သား သ မီ းနဲ့ မိ ဘ နယ်မြေခြားဝေကွာနေရင်တောင် မိဘတွေမှာ စိတ်ပူပြီး သားသမီးပြန်အလာကို အမြဲစောင့်မျော်နေတတ်ပါတယ်။ ယခုလို ရှေ့တန်းသွားနေရတဲ့ သားသမီးတွေအဆို မိဘတွေက သူတို့ဆီကို အမြန်ဆုံးပြန်လာဖို့ ဘယ်လောက်တောင် မျှော်နေမိမလဲ Lifestyle_Myanmar ပရိတ်သတ်ကြီးပဲ စဉ်းစားကြည့်ကြပါ။ ယခုအဖြစ်အပျက်လေးကတော့ ဖိလစ်ပိုင်နိုင်ငံက မိဘနှစ်ပါးရဲ့ အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။

ခင် ပွန် းဖြ စ်သူ Gerado Garcia Jr နဲ့ ဇနီးဖြစ်သူ Milvina Garcia တို့မှာ သားသုံးယောက်ရှိပါတယ်။ သားသုံးယောက်စလုံးက ရှေ့တန်းကာလ မိဘတွေနဲ့ ကွဲကွာနေတာ ၅လလောက်ရှိနေပါပြီ။ သားအကြီးဆုံးဖြစ်သူ John Melvin Garcia ဟာ ဖိလစ်ပိုင်လေတပ် 15Strike Wing လေကြောင်း စစ်ဆင်ရေးရဲ့ ရှေ့ပြေးလေယာဉ်မှူးတစ်ဦးလည်းဖြစ်ပါတယ်။ သားအလတ်ဖြစ်သူ George Bernard Garcia နဲ့ သားအငယ် Gerson Garcia တို့ကတော့ ကြည်းတပ်မှာ စစ်မှုထမ်းဆောင်နေရတာပါ။

ရှေ့ တန် းကာလ တာဝန်ထမ်းဆောင်နေစဉ်အတွင်း John Melvin Garcia က ညီငယ်နှစ်ယောက်စလုံးအတွက် စိုးရိမ်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။ ယခုအချိန်မှာတော့ သူတို့ ညီအစ်ကို သုံးယောက်စလုံး တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိတာမျိုးမရှိဘဲ မိဘတွေထံ ချောချောမွေမွေ ပြန်လာနိုင်ပြီးလို့လည်းဆိုပါတယ်။ ဒါ့ကြောင့် သူတို့ဟာ မိခင်ဖြစ်သူရဲ့ အသက် ၅၁နှစ်မြောက်မွေးနေ့မှာ suprise လုပ်ရင်း သုံးယောက်စလုံးအတူတူ အိမ်ပြန်လာဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ညီအစ်ကို သုံးယောက်စလုံးဟာ ဖိလစ်ပိုင် မိဒီယာတစ်ခုဖြစ်တဲ့ ABS-CBN နဲ့ အကူအညီတောင်းပြီးတော့ မိခင်ရဲ့ မွေးနေ့မှာ “Family is Love” ဆိုတဲ့ အစီအစဉ်လေးရိုက်ကူးတင်စက်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာတော့ ရှေ့တန်းကာလမှာဖြစ်ပျက်ခဲ့တဲ့ တိုက်ပွဲအငွေ့အသက်တွေနဲ့ သားသုံးယောက်ရဲ့Suprise ကြောင့် မျက်ရည်စက်လက်နဲ့ ဝမ်းသာပီတိဖြစ်မိတဲ့ မိဘနှစ်ပါးရဲ့ အဖြစ်အပျက်လေးကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ Abu Sayyaf Salafi jihadist အစ္စလာမ် စစ်သွေးကြွလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်တဲ့ ကာလဟာ ယခုခေတ်သစ်ဖိလစ်ပိုင်သမိုင်းမှာတော့ အရှည်ကြာဆုံးဖြစ်ခဲ့တဲ့ စစ်ပွဲတွေပဲဖြစ်ပါတယ်။

credit – lifestylemyanmar