အေးမြဖြူေ လးကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးမှာ Winner ဆုကြီးကို မရရှိခဲ့ပေမဲ့လည်း ပရိသတ်တွေရဲ့ ရင်ထဲက ပေးအပ်တဲ့ Winnerဆုကြီးကို ရရှိပိုင်ဆိုင်ခဲ့တဲ့ သူတစ်ယောက်ပါ။ပြိုင်ပွဲကြီး မပြီးဆုံးခင်ကတည်းက ဖျော်ဖြေရေးပွဲတွေကို ကမ်းလှမ်းခံခဲ့ရပြီး လက်ရှိပြိုင်ပွဲကြီးပြီးဆုံးချိန်မှာလည်း မနားမနေဖျော်ဖြေပွဲတွေကို ဖျော်ဖြေပေးနေရပါတယ်။မနေ့ကလည်း မိုးသိုလေးဟာ ဖဒိုမြို့မှာ သွားရောက်ဖျော်ဖြေခဲ့ရပါသေးတယ်။

ဖ ဒိုမြို့၊ ကျောက်တံခါးမြို့နယ်မှာ ကျင်းပပြုလုပ်တဲ့ (၅၆)ကြိမ်မြောက် (၂၇၅၉)ခုနှစ် ကရင်အမျိုးသားရိုးရာ နှစ်သစ်ကူးပွဲတော်မှာ ပါဝင်ဖျော်ဖြေပေးခဲ့တာပါ။ ဒီပွဲကြီးကို ဖျော်ဖြေပေးပြီးချိန်မှာပဲ စင်ပေါ်မှာတင် လူတစ်ရပ်စာရှိတဲ့ အရုပ်ကြီး (၂)ရုပ်နဲ့ ကိုစိုးထိုက် (ဖဒို)ရဲ့ Surprise လက်ဆောင်ပေးတာကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ ကိုစိုးထိုက် (ဖဒို)ဟာဆိုရင် ပရဟိတအလုပ်များကို သူမတူအောင် လုပ်ဆောင်ပြီး လိုအပ်သူတွေကို ကူညီပေးနေတဲ့ နာမည်ကြီး ပရဟိတသမားတစ်ဦးပဲဖြစ်ပါတယ်။

မိုးသိုလေးကတော့ အခုလို Surprise လက်ဆောင်လေးရရှိခဲ့တဲ့ အပေါ်တော်တော်လေးကို ပျော်ရွှင်ကျေနပ်ကြည်နူးနေတာကိုလည်း တွေ့ရပါတယ်။ပရိသတ်ကြီးရေ မိုးသိုလေးကတော့ မကြာခဏဆိုသလို ပရိသတ်တွေရဲ့ Surprise တွေတိုက်တာကို ခံနေရတာပြီး သူ့ကိုချစ်တဲ့ ပရိသတ်တွေကလည်း တော်တော်လေးကို ချစ်ကြတာနော်။

Source –Soe Htike, Aye Mya Phyu
Credit CeleGabar