ဇန်န ဝါရီ ၂၈
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်သို့ ဇန်နဝါရီ ၂၇ရက်နေ့က ခိုးလမ်းဖြင့်ပြန်လာသော အမျိုးသားတစ်ဦး ဝိုင်းမော်မြို့နယ်၊ ချီဖွေလမ်းရှိ နွမ်မော်ယာန်ကျေးရွာတွင် ချောင်းဆိုးကာ ယနေ့တွင် သေဆုံးသွားသဖြင့် ဒေသခံများက ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြောင့်ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

အဆိုပါသေဆုံးသူသည် ဇန်နဝါရီလ၂၇ရက်နေ့တွင် ပန်ဝါဘက်မှ ခိုးလမ်းဖြင့် ဝိုင်းမော် နွမ်မော်ယာန်ကျေးရွာသို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မှ ဦးအားဆီကပြောသည်။

“တရုတ်ပြည်ကနေ မနေ့ညကပဲပြန်လာပြီးတော့ ချောင်းပဲဆိုးပြီးတော့ ဒီနေ့ဆုံးသွားတာ ဝူဟန်ဘက်က ရောဂါလို့ထင်နေကြတယ်”ဟု ဦးအားဆီကပြောသည်။

ကချင်ပြည်နယ် တရုတ်နယ်စပ်ဂိတ်များတွင် စစ်ဆေးမှုများပြုလုပ်နေပြီ ကန်ပိုက်တီ နယ်စပ်ဂိတ်တွင် ယနေ့ ဇန်နဝါရီ ၂၈ ရက်က ဝင်လာသည့် တရုတ်နိုင်ငံသား ၃ ဦးဟာ ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် ကျော်ခြင်းကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ခွင့် မပေးခဲ့ကြောင်း သိရသည်။