လူ ငယ်ဘာဝမို့ မှားတတ်တယ်-ဆိုတဲ့ စကားလုံးလေးဟာ သာမန်အားဖြင့်တော့ နားလည်မှုတွေပေးလို့ရသော်လည်း၊ တချို့သောအမှားတွေက လူကြီးတွေအရွယ် ကျူးလွန်တတ်တဲ့ အမှားတွေဖြစ်နေတတ်ပါတယ်။ အခုဆို လူငယ်ထုကြားမှာ မူးယစ်ဆေးပြဿနာက ခြောက်လှန့်နေပါတယ်။

ဒီလိုပဲ အရွယ်မတိုင်သေးခင်မှာ ချစ်သူလင်သားရပြီး ဘဝကို ရုန်းကန်နေကြရသူတွေလည်း ဒုနဲ့ဒေးပါဘဲ။ လူငယ်ဘာဝမို့ မှားတတ်တယ်ဆိုတာ အတိုင်းအတာတစ်ခုအထိသာ ပြောကောင်းပြီး၊ တစ်ခါတလေ သူတို့အမှားတွေက ကြီးကျယ်နေတတ်ပါတယ်။

အခုလည်း အသက်(၁၀)နှစ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ (၁၃)နှစ်အရွယ်ချစ်သူ ကောင်မလေးကို ကိုယ်ဝန်ရှိစေခဲ့လို့ ထိတ်လန့်နေတယ်လို့ ဆိုပါတယ်။ သူတို့စုံတွဲရဲ့နာမည်ကတော့ Ivan နဲ့ Darya တို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက်အကြောင်းကတော့ ပြီးခဲ့တဲ့အပတ်က-

ဇာတိနယ်ဘက်မှာ ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်အကြောင်း Hot လာတဲ့အတွက် ရုပ်သံက အင်တာဗျူးဖို့ ဖိတ်ခေါ်ခဲ့ရာ၊ မိဘတွေကလည်း ခွင့်ပြုခဲ့ပါတယ်။ Ivan က ” ဒါက ကြောက်စရာ ကောင်းလွန်းတယ် “လို့ ပြောပါတယ်။

Darya မှာ ကိုယ်ဝန်(၈)ပတ်အရွယ်ကို လွယ်ထားရပြီး၊ တစ်ယောက်နဲ့တစ်ယောက် တွေ့တွေ့ချင်း ချစ်ခဲ့ကြတာလို့ ပြောပါတယ်။ တစ်ချို့ကလည်း ဒီကိုယ်ဝန်က တစ်ခြားလူလက်ချက် ဖြစ်နိုင်ကြောင်း ပြောပေမယ့် Ivan ကတော့ သူကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ပါဘူးတဲ့။

Darya နဲ့ မိခင်တို့ကတော့ ကလေးကို ရယူဖို့စဉ်းစားထားပြီး၊ ကိုယ်ဝန်အရွယ် ရင့်လာရင် ကလေးအဖေ ဘယ်သူလဲသိရအောင် DNA စစ်ဆေးမယ်လို့ သိရပါတယ်။ Father at 10!? ရုပ်သံမှာ သူမရဲ့ချစ်သူ Ivan ကို ” သိပ်ကြောက်နေလား “တိုးတိုးမေးတော့ “အရမ်းကြောက်တယ်”လို့ ဖြေခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတစ်ယောက်ကြောင့် သိခဲ့တာပါ။ မြင်မြင်ချင်း ချစ်မိပြီး၊ စသိလို့ နှစ်ရက်အကြာမှာ ချိန်းတွေ့ခဲ့ပါတယ်တဲ့။ သူတို့တစ်တွေဟာ တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ရတာ၊ အနမ်းတွေဖလှယ်ရတာကို၊ လမ်းမပေါ်မှာ လျှောက်သွားရတာကို သဘောကျပါတယ်တဲ့။

ဒေါက်တာ Evgeny Grekov ကတော့ ဒီကိုယ်ဝန်ဟာ Ivan ရဲ့ကိုယ်ဝန်အဖြစ် ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ပြောရရင် Ivan ဟာ ကလေးတစ်ယောက် မွေးလောက်သည်အထိ သုတ်ပိုးသယ်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ ဒေါက်တာ Evgeny က ယုံလို့ပါ။

သူက ” ကျွန်တော်တို့ ဓာတ်ခွဲခန်းရလဒ်ကို (၃)ကြိမ် စစ်ဆေးပြီးပြီမို့ ဘယ်လိုမှ မမှားနိုင်ပါဘူး အခုမှ Ivan က လိင်ပိုင်းဖွံ့ဖြိုးမှုစကာစပဲ ရှိသေးတယ် နောက် သူ့ကို စစ်တော့ Testosterone ဟိုမုန်းတောင် မလွှတ်နိုင်သေးဘူး .. နောက်ပြီး ကလေးတစ်ယောက်ရဲ့ လိင်အရွယ်အစားပဲ ရှိသေးတယ် “လို့ ပြောခဲ့ပါတယ်။

လင်းဇော်ကို (D Nae Khit)

D Nae Khit Media ၏ခွင့်ပြုချက်ဖြင့်ဖော်ပြသည်။