“တ ရုတ်သမ္မတ ရှီကျင့်ပင်က ၀ူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်မှု နတ်ဆိုးကို တားဆီးနိုင်လိမ့်မည်ဖြစ်ပြီး ယင်းနတ်ဆိုးကို ပုန်းခိုရန် ခွင့်ပြုလိမ့်မည်မဟုတ်” ဟု ပြောဆိုကြောင်း တရုတ်အစိုးရပိုင် CCTV သတင်းဌာနက သတင်းဖော်ပြသည်။

တရု တ်သမ္မတရှီကျင့်ပင်သည် WHO အကြီးအကဲ Tedros Adhanom Ghebreyesus နှင့် ဘေဂျင်တွင် ယနေ့ တွေ့ဆုံခဲ့ပြီး ယင်းသို့ တွေ့ဆုံစဉ် တရုတ်အစိုးရအနေဖြင့် ရောဂါပိုးကူးစက်ပျံ့နှံ့မှု ဆိုင်ရာ သတင်းများကို ပွင့်လင်းမြင်သာမှု ရှိရှိ၊ တာဝန်သိသိ ဖြင့် ထုတ်ပြန်နေကြောင်း ပြောဆိုသည်။

“တရုတ်ပြည်သူတွေအနေနဲ့ ကော်ရိုနာဗိုင်းရပ်စ် နမိုးနီးယား ကူးစက်မှုကို တိုက်ဖျက်ဖို့ ပြင်းထန်သော တိုက်ပွဲ ဆင်နွှဲနေရပါတယ်။ တရုတ်ပြည်သူတွေရဲ့ အသက်နဲ့ ကျန်းမာရေးက တရုတ်အစိုးရရဲ့ အမြဲတမ်း ပထမဦးစားပေးပါ။ ရောဂါပိုးကူးစက်ပျံ့ပွားမှုကို ကာကွယ်တားဆီးဖို့နဲ့ ထိန်းချုပ်နိုင်ဖို့ အခုအချိန်မှာ အရေးကြီးဆုံး အလုပ်ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်ကိုယ်တိုင် စီစဉ်ညွှန်ကြားပြီး ဆောင်ရွက်နေပါတယ်” ဟု တရုတ်သမ္မတရှီကျင့်ပင်က CCTV က ထုတ်လွှင့်မှုတွင် မှတ်ချက်ပြု ပြောဆိုသည်။

“ကျနော်ယုံကြည်တာက ကျနော်တို့ အတူ ယုံကြည်မှုတွေကို စုစည်းတိုးပွားပြီး အတူတကွရပ်တည်ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားမှုကို သိပ္ပံနည်းကျ ကာကွယ်တားဆီးမှုနဲ့ ထိန်းချုပ်မှုတွေကို စနစ်တကျအစီအမံတွေနဲ့ လုပ်ဆောင်ရင် ဒီကူးစက်ပျံ့နှံ့မှုကို သေချာပေါက် ထိန်းချုပ်နိုင်မှာပါ” ဟု သမ္မတရှီကျင့်ပင်က ဆက်လက်ပြောဆိုသည်။

အသက်ရှုလမ်းကြောင်းဆိုင်ရာပညာရှင် Zhong Nanshan ကလည်း ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံမှုသည် နောက်ထပ် တစ်ပတ်(သို့မဟုတ်) ၁၀ ရက်ခန့် ဆက်လက်၍ အမြင့်ဆုံးရှိနိုင်သော်လည်း သေဆုံးမှုနှုန်းလျှော့ကျနိုင်ကြောင်း ခန့်မှန်းပြောဆိုထားသည်။

“အခုလက်ရှိမှာ ဆေးဝါး မရှိသေးပေမယ့်လည်း သိပ္ပံပညာရှင်တွေနဲ့ ဆေးဝါးကျွမ်းကျင်သူတွေ ပူးပေါင်းပြီး ကုသတဲ့ နည်းလမ်းများစွာလေ့လာစူးစမ်းနေကြပြီဖြစ်ပါတယ်။ အဲဒါကြောင့် ကြီးမားတဲ့တိုးတက်ပြောင်းလဲမှုတွေ လုပ်ဆောင်နေပြီး သေဆုံးမှုနှုန်းတွေ လျှော့ကျလာဖို့ မျှော်လင့်ပါတယ်” ဟု Zhong Nanshan က ပြောဆိုသည်။

တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင် NHC ၏ အဆိုအရ ကော်ရိုနာဗိုင်းရပ်စ်နမိုးနီးယားသည် လေမှ ပျံ့နှံ့ခြင်း အပြင် ထိတွေ့မှုမှလည်း ကူးစက်နိုင်ကြောင်း သိရှိရသည်။ လတ်တလော ကော်ရိုနာဗိုင်းရပ်စ်ပိုးကြောင့် လူ ၁၀၆ ဦးသေဆုံးပြီး ၄၆၀၀ ကျော် ကူးစက်ခံထားရကြောင်း သိရသည်။

Ref – KTM