတ်တွင် ယနေ့ ဇန်နဝါရီ ၂၈ ရက်က ဝင်လာသည့် တရုတ်နိုင်ငံသား ၃ ဦးဟာ ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် ကျော်ခြင်းကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ခွင့် မပေးခဲ့ကြောင်း သိရသည်။

Myitkyina News