ပရိ သတ်ကြီးရေ Beauty Blogger တစ်ယောက်ဖြစ်သလို သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ စိမ်းလဲ့တင် Resort ရဲ့ ပိုင်ရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ လတ်တလောမှာတော့ နေခြည်ရဲ့ ပရိသတ်တစ်ယောက်က နေခြည်ကိုပြောချင်တဲ့ စကားတွေကို နေခြည်မြင်အောင်ရှဲပေးပါ ဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူ ပို့စ်တစ်ခု ရေးသားခဲ့ပါတယ် ။

သူ က social influencer ဆိုတော့ သူ့ reputation ကို ထိမ်းတဲ့အနေနဲ့ စိမ့်းလဲတင် zoo ကို အဆင့်အတန်းမှီ နေရာတခုဖြစ်လာအောင် upgrade လုပ်ဖို့ … စဉ်းစားသင့်ပါတယ်။ Zoo ဆိုတာကလဲ သေသေချာချာ ဂေရုမစိုက်ဖူးဆိုရင်အကျဉ်းထောင်ပဲလေ ..။ရေးရင်ကောင်းမလား၊ မရေးရင်ကောင်းမလား အကြိမ်ကြိမ်စဉ်းစားပြီးနဲနဲလေးတော့ အကျိုးသက်ရောက်မှုရှိသွားပါစေဆိုပြီးရေးတင်လိုက်တော့တယ်။ ဘယ်သူကိုမှထိခိုက်လိုစိတ်မရှိပါဘူး။ ပြင်ဖို့ဆင်ဖို့ အတွေးလေး ရသွားလိုတဲ့စိတ်တစ်ခုတည်းရယ်ကြောင့်ပါ။ ကျိုက်ထို၊ သထုံ၊ ဘားအံ၊ မော်လမြိုင် ဘယ်သွားသွားအပြန်ကျရင် စိမ်းလဲ့တင်မှာဝင်နားနေကြ။ ရေကူး၊ ထမင်းစား၊ ခရီးတစ်ထောက်နားပေါ့။ စိမ်းလဲ့တင်မှာ တိရိစ္ဆာန်ဥယျာဉ် ရှိတယ် လို့တော့သိတယ်။ တိရိစ္ဆာန်လေးတွေလှောင်ပိတ်ထားတာတွေ့ရင် စိတ်မကောင်းလို့ ဝင်မကြည့်ဖူးဘူး။ဆင်စာပဲကျွေး၊ ရေကူး၊ ထမင်းစားပြီးပြန်နေကြ။ ဒီတစ်ခေါက်လည်း အဲ့မှာနားမယ်ဆိုပြီး ဝင်နားဖြစ်ခဲ့တယ်။ဝင်ကြေးက ၂၀၀၀ဖြစ်သွားပြီ။ စိတ်ထဲကတော့နဲနဲများနေတယ်လို့ထင်မိလိုက်သေး။ အရင်က ၁၀၀၀လေ။လူက လေးယောက်၊ ကားနဲ့ဆိုတော့ ၉၀၀၀ပေါ့နော်။

အဲ့မှာစတာပဲ စိမ်းလဲတင်Safari Nightတဲ့။ ဟယ် ဘယ်တုန်းက Safariဖြစ်သွားရတာလဲ။ အဲ့ဒါနဲ့ ဝင်ကြည့်ချင်သွားတော့တာ။ Safariဆိုတာ တိရိစ္ဆာန်လေးတွေကို လှောင်အိမ်နဲ့မဟုတ်ပဲသူ့သဘာဝ အတိုင်းထားတာလေ။ ကိုယ်အရမ်းသဘောကျတဲ့ပုံစံပေါ့။ “တိရိစ္ဆာန်လေးတွေကို ကုသိုလ်ပြု အစာကျွေးနိုင်ပါပြီ”ဆိုတဲ့စာတန်းကလည်း လိုက်ကပ်ထားတာ။ ဆင်ကနေစတော့တာပဲ။ ဘာSafariမှမဟုတ်ဘူး။ခါတိုင်းလိုပဲ သံကြိုးခတ်။ အော် ဆင်မို့နေမယ်ပေါ့ဆိုပြီးဖြည့်တွေးလိုက်ပေမယ့် အထဲမှာလည်း(Safariမဟုတ်ပါဘူး။ မြန်မာပြည်ကလူတွေကို မညာသင့်ဘူးလေ။) ဆင်လေးကလည်း အစာတွေတောင်းနေတော့တာ။ အဲဒါနဲ့ ကိုယ်ကလည်း မနေနိုင်ဘူးလေ။ ကျွေးမယ်ပေါ့။ ဖရဲသီးတစ်လုံး ရှစ်ထောင်တဲ့။Amazingပါပဲ။ ဖရဲသီး အိုနာကျိုးကမ်းကြုံလီသေးကွေးကို ၈၀၀၀တဲ့။ ဂေါင်လုံး ဒင်လုံးမို့ဆို စိတ်ကဖြည့်တွေးဦးမှာ။ အခုဟာက ၁၀၀၀တန်လောက်ကို ရှစ်ထောင်ရောင်းတာ အံသြလို့မဆုံး။

ပြောတော့ ကုသိုလ်ပြုအစာကျွေးပါဆို။အများပြည်သူကျွေးနိုင်မွေးနိုင်တဲ့ဈေးလုပ်ရမှာ။အမှန်တကယ်ဆို အခကြေးငွေကောက်ခံတဲ့ပုဂ္ဂလိကဥယျာဉ် သူတို့ဝအောင်ကျွေးထားရမှာ။ဝင်ကြေးလည်း ၂၀၀၀ဆိုတော့ ဒီခေတ်အနေအထားနဲ့ တန်ရာတန်ကြေးပေးတာလေ။တနေ့တနေ့ ဝင်ရောက်လည်ပတ်တဲ့လူတွေနဲ့ စည်ကားနေတဲ့ဟာကို။ ငှက်ပျောသီး တစ်ဖီး ၃၀၀၀ ….။မြိုင်ကြီးငူဝက်ဝံရှေ့မှာလည်း သခွားသီးတစ်လုံး ၅၀၀ အခြားဟာတွေလည်း ဈေးတွေကြီး။ဘာSafariမှလည်းမဟုတ်ဘူး။

ကျားတွေထားတဲ့နေရာရောက်တော့ ရင်ထဲတော်တော်မကောင်း အလိုလိုဝမ်းနည်းလာ။အခန်းတစ်ခန်းကို တစ်ကောင် မှန်နဲ့အလုံပိတ်ထားတာ။ မီးကလဲ မှောင်နေတော့ မှန်ကိုကပ်ပြီးချောင်းကြည့်ရတယ်။အင်ကျားဆို ချီးတွေ ပလဲနေတဲ့အခန်းထဲမှာအကောင်သေးသေးလေးတစ်ကောင်တည်းနေရတာ။ ဘယ်လောက်တောင် အထီးကျန်ပြီးမွန်းကြပ်နေမလဲမသိဘူး။ ကျားလေးတွေက ငယ်သေးတယ်။ကျားအမျိုးအစားတစ်ခုကို တစ်ခန်းထားထားတာ။ စိတ်ဓာတ်ကျနေတဲ့အသွင်နဲ့။ အဲအချိန်မှာ အနားမှာ ဝန်ထမ်းတစ်ယောက်ဖြတ်လျှောက်သွားတော့ ကိုယ်လည်းမနေနိုင်တော့သွားလိုက်မေးတာ။မောင်လေး ဒီကောင်တွေသနားပါတယ်။ အဖော်လည်းမရှိဘူး။ စိတ်ဓာတ်ကျနေကြတယ်လို့ပြောတော့ကျွန်တော်တို့လည်းစိတ်မကောင်းပါဘူး။ ဘယ်တက်နိုင်မလဲတဲ့။ အဲ့ဒါနဲ့ အကောင်ကြီးတွေလည်းမတွေ့ဘူး အကောင်ကြီးတွေမရှိဘူးလားဆိုတော့ အရင်ကောင်တွေက သေကုန်ပြီတဲ့။ ဒါနောက်အကောင်တွေတဲ့။ဘာဖြစ်လို့သေတာလဲ မောင်လေးဆိုတော့အဲလိုပဲ ဝဲစွဲတာရော နေမကောင်းတာရောပေါ့တဲ့ သူတို့တကယ်ပဲ ကျန်းမာရေးစောင့်ရှောက်မှာတွေမရကြဘူးလား။ ကိုယ်ဆိုရင် ဒီလိုအလုံပိတ်အခန်းထဲတစ်ယောက်တည်း နေ့နေ့ညညဆိုသူတို့ထက်တောင်စိတ်ဓာတ်ကျစိတ်ဆင်းရဲပီးသေမှာတကယ်ငိုချင်နေပါပြီနော်။

ကိုယ်တစ်ယောက်တည်းစိတ်တွေမကောင်းလွန်းလို့စောင့်တည်ရာမရ။ အဲဒါနဲ့ အမျိုးသားက ပြန်ကြမယ်တဲ့။သူ့ကြည့်တော့လဲ မျက်နှာမကောင်း။သွားမကြည့်နဲ့တော့ပြန်မယ်တဲ့။ ဘာလို့လဲဆိုတော့ သူမခံစားနိုင်တော့လို့တဲ့။ဘာလို့လဲလို့မေးတော့ ပသျူးဝက်ဝံက သူ့ကိုအကူအညီတောင်းနေတယ်တဲ့ ကိုယ်လည်းမနေနိုင်တော့ သွားကြည့်မိပြန်ရော။ လှောင်အိမ်လေးက တစ်ယောက်အိပ်အခန်းလောက်ပဲရှိတယ်။ သူပေါက်ချထားတဲ့ သေးတွေရေတွေနဲ့ သူ့ဟာသူတိုင်ပတ်နေတာ။ ချော်ချော်လဲ သူအရမ်းလွတ်လပ်ချင်ပြီးအရမ်းပျင်းနေတာလေ။ အဖော်လည်းမရှိတော့။အဲ့နားက မျောက်မျက်ကွင်းညိုကလဲ တစ်ကောင်တည်းစိတ်ဓာတ်တွေကျ မြွေထားတဲ့ အကန့်ကလဲ သေးလွန်းအောက်ချင်းငှက်ကအစ တစ်ကောင်တည်း..တကယ်တော့ အောက်ချင်းငှက်ဆိုတာ အဖော်နဲ့နေတာလေ။တကယ်လို့ ဒီအကောင်ကိုဖမ်းမိရင် အပြင်မှာကျန်ခဲ့တဲ့သူ့အဖော်က ကောင်းကင်ကို ပျံတက်ပြီးမြေစိုက်ထိုးချသတ်သေတာလို့ကြားဖူးတယ်။

တိရိစ္ဆာန်ရုံထဲမထည့်သင့်တဲ့သတ္တဝါမျိုးတွေ ဒီတစ်ခေါက်တော့ စိမ်းလဲတင်ရောက်ပြီး စိတ်မကောင်းခြင်းများစွာနဲ့ပြန်ခဲ့ရတယ်။အခုထိလည်း ပြန်တွေးရင် ရင်ထဲမကောင်းဘူးဘာလုပ်ပေးရကောင်းမလဲ၊ ပိုင်ရှင်နဲ့ပဲပြေးတွေ့ရမလား၊ အကြုံပြုစာရေးရမလားအမျိုးမျိုးစဉ်းစားနေမိတာ။တိရိစ္ဆာန်တွေရဲ့လွတ်လပ်ခွင့်တွေ အခွင့်အရေးတွေကိုလည်းမြတ်နိုးသောစိတ်နဲ့ကာကွယ်စောင့်ရှောက်ပေးကြပါလို့တဆင့်စကားတဆင့်နားနဲ့ စိမ်းလဲ့တင်ကတိရိစ္ဆာန်လေးတွေအဆင်ပြေကြပါစေလို့ဆန္ဒပြုရင်း… “ ဆိုတဲ့စာသားလေးကို နေခြည်မြင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးသားအကြံပြုခဲ့တာဖြစ်ပါတယ် ။ နေခြည်ကိုချစ်တဲ့ ချီလီလေးတွေကလည်း ဒီစာလေးကို နေခြည်မြင်အောင် ရှဲပေးပြီး တိရစ္ဆာန်လေးတွေအတွက် တဖက်တလမ်းက ကူညီလိုက်ကြရအောင်လား နော် ။

Source : Yin Yin ( Facebook)
Credit Cele Connections