ဇန် နဝါရီလ(၂၃)ရက်နေ့မှာတော့ ချမ်းချမ်းနဲ့ ခင်ပွန်းဟောင်းဖြစ်သူ ဘုဏ်းသိုက်တိုရဲ့ သမီးလေး မြမိုးဂင်္ဂါရဲ့ မွေးနေ့လေးဖြစ်ပြီး အမေဖြစ်သူ ချမ်းချမ်းနဲ့ ကျောင်းမှာ ပျော်ရွှင်စွာ မွေးနေ့ပွဲလေးကျင်းပခဲ့တာပဲဖြစ်ပါတယ်..။

အဖေဖြစ်သူ ဘုဏ်းသိုက်ကလည်း သမီးလေးရဲ့ နာမည်လေးကို ရင်ဘက်မှာ တက်တူးထိုးကာ မွေးနေ့ လက်ဆောင်လေးအဖြစ်ပေးခဲ့ပြီး သမီးဖြစ်သူနဲ့ လျှောက်လည်ကာ ပျော်ရွှင်ဖွယ်အမှတ်တရလေးတွေကို ဖန်တီးပေးခဲ့ပါသေးတယ်..။ ပျော်စရာကောင်းတဲ့ မိသားစုလေးတော့ မဖြစ်ခဲ့ပေမယ့် သမီးအပေါ်မှာတော့ အကောင်းဆုံးတွေကိုသာ လုပ်ပေးတဲ့ မိဘကောင်းတွေလို့ပြောရမှာပါနော်..။

ယနေ့ ဇန်နဝါရီလ(၂၇)ရက်နေ့မှာတော့ ချမ်းချမ်းက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ခင်ပွန်းဟောင်းဖြစ်သူ ဘုဏ်းသိုက်ရဲ့ သမီးအတွက် မွေးနေ့ဆုတောင်းပိုစ့်လေးကို ရှယ်ကာ “သမီးလေးပျော်နေတာမြင်ရလို့စိတ်ချမ်းသာတယ်..သူ့ဘဝမှာသူချစ်တဲ့သူတွေနဲ့မွေးနေ့လေးကိုဖြတ်သန်းဖို့ပြောဖူးတယ်..။ကျောင်းမှာလဲမွေးနေ့လုပ်..သူချစ်တဲ့အဖေနဲ့အမေကလဲ တဖက်တလမ်းကနေ အရာရာလိုက်ဖြည့်စည်းပေးတော့ သူပျော်နေရှာတယ်…။သမီးကိုမွေးနေ့ဆုတောင်းပေးတဲ့ အဖက်ဖက်မှ မိတ်ဆွေသူငယ်ချင်းများကိုလဲကျေးဇူးပါ…။

ဘဝမှာသင်ခန်းစာတေထပ်တလဲလဲရပြီးတဲ့နောက် အရာရာကိုရင်ဆိုင်ရဲလာတယ်…။အရင်က ကိုယ်တွေနှစ်ယောက်တွေ့လိုက်တာနဲ့ အရမ်းရန်ဖြစ်ကြ..သတ်ကြနဲ့..။အခုဒီနှစ်မွေးနေ့လေးမှာသမီးပျော်အောင်လုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်…။နောက်လဲသမီးရဲ့ကျောင်းပွဲ..သမီးမွေးနေ့..သမီးဘွဲ့ယူမယ့်နေ့တွေရောက်လာဦးမယ်..။အဲ့ဒီ့အခါကျရင်လဲ အခုလိုပဲ သမီးလေးနားမှာအပြုးံမပျက်..အခင်မင်မပျက် မိတ်ဆွေ တွေအဖြစ်အမြဲရှိပေးဖို့မျော်လင့်ပါတယ်..။အခုမွေးနေ့လေးတော့သမီးလေးပျော်သွားပြီ..။

အလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲခြားလာနိုင်တဲ့နေ့တနေ့ကိုထပ်ရောက်လာဦးမယ်..အလုပ်တွေတွဲလုပ်ဖို့လဲရှိတယ်..ရှေ့လျောက်လည်း အခုလိုပဲ သမီးအတွက် လိုအပ်ရင်ရှိနေပေးလိုက်ပါဦး..Beer papa ရေ…။ရိုးသားစွာမိတ်ဆွေတွေအဖြစ်ပြန်လည်စကားပြောခွင့်ရှိလာလို့ကိုယ့်ကိုယ်ကိုကျေနပ်တယ်..။ခံစားချက်ဆိုတာ ကိုယ်နဲ့ပဲဆိုင်ပါတယ်..

ကိုယ့်ဘက်က အရာရာကိုအလျော့ပေးနားလည်လာတဲ့အခါချစ်ခြင်းမုန်းခြင်းဆိုတာ ခံစားမှုတမျှသာပါ…။လူတိုင်းနားလည်ခံစားနိုင်ပါစေ…။အိမ်ထောင်ကွဲသွားသည့်တိုင် တစ်ယောက်နဲ့တစ်ယောက် မုန်းနေသတ်နေကြမယ်ဆိုတာအဓိပ္ပါယ်မရှိပါဘူး..။အကောင်းဆုံးမိတ်ဆွေတွေအဖြစ်ဆက်လက်ရပ်တည်နေမယ်ဆိုသားသမီးတွေအတွက် အရာရာဟာပျော်ရွှင်စရာ ဖြစ်လာမှာပါ…” ဆိုပြီး တင်လာခဲ့ပါတယ်..။

ချမ်းချမ်းနဲ့ ခင်ပွန်းဟောင်းဘုဏ်းသိုက်တို့ နှစ်ဦးသား သမီးအတွက် မိဘကောင်းတွေအနေနဲ့ အကောင်းဆုံးတွေကို ဖြည့်ဆည်းနိုင်အောင်ကြိုးစားရင်း ရိုးသားတဲ့ မိတ်ဆွေတွေအဖြစ်နေသွားကြတဲ့ စိတ်လေးတွေဟာ သိပ်ကို လေးစားဖို့ကောင်းပါတယ်နော် ပရိသတ်ကြီးရေ..။