အ စားအသောက်က လူတိုင်းနဲ့တည့်တယ်ဆိုတဲ့ စကားကိုကြားဖူးမှာပါ။ဟုတ်ပါတယ် ချစ်တဲ့သူတွေကြားမှာအစား အသောက်တစ်ခုခုနဲ့ ချစ်ခြင်းမေတ္တာကိုပြသနိုင်သလိုမုန်းတဲ့သူတွေ၊ပေါင်းသင်းဆက်ဆံရေးအဆင်မပြေတဲ့ သူတွေကြားမှာလည်း အစားအသောက်နဲ့ပဲ စစ်ပြေငြိမ်းနိုင်ပါတယ်။များသောအားဖြင့် မိန်းကလေးတွေကို အစားမက်ကြတယ်လို့ဆိုကြပါတယ်။ဒါပေမယ့် ယောက်ျားလေးတွေလည်း ကိုယ်တိုင်သာလုပ်စားဖို့ပျင်းပေမယ့် သူတို့ကြိုက်တဲ့အစားအစာကို စီစဉ်ပေးရင်အဲဒီစီစဉ်ပေးတဲ့သူကသူတို့အပေါ်ကြင်နာတတ်သူအဖြစ်ယုံကြည် အားကိုးမိကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် အစားအသောက်က သမီးရည်းစား၊ချစ်သူတွေထက်ပိုကောင်း တယ်ဆိုတဲ့ အချက်လေးတွေရှိနေပါတယ်။အဲဒီအချက်လေးတွေကိုပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁)အစားအသောက်က သင့်ချစ်သူလို တရားသူကြီးအမှုစစ်သလို ဘယ်သွားလဲ၊ ဘာလုပ်လဲဆိုတာ စစ်နေမှာမဟုတ် ပါဘူး။တခါတလေ မေ့ပြီး အသိမပေးဖြစ်ခဲ့ဘူးဆိုရင်တောင်ပေါ့။

(၂)အစားအသောက်က သင့်ကို တခြားတစ်ယောက်နဲ့ယှဉ်အရွေးခံရတဲ့ဘ၀မျိုးရောက်အောင် ဘယ်တော့မှလုပ်မှာ မဟုတ်ပါဘူး။ချစ်သူရှိနေပေမယ့် သင့်ထက် အခြားလူမှုရေး၊စီးပွားရေး၊ ဘော်ဒါအပေါင်းအသင်းကဏ္ဍတွေက ပိုအရေး ကြီးနေလို့ ချစ်သူရဲ့လျစ်လျူရှုခြင်းမျိုးခံရမှာမဟုတ်ပါဘူး။

(၃)သင် အရက်နာကျရင်တောင် သင့်ကိုလှောင်ပြောင်မှာမဟုတ်သလိုသင့်ဝေဒနာတွေသက်သာအောင် ကူညီပေးနိုင်တာမျိုးပါ။

(၄)သင်ကြိုက်တဲ့အစားအစာတွေစားနေရရင် သင့်အတွက်ဘယ်ပြဿနာကိုမဆို ရင်ဆိုင်ဖို့ခွန်အားတွေရှိနေမှာပါ။

(၅)အရမ်းချစ်တဲ့သူတွေ ခံစားရတဲ့တစ်ယောက်ကိုတစ်ယောက်စိတ်မချတာ၊ နားလည်မှုလွဲတာတွေကြောင့်နာကျင်စေတဲ့ ခံစားချက်တွေကိုလည်း သင့်ကိုပေးမှာမဟုတ်ပါဘူး။

(၆)အနံ့အရသာနဲ့ စိတ်ကျေနပ်မှုအပြည့်ပေးနိုင်တယ်။

(၇)သစ္စာမဲ့တာတွေ၊ အချစ်ကိုနားမလည်တာတွေ၊အလိုက်မသိတာတွေကြောင့် စိတ်ပင်ပန်းရတာမျိုးလည်းမရှိဘူး။

(၈)အစားအသောက်က သင့်ကိုနာကျင်အောင်လုပ်မှာမဟုတ်လို့ အမြဲတမ်းထာဝရလက်တွဲသွားနိုင်တဲ့အရာပါ။

ကဲ သင့်အတွက် ချစ်သူမရှိလို့ အထီးကျန်တယ်လို့ ကိုယ့်ကိုယ်ကိုယ် အားငယ်နေတဲ့သူတွေ ကိုယ့်အတွက်စိတ်ချမ်းသာမှု အပြည့်အ၀ပေးနိုင်မယ့် လက်တွဲဖော် အစားအသောက်ကောင်းတွေရှိနေတယ်ဆိုတာမမေ့ပါနဲ့နော်။

Credit Aunty May