ပန်ပန်” လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ မင်းသမီးချော ဆုပန်ထွာကတော့ လတ်တလောမှာ ကျင်းပပြုလုပ်မယ့် (၂၀၂၀) ခုနှစ်အတွက် အကယ်ဒမီပန်းကိုင်

ရွှေကြိုရွေးချယ် ပွဲမှာ ဒိုင်တစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်သွားဖို့ရှိတယ်လို့သိရှိရပါတယ်။

ဒီနှစ်ရဲ့ ရွှေကြိုရွေးချယ်မှုမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်တွေကို အိုက်တင်တွေပါ ပြုလုပ်ခိုင်းပြီး စစ်ဆေးသွားမှာလည်း ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ ရွှေကြိုရွေးချယ်မှုကိုတော့ ဒိုင်တွေရဲ့ ရွေးချယ်မှုအပြင် ထူးထူးခြားခြားအနေနဲ့ ပရိသတ်တွေက ပေးတဲ့ Voting စနစ်နဲ့ပါရွေးချယ်သွားမှာဖြစ်တာကြောင့် အရင်နှစ်တွေကရွေးချယ်တဲ့ ရွေးချယ်မှုပုံစံနဲ့ မတူကွဲပြားနေတာတော့အမှန်ပါ။

အခုလို Voting စနစ်နဲ့ရွေးချယ်တဲ့အပေါ် ဒီနှစ်မှာ ဒိုင်အနေနဲ့ပါဝင်ဆောင်ရွက်မယ့် ဆုပန်ထွာက “Voting နဲ့ရွေးချယ်တာက တကယ်တကယ့်ကျတော့

မမှန်ကန်ဘူးလို့ခံစားရတယ်။ပိုက်ဆံနဲ့ဆိုင်သွားတာပေါ့။

ပိုက်ဆံများများ Vote နိုင်တဲ့ သူက ဆုရသွားတာမျိုးကျတော့ တကယ့်အရည်အချင်းမဟုတ်ဘူးလို့စိတ်ထဲမှာထင်တယ်”ဆိုပြီး သူ့ရဲ့ အမြင်လေးကိုပြောကြားထားပါသေးတယ်။

ရွှေကြိုတစ်ယောက်ဟာဆိုရင် အနုပညာလောကကို စတင်ဝင်ရောက်ဖို့ ပထမဆုံးခြေလှမ်းလေးတစ်ခုလည်းဖြစ်တာကြောင့် ဒီနှစ်မှာ လာရောက်လျှောက်ထားတဲ့ လူဦးရေဟာ (၁၀၀၀)နီးပါးအထိရှိနေပြီလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ဒီနှစ်ရဲ့ရွှေကြိုရွေးချယ်ပွဲမှာတော့ Votingက (၆၀%) ၊အပြင်က ဒိုင်တွေက (၄၀%)နဲ့ အမှတ်ပေးဆုံးဖြတ်သွားမှာပါတဲ့နော်။