ကၽြန္ မ ဘန္ေကာက္ကတဆင့္ ခ်င္းမိုင္ကို သြားဖို့ အခု ရန္ကုန္ေလဆိပ္မွာ ေရာက္ေနပါတယ္။ ကၽြန္မ ပတ္စ္ပို့စ္ကို စစ္တဲ့ လူဝင္မႈႀကီးၾကပ္ေရးက ဝန္ထမ္းက ဘာအကာအကြယ္မွ မပါဘဲ ႏွာေခ်၊ေခ်ာင္းဆိုးေနလို့ သူနဲ႔ သူ႔အေဖာ္ေတြကိုပါ လက္သန႔္ေဆးသုံးဖို့ ၊ မ်က္ႏွာဖုံးတပ္ဖို့ ေသခ်ာတိုက္တြန္းခဲ့ရတယ္။

ဒီ မွာေတာ့ ဘယ္သူမွ လက္သန္႕ေဆးေတြ သုံးေနတာ မေတြ႕ရဘူး။ ေလဆိပ္ဝန္ထမ္းေတြေကာ၊ေလယာဥ္ဝန္ထမ္းေတြေကာပဲ။ သူတို့ေတြကို တာဝန္ရွိသူေတြက ေထာက္ပံ့ေပးသင့္ပါတယ္။ ဒီေလဆိပ္မွာ ဘာေဆးဆိုင္မွ မရွိတာေကာ သိလား? ဒီက လူ႔တခ်ိဳ့နဲ႔ စကားေျပာၾကည့္ေတာ့ သူတို့အထက္ တာဝန္ရွိသူေတြအေနနဲ႔ သူတို့အတြက္ အေျခခံက်တဲ့ ႏွာေခါင္းစည္းေတြ၊ လက္သန႔္ေဆးေတြ ေထာက္ပံ့ေပးသင့္တယ္လို့ တညီတညြတ္တည္း ေျပာၾကတယ္။ ေနာက္ၿပီး အေျခခံပညာေပးေရာေပါ့။ ျဖစ္လာနိုင္တဲ့အရာေတြအတြက္ ျမန္မာ ဘာမွ မျပင္ဆင္ထားဘူး။”

Unicode

ကျွန် မ ဘန်ကောက်ကတဆင့် ချင်းမိုင်ကို သွားဖို့ အခု ရန်ကုန်လေဆိပ်မှာ ရောက်နေပါတယ်။ ကျွန်မ ပတ်စ်ပို့စ်ကို စစ်တဲ့ လူဝင်မှုကြီးကြပ်ရေးက ဝန်ထမ်းက ဘာအကာအကွယ်မှ မပါဘဲ နှာချေ၊ချောင်းဆိုးနေလို့ သူနဲ့ သူ့အဖော်တွေကိုပါ လက်သန့်ဆေးသုံးဖို့ ၊ မျက်နှာဖုံးတပ်ဖို့ သေချာတိုက်တွန်းခဲ့ရတယ်။

ဒီ မှာတော့ ဘယ်သူမှ လက်သန့်ဆေးတွေ သုံးနေတာ မတွေ့ရဘူး။ လေဆိပ်ဝန်ထမ်းတွေကော၊လေယာဉ်ဝန်ထမ်းတွေကောပဲ။ သူတို့တွေကို တာဝန်ရှိသူတွေက ထောက်ပံ့ပေးသင့်ပါတယ်။ ဒီလေဆိပ်မှာ ဘာဆေးဆိုင်မှ မရှိတာကော သိလား? ဒီက လူ့တချို့နဲ့ စကားပြောကြည့်တော့ သူတို့အထက် တာဝန်ရှိသူတွေအနေနဲ့ သူတို့အတွက် အခြေခံကျတဲ့ နှာခေါင်းစည်းတွေ၊ လက်သန့်ဆေးတွေ ထောက်ပံ့ပေးသင့်တယ်လို့ တညီတညွတ်တည်း ပြောကြတယ်။ နောက်ပြီး အခြေခံပညာပေးရောပေါ့။ ဖြစ်လာနိုင်တဲ့အရာတွေအတွက် မြန်မာ ဘာမှ မပြင်ဆင်ထားဘူး။”