လား ရှိုးမြို့တွင် အိမ်ဖော်အမျိုးသမီးမှ အိမ်ပိုင်ရှင်၏ ငွေ၊ရွှေနှင့် လက်ဝတ်ရတနာများစုစုပေါင်းငွေကျပ်သိန်း(၁၃၅)သိန်း ကျော်တို့အား ခိုးယူမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ခိုးယူမှုအား အမှုဖွင့်တိုင်တန်းပြီးနောက် (၂၄)နာရီအတွင်း စုံစမ်းဖော်နိုင်ခဲ့ကြောင်းကိုလည်း သက်ဆိုင်ရာ လားရှိုးမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ကျော် ထံမှ သိရသည်။

ဖြစ်စဉ်မှာ ရပ်ကွက်(၃)၊ကြာဖြူလမ်း၊အမှတ်(၁၂၃)တွင်နေထိုင်သော ဦးမောင်မောင်ဝင်း ၏ နေအိမ်တွင် အိမ်အကူအဖြစ် လာရောက် လုပ်ကိုင်နေသော မမေသန်းဝင်း(၂၂)နှစ်သည် ဇန်နဝါရီ ၂၅ ရက်တွင် အိမ်ရှင်မိသားစုဝင်များ မရှိသည့်အချိန်တွင် အိမ်ခန်းအတွင်းရှိ သံသေတ္တာအတွင်းထည့်ထားသော ငွေကျပ်သိန်း(၃၀)ကျော်နှင့် တန်ဖိုးကျပ်သိန်း(၁၀၀)ကျော်ရှိသော ရွှေ နှင့် လက်ဝတ်ရတနာ (၅)မျိုးတို့အား ခိုးယူကာ ၎င်းနေထိုင်ရာ လားရှိုးမြို့၊ရပ်ကွက်(၉) နေအိမ်သို့ ပြန်သွားခဲ့ကြောင်း သံသယရှိသဖြင့် ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းအချိန်တွင် လားရှိုးမြို့မရဲစခန်း သို့လာရောက်အမှုဖွင့် တိုင်တန်းခဲ့သည်။

ထို့သို့ လာရောက်အမှုဖွင့်တိုင်တန်းခဲ့သည့်အတွက် မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ အချိန်နဲ့တပြေးညီ စုံစမ်းခြင်းများပြုလုပ်ကာ နံနက်(၈း၁၅)အချိန်တွင် ခိုးယူသွားသော အိမ်အကူ မမေသန်းဝင်း အား ခိုးယူသွားသော ငွေ ၊ရွှေ နှင့်လက်ဝတ်ရတနာများအား လက်ရဖမ်းဆီးနိုင်ခဲ့ပြီးမမေသန်းဝင်းအား လားရှိုးမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ဟန်ဌေး(လားရှိုး)