ရှ မ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ်၊ အင်မိန်းဟိုကျန့်ကျေးရွာအုပ်စု၊ ဟွေခုတ်ကျေးရွာမှာ ဇန်နဝါရီလ(၂၄)ရက် ညပိုင်းက မူလတန်းပြ‌ ကျောင်းဆရာမတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။

မူလတန်းပြ‌ကျောင်းဆရာမကို ပစ်ခတ်သွားသူဟာ မိုင်းဖိုးစိန်အမည်ရှိ အသက်(၂၆)နှစ်အရွယ် TNLAတပ်ဖွဲ့ဝင်ဖြစ်တယ်လို့ TNLAက ၂၇-၁-၂၀၂၀ရက်စွဲနဲ့ ထုတ်ပြန်ရှင်းလင်းပါတယ်။

အဲဒီထုတ်ပြန်‌ရှင်းလင်းချက်မှာ ပြစ်မှုကျူးလွန်တဲ့ မိုင်းဖိုးစိန်ကို TNLAက “‌ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တရားရေးဌာန”မှာ အမှုစွဲတင်ထားပြီးတော့ အများပြည်သူရှေ့မှောက်မှာ တရားစီရင်ပြီးရင် ပြည်သူလူထုတွေထံ ထပ်မံချပြရှင်းလင်းတင်ပြမယ်လို့ ပါရှိပါတယ်။

လက်ရှိမှာ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကွတ်ခိုင်မြို့နယ်ရဲစခန်းက ပုဒ်မ(၃၀၂)နဲ့ အမှုဖွင့်ထားပြီး ကွတ်ခိုင်မြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်မွန်းကလည်း သေနတ်သမားရဲ့ လူမဆန်တဲ့လုပ်ရပ်ဟာ ဘယ်လိုမှလက်သင့်ခံလို့မရတဲ့ ပြစ်မှုမျိုးဖြစ်တယ်လို့ ပြောပါတယ်။

ကွတ်ခိုင်မြို့နယ် တအာင်း အမျိုးသမီးအဖွဲ့အစည်း တာဝန်ခံ ဒေါ်ခမ်းမက်က “‌ပညာရေးဝန်ထမ်းဆရာမတစ်ဦး ဖြစ်တဲ့ အတွက် သူ့ရဲ့နစ်နာမှု၊ အမျိုးသမီး အကြမ်းဖက်မှုကို အဆုံးထိတိုင်အောင်လို့ အစိုးရ ဘက်ကရော ရပ်မိရပ်ဖဘက်ကရော အားလုံးပူးပေါင်းပါဝင်ပေးဖို့ လည်းတောင်းဆိုပါတယ်”လို့ ပြောပါတယ်။မိုင်းဘဉာဏ်(ကွတ်ခိုင်