ကိုယ် ဝင်မဲ့အပေါက်က ပစ္စည်းကို ကိုယ်ပြန်ခိုးတဲ့ ဆိုင်ကယ်သူခိုး ၂ ယောက်ကို မြို့မရဲစခန်းမှဖမ်းမိထား (အသက်က ၁၆ နဲ့ ၁၉နှစ်)

မော်လမြိုင်မြို့မရဲစခန်းမှ ဆိုင်ကယ်သူခိုး ၂ ယောက်ကို ခိုးရာပါ ဆိုင်ကယ်တွေနဲ့အတူ ဖော်ထုတ်ဖမ်းဆီးရမိထားပါတယ်။ ဆိုင်ကယ်ကို မော်လမြိုင် အကျဉ်းထောင်ဝင်းထဲက ခိုးလာတာပါ။ပိုင်ရှင်လဲ ပေါ်လို့ အကြောင်းကြား ထားပြီးပါပြီး။ ပိုင်ရှင်တွေက အကျဉ်းဦးစီးက ဝန်ထမ်းတွေပါပဲ။

တယောက်က ၁၆ နှစ် ၊ တယောက်က ၁၉ နှစ်ပါ။
ရခိုင်ကုန်း နဲ့ ရခိုင်ကုန်း ချောင်းစောက်မှာ နေတဲ့ ကလေးတွေပါ။ ၁၉ နှစ်သားသူခိုးက ၁၇ နှစ်အရွယ်ထဲက လုယက်မှုနဲ့ ထောင်ကျပြီးလွတ်လာတဲ့ ကောင်ပါ။

ရဲတပ်ဖွဲ့မှ ဆိုင်ကယ်သူခိုးတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်ပေးနေပြီး မိတာနဲ့ပိုင်ရှင်တွေထံ ချက်ချင်းစုံစမ်းအကြောင်းကြားပေးပြီးကူညီပေးနေလျှက် ရှိပါတယ်။

နောက်ထပ် ဖော်ထုတ်ဖမ်းဆီးရမိတာတွေ ရှိရင်လဲ ချက်ချင်း အကြောင်းကြားပေးပါ့မယ်။ ဆိုင်ကယ်ပျောက်ထားတဲ့သူတွေလဲအမြန်ပြန်ရကြပါစေ။ ပျောက်ဆုံးကြတဲ့ပိုင်ရှင်တွေကိုယ်စာ ကျေဇူးတင်ပါတယ် ရဲတပ်ဖွဲ့ရေ