ပရိသတ်ကြီးရေ မိန်းကလေးပရိသတ်တွေရဲ့အသည်းကျော် ဂျစ်တူးလို့ ချစ်စနိုးခေါ်ရတဲ့ နေဒွေးကတော့ လက်ရှိမှာ ပြဿနာတွေနဲ့ရင်ဆိုင်နေရတာ အားလုံးသိမှာပါ ။ အဆိုတော် မင်းခန့်ကျော်နဲ့ပတ်သက်တဲ့ ငွေကြေးကိစ္စတွေအပြင် ချစ်သူဟောင်း မော်ဒယ်လ် သံစဉ်မောင်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်တယ်ဆိုတဲ့ သတင်းတွေလည်း လူမှုကွန်ရက်မှာပျံ့နှံ့နေခဲ့ပါတယ် ။ ဒီအမှုကိစ္စတွေနဲ့ပတ်သတ်ပြီး ဂျစ်တူးတစ်ယောက်ဘယ်လို ပြန်လည်ဖြေရှင်းသွားမှာလဲ ဆိုတာကို ပရိသတ်တွေက အထူးစိတ်ဝင်စားနေခဲ့ကြပါတယ် ။

လက်ရှိကြုံတွေ့နေရတဲ့ ဝေဖန်တိုက်ခိုက်မှုတွေကလည်း ကောလဟာလနဲ့ တိုက်ခိုက်မှုဆိုတာ အနုပညာရှင်တိုင်း ကြုံရတာဖြစ်ပြီး တစ်ချိန်မဟုတ် တစ်ချိန်တော့ တွေ့ကြုံရမှာဖြစ်သလို အမှန်တရားဆိုတာကလည်း သူ့ဘာသူရှိနေဦးမှာပါလို့ နေဒွေးက ပြောပြလာခဲ့ပါတယ် ။ အဲ့ဒါကြောင့် ဝေဖန်တိုက်ခိုက်မှုကို ကြောက်ပြီး ရှေ့မဆက်လို့မရဘူး ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို လုပ်ရမှာပဲ ဖြစ်ပြီး အဓိကက ကိုယ့်အားနဲ့ကိုယ်ရှေ့ဆက်ရမှာ ကိုယ့်တာဝန်ပဲလို့ နေဒွေးက ဆိုလာပါတယ် ။ ထပ်ပြီး ထွက်ပေါ်လာတဲ့ ကောလဟာလတွေကိုလည်း ခေါင်းထဲသိပ်မထည့်သလို အလုပ်အရမ်းရှုပ်တဲ့ကာလကို ရောက်နေတယ်လို့လည်း သိရပါတယ် ။

နေဒွေးက သူ့အလုပ်အတွက်ပဲသူ ပလန်တွေဆွဲထားသလို အဓိကက ပါစင်နယ် ရှေ့နေ့ကပဲ ဆက်လုပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ် ။ လက်ရှိမှာ (၂၄) နာရီမှာ (၂၃) နာရီက အလုပ်ဖြစ်နေပြီး စီးပွားရေး ကိစ္စ ဖြစ်တဲ့ ဆန်ကလည်း အသစ်ပေါ်ချိန်ရောက်နေတော့ စီးပွားရေးဘက်လဲလှည့်ရသလို ဒီဘက်မှာလည်း ဇာတ်လမ်းတွဲတွေက တောက်လျှောက်ဖြစ်နေတော့ အဲ့ဒီဘက်ကို အာရုံစိုက်မနေနိုင်ဘူးလို့ နေဒွေးက ပရိသတ်တွေကိုပြောပြခဲ့တာပဲဖြစ်ပါတယ် နေဒွေးရဲ့ ပရိသတ်တွေအတွက် အင်တာဗျူး ဗီဒီယိုလေးကိုလည်း ပြန်လည်မျှ ဝေပေးချင်ပါတယ်နော် ။

Source : Exclusive on Cele Connecitons
Credit CeleConnections