သွေး ကင်ဆာပျောက် နာနတ်ရေသောက်” …..ပဲခူးတိုင်း၊ သာယာဝတီမှ ဦးအောင်သိန်းဟာ သွေးကင်ဆာရောဂါဖြစ်နေပြီဆိုတာကို ဆရာဝန်ဆီကနေ ကြားရပြီးကတည်းက မိမိကိုယ်ကို သေလူဖြစ်ပြီဆိုပြီး စိတ်ဓါတ်ကျသွားပါတယ်။

အကြောင်းကတော့ သွေးကင်ဆာပျောက်အောင်ကုသရန် ငွေကြေးအခက်အခဲကြောင့်ပါပဲ။

စိတ်ဓါတ်ကျသွားသည့်အတွက် လူကလည်းတစ်နေ့တစ်ခြား ပိန်ချုံးလာပါတော့တယ်။

မိတ်ဆွေများက စိတ်ဓါတ်မကျဖို့ ဝိုင်းဝန်းဖြောင်းဖျပေးကြပါတယ်။

တစ်နေ့မှာ မြို့ကိုကြွလာတဲ့ အာဂန္တုဆရာတော်တစ်ပါးမှ တိုင်းရင်းဆေးနည်းဖြင့် ကုသဖို့ဆေးနည်းပေးခဲ့ပါတယ်။

ဦးအောင်သိန်း လည်း ၎င်းဆေးနည်းကို ယုံကြည်စွာသောက်သုံးခဲ့သည့်အတွက် သွေးကင်ဆာရောဂါဟာ မယုံကြည်နိုင်အောင်ပျောက်ကင်းသွားပါတယ်။

တစ်ခုပြီးတစ်ခု ဖြစ်နေတဲ့ ဝမ်းချုပ်၊ ဝမ်းအောင့်၊ လေနာ၊ ဝမ်းဖော စသည့်ရောဂါများလည်း ပျောက်ကင်းသွားပြီး ပြန်လည်ကျန်းမာဝဖြိုးလာပါတော့တယ်။

ဒါ့ကြောင့် ဒီဆေးနည်းကို အများသိအောင် မျှဝေပေးလို၍ မိတ်ဆွေများကိုလည်း မကြာခဏ ညွန်ကြားပေေးနပါတယ်။ အနာနဲ့ဆေး တည့်သွား၍ ပျောက်ကင်းသွားသောဝေဒနာရှင်အမြောက်အများ ရှိနေပါပြီ။

ဆေးနည်း

(၁) နာနတ်သီးအမှည့် ၅ လုံးခန့်ကို အခွံခွါပြီးလျှင် အရည်ကိုညှစ်ယူပါ။

(၂) ၎င်းနာနတ်သီးအရည်ကို သန့်ရှင်းသော အဝကျယ်ဖန်ပုလင်းများတွင် ထည့်၍ အဖုံးဖွင့်ထားကာ (၄)ရက်ခန့် နေလှန်းပါ။(နေဖြင့်ချက်သည့် ချက်ဆေးသဘောဖြစ်ပါတယ်)

(၃) ၎င်းနာနတ်ရည်ကို တစ်နေ့ ၃ ကြိမ် လက်ဖက်ရည်ပန်းကန်တစ်လုံးစာခန့်စီ သောက်ပါ။

(၄) ဝမ်းယောင်၊ ဝမ်းနာ၊ ပိုက်ပွ၊ ဝမ်းချုပ်၊ လေအောင့် ရှိသူများ ဆားမီးဖုတ် မန်ကျည်းစေ့ခန့်နှင့်အတူ သောက်ပါ။

(၅) တစ်ပတ်ပြည့်လျှင် တစ်နေ့ကို ၂ ကြိမ်သာ သောက်ပါ။ တစ်လခန့် ဆေးကို ဆက်သောက်ပေးပါက ရောဂါအမြှစ်ပြတ် ပျောက်ကင်းနိုင်ပါသည်။

သတိပြုရန်

လူနာသည် တိရစ္ဆာန်ဝမ်းတွင်းသားများကိုလည်း ရှောင်ရပါမည်။ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသည့် မည်သည့်ဥကိုမှ မစားပါနှင့်။

သင့်ပတ်ဝန်းကျင်မှာလည်း ဝေဒနာရှင်များရှိလျှင် သူတို့အတွက် ဒီဆေးနည်းလေးကို မျှဝေပေးနိုင်ကြပါတယ်။

ရောဂါဝေဒနာများပျောက်ကင်း၍ လူ့သက်တမ်းပြည့်နေထိုင်နိုင်ကြပါစေ……။ကျန်းမာရေးသတင်းများ##ဟာကြူလီတိုင်းရင်းဆေး