မြန် မာအိုင်ဒေါပြိုင်ပွဲကနေတစ်ဆင့် ပရိသတ်ရဲ့အချစ်တွေကိုသိမ်းပိုက်ခဲ့တဲ့ အေးမြဖြူကတော့ အဆို၊အက၊သရုပ်ဆောင်စတဲ့ အနုပညာအရည်အချင်းတွေနဲ့ပြည့်ဝသူတစ်ယောက်ပါ။မြန်မာအိုင်ဒေါပြိုင်ပွဲကြီးမှာ အသက်အငယ်ဆုံးပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပေမယ့် Top-3 အထိတက်လှမ်းနိုင်ခဲ့သူတစ်ယောက်ပါ။

ပြိုင်ပွဲကြီးပြီးဆုံးချိန်မှာလည်း ကျောင်းတစ်ဖက်နဲ့ဖျော်ဖြေပွဲတွေဆက်တိုက်ဆိုသလို သွားရောက်နေရသူဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ချစ်ခင်စမှော်ရုံ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ငယ်ရွယ်သူတစ်ယောက်ဖြစ်ပေမယ့် စိတ်ထားပြည့်ဝပြီးရင့်ကျက်သူတစ်ယောက်အဖြစ် ပရိသတ်ချီးမွမ်းခြင်းကို ရရှိထားသူတစ်ယောက်ပါ။သူကတော့ လာမယ့် ဇန်နဝါရီလ(၃၁)ရက်နေ့မှာ ငယ်ရွယ်စဉ်ကတည်းကသင်ကြားပြသခဲ့တဲ့ဆရာသမားတွေကို ဆရာကန်တော့ပွဲလေးလုပ်ကာ ကန်တော့သွားမှာဖြစ်ပါတယ်။

“ဂီတသံစဉ်တွေကို ချစ်မြတ်နိုးတတ်လာခဲ့တဲ့ မူလတန်းကျောင်းသူဘဝလေးကတည်းကစလို့ ယနေ့ Myanmar Idol Season-4 Runner Up ဖြစ်လာသည်အထိ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုရအောင်… နည်းစနစ်မှန်စွာ သင်ပြလမ်းညွှန်ခဲ့ပြီး အသဲနှလုံးကို ပခုံးသဖွယ် ပိုက်ထွေးထမ်းတင်ပေးခဲ့ပါသော.. သမီးချစ်သောဆရာ၊ဆရာမများကို ဦးညွှတ်ဂါရဝဖြင့် ဆိုဆုံးမစကားများနာယူမှတ်သားမယ့် သမီးရဲ့ကန်တော့ပွဲကို တက်ရောက်ပေးနိုင်ပါရန် ဂါရဝရှေ့ထားဖိတ်ကြားပါရစေရှင့်” ဆိုပြီး ရေးသားကာ ဖိတ်ကြားခဲ့တာပါ။

ဆရာကန်တော့ပွဲကျင်းပပြုလုပ်သွားမယ့်ရက်လေးကတော့ လာမယ့်ဇန်နဝါရီလ(၃၁)နေ့ဖြစ်ပြီး ကျိုက္ကဆံကွင်းမှာ ညနေ(၆း၃၀)ကနေ (၉း၃၀)အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။အေးမြဖြူကတော့ သူ့ရဲ့ပရိသတ်တွေကိုလည်း လာခဲ့ဖို့ဖိတ်ခေါ်ထားတာမို့ ဖော်ပြပေးလိုက်ပါတယ်နော်။Source-aye Mya phyu