ကေ လးမြို့ပြည်သူ့ ဆေးရုံ ရောက်မှ ပြည်သူ့  အသက်ပေးခဲ့ရပြီလား.. ..

နည်းပညာတက္ကသိုလ်(ကလေး) မှ ပဉ္စမနှစ် စက်မှု စွမ်းအင်ဌာန(Mechanical Power) ကျောင်းသားတာန် ဒါလ်းမွန်းမာန် (Tg Dal Mun Mang) ရုတ်တရက် တိမ်းပါးခဲ့ရမှုသည် ဆိုင်ကယ် လဲမှုကြောင့် ဆိုသည့် မှုခင်း ရဲမှတ်ချက်ပါဆေး မှတ်တမ်း ကိုကြည့်ပြီး ကြားသိရသူတိုင်း နှမျောသတ ဝမ်းနည်းကြေကွဲ လို့မဆုံးဖြစ်ရသလို အမှုဖြစ်စဉ်ကို ပြန် လိုက်ရသည့်အခါ ကြားသိရသည့် အချက်အလက်များသည် ကလေးခရိုင် အ​ထွေထွေဆေးရုံကြီး ရှိ သက်ဆိုင်ရာ တာဝန်ရှိ ဆိုသည့် ပုဂ္ဂိုလ်တွေ အပေါ် ကို ​မြောက်များစွာ ​သော မေးခွန်း ထုတ်စရာများကို ဖြစ်ပေါ်စေပါ သည်။

၁။ ရဲ အ​ရေးပိုင်ဖြစ်သည့် အမှုဖြင့် အရေးပေါ် လူနာ အဖြစ် ညနေ ၁၁း၃၀ နာရီ အချိန်ခန့် တွင် ဆိုင်ကယ်လဲမှုဖြင့် ဆေးရုံ ရောက်လာသူ ကို ဘာကြောင့် အရေးပေါ် ဆေးကုသမှု မလုပ်ရသနည်း(ရဲတပ်ဖွဲ့တွင် မျက်မြင်သက်သေ ရှိသည်) အမှု ဖြစ်တုန်းက ရဲတွေ ကိုယ်တိုင် ဆေးရုံပို့ပေးခဲ့ကြသလို အရေးပေါ် လူနာသည် မှုခင်း မှတ်တမ်းယူချိန် အသိရှိစွာ စကားပြောဆိုနိုင်သည်။

၂။ ဘာကြောင့် ၂၆ ဇန်နဝါရီ နေ့ ညဘက် ဆေးရုံရောက်ပြီး နောက် အချိန် ၁၀ နာရီကျော် ၁၁ နာရီ အကြာ နောက်တစ်နေ့ဘက် နေ့ လယ် ၁၀နာရီကျော်အထိ သွေးထွက်လွန်နေသည့် အရေးပေါ် လူနာကို လူနာရှင်မရှိ အမည်မသိ အရေးပေါ်လူနာ အဖြစ် သတ်မှတ်ပြီး လိုအပ်သည့် ဆေးဝါးကုသမှု လုံးဝမရှိ ပီယာလက်ကံ လျစ်လျူရူ ပစ်ပယ်ထား ရှိရပါ သနည်း ။

ဒါတောင် မှ ပုံမှန်တာဝန်ချိန် တွင် ဆေးရုံသို့ ရောက်ရှိလာသည့် သူနာပြု ဆရာမ တစ်ဦးမှ တွေ့ ရှိပြီး သူမ၏ အသိကျောင်းသား ဖြစ်ကြောင်း ​ဆေးကုသခွင့်ရရှိရန် တာဝန်ယူ မှ ဆေးကုသမှုခံယူ ရန် အခွင့်အရေး ရရှိခဲ့ခြင်း ဖြစ်သော်လည်း အချိန်နှောင်းခဲ့ပြီ ဖြစ်သည်။

တကယ်ဆို အရေးပေါ် သွေးလိုအပ်ရင် ကလေးမြို့ပေါ် ရှိ လူမှု ကူညီရေး အရပ်ဘက်အဖွဲ့များစွာ တွင် သွေး လှူရှင်စာရင်း နဲ့ ပုံမှန် သွေးလှူမှု အမြဲတမ်းရှိသည်။ အရေးပေါ် လူနာ အတွက် မရှိမဖြစ် လိုအပ်သည့် အသက်ကယ် ဆေးဝါး လိုအပ်ချက် ကို သင်တို့ ဆရာဝန် သူနာပြု​တွေ ပိုသိပါသည်။

တစ်ညလုံး တစ်ယောက်တည်း လူနာစောင့်မရှိခဲ့သလို ခိုက်ခိုက်တုန် ချမ်းအေးလှသည့် ရာသီဥတု အောက်တွင် ချမ်းလွန်း၍ တဆတ်ဆတ်တုန်နေရသည့် အဖြစ်ကြောင့် မကြည့်ရက်သော ဘေးနားရှိ လူသားချင်းစာနာတတ် သူတွေ ဆီ မှ စောင်အပါး တထည်သာ ကူညီပေးကမ်းမှုရရှိပြီး အဓိက တာဝန်ရှိသည့် ဆေးရုံကြီး မှ တာဝန်ရှိသူများ ၏ ပစ်ပယ်မှုခံရသည်ကို သွေးထွက်လွန်နေတာ မကွယ်လွန်ခင် ဓာတ်ပုံအရ တွေ့ရပါသည်။

တကယ်ဆို ဆေးရုံကနေ တာဝန်မယူ နိုင်လျင် အချိန် မနှောင်းခင် လူနာရှင် ကို ရှာခိုင်းခြင်း သည် ယနေ့  FB တွင် မခက်ခဲပါ ။ ပြီးလျင် မိမိတို့ မကုသနိုင်လျင် တာဝန်ခံ မိသားစု ထံ ရှင်းပြပြီး တခြား ဆေးရုံဆီ ကို လွဲသင့်လျင် အမြန် လွဲပေး သင့်ပါသည်။

၃။ ဆရာဝန် ဖြစ် လာဖို့ရန် ဆေး တက္ကသိုလ် တက်ခဲ့စဉ်က အသင်တို့ သစ္စာဆိုခဲ့သည့် ဆရာဝန်ကျင့်ဝတ်တွေ ကို သင်တို့ မေ့သွားကြပြီလား ။

နိုင်ငံတော် ကနေ ပြည်သူ့ အခွန်ဖြင့် ပေးအပ်နေသည့် လစာငွေများ ကို ခံစား သည့် နည်းတူ သင်တို့ထမ်းဆောင်ရမည့် တာဝန် များ ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် တာဝန်နှင့် အခွင့်အရေး ကို ထပ်တူ ယူသင့်ပါသည်။

၎။ ကနေ့ အေးခဲလှသည့် ရာသီဥတု အချမ်းဒဏ် အောက်တွင် သနားစရာ အအေးဒဏ်အပြင် ဒဏ် ရာ တွေ နဲ့  လူးလိမ့် နေရသည့် လူနာရှင်မရှိသည့် အထီးကျန် အရေးပေါ် လူနာ အပေါ် ကို လျစ်လျူရူပြီး အမည်မသိ ပိုင်ရှင်မရှိ လို့ သတ်မှတ်ပြီး ဥပက္ခာပြုကြခြင်း ၊ မှတ်တမ်းအဖြစ်သာ ထားရှိခြင်း နှင့် လုပ်ရိုး လုပ်စဉ်အရသာ အာဏာပိုင် ​တွေဆီကိုသတင်းပို့ခြင်း သည် ” ထိခိုက်ဒဏ်ရာရရှိ သော အရေးပေါ်လူနာကို ကူညီစောင့်ရှောက်ခြင်း နှင့်ကုသခြင်းဆိုင်ရာ

ဥပဒေ အခန်း၆။”'( ပြည်ထောင်စုလွတ်တော် ဥပဒေပြုအမှတ် ၅၃) ကို သင်တို့ ကိုယ်တိုင် ပြည်သူ ကျွေးသည့် ထမင်းကိုစားပြီး ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) အရ ”’ ပေါ့လျော့ခြင်းဖြင့် သေစေမှု ”’ ဖြင့်လည်း ညှိစွန်းနေကြောင်း တွေ့ရှိရပါသည်။

၅။ သင်တို့ ၏ လူလူချင်းစာနာစိတ် ကင်းမဲ့ မှု ၊ သင်တို့ ကို ပုံမှန်လခပေးကမ်း ထောက်ပံ့ နေသည့် နိုင်ငံတော် နဲ့ ပြည်သူ တို့ ၏တိုင်းပြည် ရှိ ပြဌာန်းဥပဒေ အပါအဝင် တခြား ပေးကမ်းထောက်ပံ့မှု တို့ကို မသိ ကျိုးကျွံပြု သည့် သင်တို့ ၏ တာဝန် ပေါ့လျော့လစ်ဟင်းမှု သက်သက်ကြောင့် တန်ဖိုးမဖြတ် နိုင်သည့် တိုင်းပြည် ၏ စက်မှု တက္ကသိုလ် ကျောင်းသား တစ်ဦးသည် လူ့ လောက ကို စောလျင်စွာ ဖြင့် စွန့်ခွာရပြီး ရေတိမ် နစ်ရသကဲ့သို့ သေဆုံးခဲ့ရသည် ကို သိကြပါသလား ။

၆။ တန်ဖိုး မဖြတ်နိုင်သည့် လူသား တစ်ဦး တိုင်းပြည် ၏ သားကောင်းရတနာ စက်မှု ​ကျောင်းသားတစ်ဦး သည် ယခုလို ရေတိမ်မှာ နစ်ရသလို ကြွေလွင့် ခဲ့ရမှုအတွက် ကလေး ပြည်သူ့ ဆေးရုံကြီး မှ တာဝန်ရှိ သူများ ၏ တာဝန်ယူ မှု တာဝန်ခံမှု လျစ်ဟင်းမှု ဘယ်​လောက်အထိ ရှိနေမှန်း ကိုယ့်ဘာသာ နားလည်ကြပါသလား ။

ရ။ ကလေးမြို့ပြည်သူ့ ဆေးရုံ ဆိုသည့် အမည် နဲ့  ထပ်တူ လိုက်ဖက်ရန် အစစ်အမှန် ပြည်သူ့ ဆေးရုံ အမြန် လိုအပ်နေပါသည်။ ယခုကဲ့သို့ ပိုင်ရှင်မဲ့ အမည်မသိ လူနာ အဖြစ် သတ်မှတ်ခံရသည့် အဖြစ်ကြောင့် ဆေးကုသခွင့် နစ်နာ ဆုံးရှုံးပြီး မသေသင့်ပါလျက်နဲ့ အသက်ဆုံးပါး ခဲ့ရသည့် ပြည်သူတွေ ဘယ်လောက်အထိ ရှိနေပြီလည်း ။

၈။ ကလေးခရိုင် ဆေးရုံအုပ်ကြီးသည် ယခု ဖြစ်ရပ်ဆိုးအတွက် ကျိုးကြောင်းဆီလျော် သော မှန်ကန် မျှတသည့် ဖြေရှင်းချက်ပေးဖို့ လိုသည်။

၉။ ကျောင်းသားသမဂ္ဂများ အနေဖြင့် ယခုဖြစ်စဉ် ကို တိတိကျကျစုံစမ်းစစ်ဆေးပြီး နောက်နောင်တွင် ယခုကဲ့သို့ ပြည်သူတွေ ထပ်မံမခံစားကြစေရန် အရေးဆိုသင့်သည်။

Photo Copy le Copy Right ki nei hi

Gu kei in Zomi aw OK.. Mai Zum ding Thei in

Kim Tuang ကို လေးစားစွာ Credit ပေးပါသည်။