အမေ ရိကန်နိုင်ငံရဲ့ ကျန်းမာရေးဌာန အကြီးအကဲတွေက တရုတ်နိုင်ငံနဲ့ တွဲဖက်ပြီး အများပြည်သူကျန်းမာရေး ကိစ္စတွေ အတွက် ချိတ်ဆက်ဆောင်ရွက်သွားမယ့် အချက်အလက်တွေကို အသေးစိတ် ဖွင့်ချပြခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားနေပြီး လူ ၁၀၀ ကျော်သေဆုံးကာ ထောင်ပေါင်းများစွာသောလူတွေ ဗိုင်းရပ်စ်ကူးစက် ခံနေရပါတယ်။

အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ အမေရိကန်ကျန်းမာရေးအကြီးအကဲတွေ တက်ရောက်ခဲ့ပြီး ဗိုင်းရပ်စ်ပျံ့ပွားမှုဟာ အမေရိကန်ပြည်သူတွေရဲ့ ကျန်းမာရေးကို အလွန်ဆိုးဝါးစေနိုင်တဲ့ အခြေအနေရှိနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုဟာ သိပ်မပြင်းထန်သေးဘဲ ယနေ့အချိန်ထိ ကူးစက်မှု ၅ ခုသာ ရှိနေသေးပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇဆိုင်ရာ တည်ဆောက်ပုံကို အလျင်အမြန် လေ့လာနေပြီး တပတ်အတွင်း စမ်းသပ်မှုတွေ ပြုလုပ်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

အမေရိကန်ကျန်းမာရေးအကြီးအကဲတဦးက ဗိုင်းရပ်စ်ပျံ့ပွားမှုကို ထိန်းချုပ်ရာမှာ ကူညီဖို့အတွက် ပညာရှင်အဖွဲ့တဖွဲ့ကို တရုတ်နိုင်ငံသို့ စေလွှတ်ဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့်လည်း တရုတ်က ပြတ်ပြတ်သားသားငြင်းဆိုလိုက်တယ်လို့ ပြောပါတယ်။ ဒီကမ်းလှမ်းမှုဟာ ဇန်နဝါရီလ ၆ ရက်ထဲက ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ အမေရိကန်ကျန်းမာရေး တာဝန်ရှိသူတွေကတော့ တရုတ်နိုင်ငံအနေနဲ့ ရောဂါပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး ယခုထက်ပိုပြီး ပွင့်လင်းမြင်သာမှု ပြုလုပ်ရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ၂၀၀၂ – ၂၀၀၃ ကာလများတွင် ဖြစ်ပေါ်ခဲ့သည့် ဆားစ်ရောဂါပျံ့ပွားမှုဖြစ်စဉ်မှာလည်း သတင်းမှောင်ချမှု ဖြစ်ရပ်များ ရှိခဲ့ပြီး ရောဂါပျံ့ပွားပြီး ၅ လအကြာမှသာ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။

ယခုကိုရိုနာဗိုင်းရပ်စ်ဖြစ်ရပ်တွင်တော့ တရုတ်အစိုးရက အတိတ်က အမှားများကို သင်ခန်းစာယူမည်ဟု ပြောကြားထားပြီး အောက်ခြေအဆင့်ဝန်ထမ်းများကိုလည်း ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖုံးကွယ်မထားကြရန် သတိပေးထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရဲ့ တိရစ္ဆာန်အသားရောင်းချသည့် ဈေးမှ စတင်ဖြစ်ပွားခြဲ့ပီး လက်ရှိအချိန်တွက် လူမှ လူချင်း ကူးစက်နေပြီဟု သိရှိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကလည်း တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များကို ဖြစ်နိုင်သမျှ အမြန်ဆုံး ဝင်ခွင့်ပေးသင့်ကြောင်း ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံနဲ့ တကမ္ဘာလုံးမှာ ဗိုင်းရပ်စ် ကူးစက်မှု ရပ်တန့်ဖို့က WHO ရဲ့ အဓိက ဦးစားပေး ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ပွင့်လင်းမြင်သာမှု လိုအပ်ကြောင်း၊ ဒေတာအချက်အလက်တွေနဲ့ မျိုးရိုးဗီဇ တည်ဆောက်ပုံတွေကို တခြားနိုင်ငံများသို့ မျှဝေပေးသင့်ကြောင်း စတဲ့ အကြောင်းအရာများလည်း WHO ရဲ့ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးစင်တာကတော့ တရုတ်နိုင်ငံသို့ ခရီးသွားလာမှုသတိပေးချက်ကို အမြင့်ဆုံး အဆင့် (၃) သို့ တိုးမြှင့်လိုက်ပါတယ်။ အမေရိကန် FDA ကလည်း ကိုရိုနာ ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး ဝက်ဘ်ဆိုက် အသစ်တခုကိုလည်း ထုတ်လွှင့်လိုက်ပါတယ်။

ယနေ့ သေဆုံးသူ ၁၃၂ ဦး ကူစက်ခံရသူ ၆၀၀၀ ကျော်သွားပြီးနောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် နိုင်ငံတကာပညာရှင်တွေကို တရုတ်အာဏာပိုင်တွေက လာရောက်ခွင့်ပြုတော့မယ်လို့ ပြောပါတယ်။

Ref – Foxnews