မႏၲေ လးတိုင်းဒေသကြီး တွင် အဆုတ်ရောင်ရောဂါ (နို ဗယ်ကိုရိုနာဗိုင်းရပ်စ်) စောင့် ကြည့်ထိန်းချုပ်မှု ပြုလုပ်နိုင်ရန် တိုင်းဒေသကြီး ဝန်ကြီးနှစ်ဦး ဦး ဆောင်၍ ရောဂါစောင့်ကြည့်စစ် ဆေးကုသရေးကြီးကြပ်မှုကော်မ တီကို ဖွဲ့စည်းဆောင်ရွက်နေ ကြောင်း ယာယီတိုင်းဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။ အဆိုပါအဖွဲ့တွင် မြို့တော် ဝန် ဒေါက်တာရဲလွင်က ဥက္ကဋ္ဌအ ဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး တိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း အပါအဝင် သက်ဆိုင်ရာဌာန တာဝန်ရှိသူများ နှင့် ဇန်နဝါရီ ၂၇ ရက်တွင် ဖွဲ့ စည်းခဲ့သည်။

‘‘သံသယရှိလူနာတွေ့ရင် Surveillance and Respond Team (SRT) အဖွဲ့နဲ့ ဆက်သွယ် ပြီး စနစ်တကျကုသတာ၊ ရောဂါ မပျံ့နှံ့အောင် ဆောင်ရွက်တာ တွေလုပ်မယ်’’ဟု ဦးဇာနည် အောင်က ပြောသည်။ အဆိုပါအဖွဲ့အနေဖြင့် ကိုရို နာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ပြည် သူလူထု စိုးရိမ်ပူပန်မှုမရှိစေရန်နှင့် စနစ်တကျကာကွယ်တတ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်း ကဆိုသည်။ ‘‘လေကြောင်း ဝင်ပေါက် တွေ၊ ကုန်းလမ်းဝင်ပေါက်တွေမှာ စနစ်တကျစစ်ဆေးမယ်။ အဲဒီအ တွက် အဖွဲ့ဖွဲ့ပေးထားတယ်။ မြို့ တွင်းမှာလည်း စနစ်တကျ ရောဂါ ကာကွယ်နိုင်အောင် အခုဖွဲ့ထား တဲ့အဖွဲ့က ဦးဆောင်လုပ်ပါမယ်’’ ဟု ဦးဇာနည်အောင်က ပြော သည်။

တရုတ်နိုင်ငံနှင့် ဆက်သွယ် ရာလမ်းကြောင်းတွင် အဓိကဖြစ် သည့် မန္တလေးမြို့သို့ နေ့စဉ် တရုတ်ခရီးသွား ထောင်နှင့်ချီ၍ ဝင်ရောက်မှုရှိနေသည်။ လက်ရှိတွင် တရုတ်နိုင်ငံ ဝူ ဟန်မြို့၌ ဒီဇင်ဘာနောက်ဆုံး ပတ်က စတင်ဖြစ်ပွားသည့် ကိုရို နာဗိုင်းရပ်စ်ကြောင့် မန္တလေးမြို့ သို့ တိုက်ရိုက် ပျံသန်းသည့် တရုတ်လေကြောင်းလိုင်းအချို့ ယာယီရပ်ဆိုင်းထားသည်။ တရုတ်နိုင်ငံတွင် ဇန်နဝါရီ ၂၈ ရက်အထိ ယင်းရောဂါပိုးကူး စက်ခံရသူ ၄,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၀၆ ဦးအထိရှိ ကြောင်း ပြည်ပမီဒီယာများ၌ ဖော်ပြသည်။

Credit – 7Days