တို င်းပြည်ကလည်း မကြင်နာတတ်တဲ့ တိုင်း ပြည်များ ဖြစ်နေလားမသိဘူး။ ကိုယ့်သမီးလေး အင်္ဂလိပ်စာတတ်ပြီး စကားပြန်အလုပ်လေး လုပ်နေတာ ဂုဏ်ယူလို့ မဆုံးသေးဘူး စက်မှုလျှော်ပင် Hemp စိုက်တဲ့ လုပ်ငန်းမှာ ပါလို့ ဆိုပြီး အချုပ်ထဲ ထည့်လိုက်တာ မအေ၊ မိဘ ဘယ်လောက်တောင် အလူးအလဲ ဖြစ်နေမလဲ။ ပြည်ထဲရေးကလည်း မူးယစ်ထဲကနေ Hemp ကိုထုတ်ဖို့ သဘောတူတယ်ပြောတယ်၊ ကျန်းမာရေးဆီရောက်သွားတော့လည်း တောင်သူအကျိုးပြုအတွက်ကောင်းတာပဲဆိုပြီး ယူသွားတယ်။

Hemp ကိုတရားဝင်စိုက်ခွင့် ရအောင် ဦးဆောင်နေတာက ပြည့်သူ့လွှတ်တော် လွှတ်တော်က ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဌ ကိုယ်တိုင်က လုပ်နေတာ။ သူက B.Ag. သူ့ကိုမေးကြည့်ပါ။ ဆေးခြောက်မဟုတ်ကြောင်း တာဝန်ယူ ပြောပြပါလိမ့်မယ်။ သူ့ကို Hemp အကြောင်းမေးမယ်ဆိုရင် Right Question, Right Man ပါ။ စက်မှုလျှော်ပင်နဲ့ ဆေးခြောက်ပင် အပင်လုံးမကွဲပဲ စိုက်ပျိုးစီးပွားအရေးမကြည့်ပဲ အရူးကွက်နင်းချင်တဲ့ B.Ag လည်းရှိတယ်။ ဒါကတော့ သူတို့ သမိုင်းပဲ။

Hemp အသံလေး သဲ့သဲ့ကြားတော့ ကမ္ဘာ့ Hemp လိုအပ်ချက်ကို ၅၀ ရာခိုင်နှုန်းလောက် ဖြည့်ပေးနေတဲ့ တရုတ်နိုင်ငံက ကုမ္ပဏီကြီးက Hemp အသင်းကို ရန်ကုန် မေခလမ်းထဲက ခမ်းနားလှတဲ့ ကုမ္ပဏီပိုင် အဆောက်အဦးကြီးထဲမှာ ခေါ် မိတ်ဆက်တယ်။ သိပ်မကြာဘူး တရုတ်မှာလုပ်တဲ့ Hemp ဖိုရိမ်ကို ဖိတ်တယ်။ အသင်းက Presentation လုပ်တယ်။ ဖိုရမ်ကိုတက်လာ တဲ့မြန်မာ ပရိတ်သတ်ထဲမှာ မြန်မာပြည်က သူဌေး အသိုင်းအဝိုင်း၊ သံတမာန် ဟောင်းတွေပါတယ်။

အဲ့ဖိုရမ်မတိုင်ခင်မှာ ဥရောပကနေ မြန်မာပြည်မှာ Hemp လာစိုက်ချင်တဲ့ ကုမ္ပဏီတွေ ဒီလိုပဲ မြန်မာ Hemp အသင်း ဥက္ကဌ နဲ့ လာတွေ့တယ်။ စိုက်လို့ ရမရ အခြေအနေ ဘယ့်နှယ့်လဲ မေးတယ်။ စားကုန် ထုတ်တဲ့ အဟာရတန်ဖိုးအများကြီးပါလို့ Hemp အစေ့နဲ့ ထုတ်ထားတဲ့ စားကုန်လေးတွေ ပြတယ်။ နောက် ရန်ကုန်မှာ ဖိုရမ် လာလုပ်သွားတယ်။ စိုက်ခွင့်သာရမယ်ဆိုရင် လာဆက် သွယ်တာ အကြီးကြီးတွေနော်။ ဘာမှတောင် မဘာရသေးဘူး သတင်းလေး သဲ့သဲ့ ကြားတာနဲ့ရတဲ့ Source ကို အပိုင်လာချည်ကြတာ။ Hemp နဲ့ ဆေး ခြောက်နဲ့ မတူကွဲပြားခြင်းရဲ့ Source ပေါင်းများစွာ ရန်ကုန်ထိ ဒုတ်ဒုတ်ထိ ရောက်လာတာ သက်သေ မမည်ဘူးလား။

အဲလိုကြောင့်များ တရားရေးက အာမခံတောင် မပေးတာလား။ ဒီမူးယစ်ဥပဒေကို မပြင်မချင်း ကျန်တာပတ်တောပိတ်။ အရင်အတိုင်း ဆက်လုပ်နေမှာပဲလား။ နည်းနည်းပါးပါး ကိုယ့်ဘာသာ ရပ်မဟုတ်လည်း နည်းနည်းတော့ လေ့လာရင် ရပါတယ်။ ဒီ Hemp နဲ့ပတ်သက်ပြီး မူးယစ်ဥပဒေထဲက ထုတ်ဖို့လုပ်နေတဲ့ သတင်းတွေလည်းမနည်းဘူး။ ဒီအခြေအနေလောက်တော့ သိရပါမယ်။ ထည့်သွင်းစဉ်းစားရပါမယ်။

ခုဟာက တရားသူကြီးရဲ့ ပခုံးနှစ်ဖက်ကြားပါတဲ့ ခေါင်းရဲ့ ဆင်ခြင်တုန်တရားကို အသုံးပြု ခွင့်ပေးထားရက်နဲ့ ဒီခေါင်းကို အသုံးမပြုဘူးဆိုတော့ မကောင်းတော့ပါဘူး။ ပညာတတ် အရွယ်ကောင်း အမျိုးသမီး တစ်ယောက် လက်ထိပ်တန်းလန်း နဲ့ မျက်ရည်သုတ်နေရတာ ဒီတိုင်းပြည်အတွက် အခုလည်း မကောင်းဘူး၊ နောင်လည်း ဒီအတိုင်းဆို ကောင်းမယ့် နိမိတ်ပုံတွေ မဟုတ်ဘူး။ ကြည့်ကောင်းတယ် ထင်ရင်လည်း ကိုယ့်အိမ်က ဧည့်ခန်းမှာ ပြက္ခဒိန် ထုတ်ပြီး ချိတ်သာ ထားကြပါ။

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ မြို့သာစက်မှုဇုန်အတွင်း ချဉ်ပေါင်နွယ်ဝင် Hemp စိုက်ပျိုးမှုနှင့်ပတ်သက်၍ စိုက်ခင်းဝန်ထမ်းများဖြစ်သည့် ဦးရှိုင်းလတ်နှင့် မရွှန်းလဲ့မြတ်နိုး တို့အပါအဝင် စိုက်ခင်းပိုင်ရှင် အမေရိကန်နိုင်ငံသား Mr. Alexander Skemp Todoroki နှင့် Mr. John Fresric Todoroki တို့အား မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၆(က)/၁၉(က)/၂၀(က)/၂၁ တို့ဖြင့် ကနဦး အမှုဖွင့်ခဲ့ပြီး တရားရုံးက ၁၆(က)(ခ)/၁၉(က)/၂၀(က)(ခ) တို့ဖြင့် အမှုကို လက်ခံစစ်ဆေးခဲ့သည်။

ယခုအခါ အမှုတွင် နိုင်ငံခြားသားများဖြစ်သည့် အမေရိကန်နိုင်ငံသား Mr. Alexander Skemp Todoroki နှင့် Mr. John Fresric Todoroki တို့မှာ ထွက်ပြေးသွားပြီး မြန်မာနိုင်ငံသားများဖြစ်သည့် ဦးရှိုင်းလတ်နှင့် မရွှန်းလဲ့မြတ်နိုး တို့မှာ အချုပ်ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

တရားခံအမှတ် (၂) အဖြစ် ပါဝင်တဲ့ မရွှန်းလဲ့မြတ်နိုးအတွက် အချုပ်လွတ်ထုချေခွင့် တောင်းထားတာကို တရားသူကြီးကပယ်ချပါတယ်။