ဖခင်ဖြစ်သူ သက်ပြင်းတစ်ချက် ချလိုုက်ပါတယ်။ ချေးယူလာတဲ့ ၄၅၃၃ ယွမ် ( ကျပ်ငွေ ဆယ်သိန်းခန့် ) သားလက်ထဲ ထည့်ပေးလိုုက်ပါတယ်။
သားဖြစ်သူ အဲဒီပိုုက်ဆံကိုု တုုန်တုုန်ရင်ရင်နဲ့ လက်ခံလုုိက်ပါတယ်။ သားဖြစ်သူ သိလိုုက်တယ်။ ကျောင်းလခ ယွမ်ငွေ ၄၁၀၀ ကျပ်သွင်းပြီးရင် စားဖိုု့နေဖိုု့အတွက်၄၃၃ ယွမ်သာကျန်ပါတော့မယ်။ ဘယ်လိုုခရီးဆက်သွားရမလဲ။ ဖခင်ဖြစ်သူ အတတ်နိုုင်ဆုုံး ကြိုးပမ်းခဲ့ပြီးပြီဆိုုတာ သူကောင်းစွာနားလည်ပါတယ်။

ပိုုက်ဆံရစရာလမ်း ဒီထက်မပိုုနိုုင်တော့ဘူးဆိုုတာ သူကောင်းကောင်းသိပါတယ်။“ ဖေဖေ စိတ်ချပါ။ ကျနော့မှာ ခြေတွေလက်တွေ ရှိပါသေးတယ်။” အဖေ့ကိုု ပြန်နှစ်သိမ့်ရပါတယ်။ ဝမ်းနည်းပူဆွေးပေမဲ့ အတတ်နိုုင်ဆုုံး ဖခင်ဖြစ်သူကိုုသူပြုံးပြီးနူတ်ဆက်ပါတယ်။ နူတ်ဆက်ပြီးတာနဲ့ အိမ်ထဲကနေ တစ်ချိုးတည်း ထွက်လာပါတော့တယ်။

ခန္ဓာကိုုယ်ကိုု လှည့်ပြီး သူထွက်ခွာလာတဲ့အခိုုက်မှာမျက်ရည်တွေ မျက်နာတစ်ပြင်လုုံး ယိုုဆင်းလာပါတယ်။ သူငိုုသွားပါတယ်။ ဖခင်ကိုု မခွဲရက်တာပါတယ်။ ရှေ့ ပညာသင်ရမဲ့ခရီးအတွက် ပူဆွေးတာလည်းပါပါတယ်။ကျောပိုုးအိတ်ကိုုလွယ်ပြီး တောင်ပေါ်လမ်းကွေ့ကွေ့ကောက်ကောက်ကိုု ပြေးဆင်းပါတယ်။ သူမိုုင်ပေါင်း ၆၀ ခန့် ခရီးရှည် လျှောက်လိုုက်ပါတယ်။ကားခ ၆၈ ယွမ်နဲ့ ကားဂိတ်မှာ ဘတ်စ်ကားပြောင်းစီးပါတယ်။

သူအနှစ်နှစ်အလလ တက်ရောက်ချင်ခဲ့တဲ့ ပြည်နယ်တက္ကသိုုလ်ကိုု ရောက်ရှိခဲ့ပါတယ်။ကျောင်းပေါက်ဝရောက်ပြီ၊ ကားခရှင်းလိုုက်တယ်၊ လက်ထဲမှာ ၃၆၅ ယွမ်ပဲ ကျန်ပါတော့တယ်။ ပထမ Semester ၅ လကျောင်းတက်ရပါမယ်။

ယွမ်၃၀၀ ကျော်နဲ့ ဘယ်လိုုခရီးဆက်မလဲ၊ ပတ်ဝန်းကျင်က ကျောင်းသူကျောင်းသားများ ထိုုခေတ်ထိုုအခါမှာ MP4 ကိုုလည်ပင်းမှာ ချိတ်ဆွဲထားကြပါတယ်။တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားကြပါတယ်။ သူ့ကိုုပြုံးပြကြပါတယ်။ သူလည်း ပြန်ပြုံးပြပါတယ်။ စိတ်ထဲမှာတော့ မျက်ရည်များ ယိုုဆင်းနေပြန်ပါပြီ။

ထမင်းကိုု တစ်ရက် နှစ်နပ်ပဲစားပါတယ်။ တစ်နပ်စားရင် ( ၂ ) ယွမ်ပေးရပါတယ်။ ဒါသူ့ကိုုယ်သူ သတ်မှတ်ထားတဲ့ အနိမ့်ဆုုံး အသုုံးစားရိပ်ပါ။ ဒီလိုုဆက်သွားရင်လည်း

Semester ကုုန်ဆုုံးတဲ့အထိ ပိုုက်ဆံမလောက်ပါ ညမှာ သူအိပ်မပျော်ပါ။ အမျိုးမျိုးစဉ်းစားကြံဆနေရပါတယ်။ နောက်တစ်နေ့ သူအံတစ်ချက်ကျိတ်ပြီးဆုုံးဖြတ်ချက်တစ်ခုု ချလိုု်က်ပါတယ်။ ကျန်ရှိတဲ့ ပိုုက်ဆံ ၃၀၀ ကျော်ထဲက သူယွမ် ၁၅၀ နဲ့ လက်ကိုုင်ဖုုန်းတစ်ခုု ဝယ်လိုုက်ပါတယ်။ လက်ကိုုင်ဖုုန်းအဟောင်းပါ။

ဖုုန်းပြောလိုု့ရတယ်၊ စာတိုု message ပိုု့လိုု့ရတယ်၊ အခြားဘာ function မှမပါတဲ့ ဖုုန်းမျိုးပါ။နောက်တစ်ရက် အဆောင်နံရံတွေမှာ၊ ဓါတ်တိုုင်တွေမှာ၊ ကြောငြာပုုဒ်တွေမှာ သူကြော်ငြာငယ်လေးတစ်ခုု ကပ်ပါတယ်။ ခေါင်းစဉ်က“ သင်ဝန်ဆောင်မူ လိုုအပ်ပါသလား” တဲ့၊“ အကယ်၍ သင်ထမင်းဟင်းဝယ်လိုုတယ်၊ ရေနွေးခပ်ချင်တယ်၊ ဖုုန်းကြေးသွင်းချင်တယ်ဆိုုရင်၊ အောက်ပါ နံပါတ် xxxxxxxx ကိုုဆက်သွယ်လိုုက်ပါ။

ကျောင်းတွင်းဝန်ဆောင်မူ ၁ ယွမ်၊ ကျောင်းပြင်ပ ဝန်ဆောင်မူ တစ်ကီလိုုပိုုဝေးတိုုင်း ၂ ယွမ်၊ ကျနော်သင့်ကိုု ဝန်ဆောင်မူ ပြုပါရစေ ” လိုု့ ရေးထားပါတယ်။

အဲဒီနေ့ကစပြီး သူ့ဖုုန်းမအားလပ်တော့ပါ။ စတုုတ္တနှစ်ကျောင်းသားတစ်ဦး သူ့ကိုုဖုုန်းဆက်လာပါတယ်၊ “ ငါဆိုုတဲ့လူက ပျင်းတယ်၊ အိပ်ယာထနောက်ကျတယ်၊ထမင်းဝယ်တဲ့ကိစ္စ မင်းနေ့တိုုင်းငါ့ကိုုကူညီပါ။” တဲ့၊“ စိတ်ချပါ။ ခင်ဗျားအဆောင်အထိ ကျနော်မနက်တိုုင်း အချိန်မှီ မနက်စာ ပိုု့ပေးမယ်။” ဒါသူရဲ့ ပထမဆုုံးသော ဝန်ဆောင်မူဖြစ်ပါတယ်။

နောက်ကျောင်းသားတစ်ဦး စာတိုုပိုု့လာပါတယ်။“ ခင်ဗျားကျနော့ကိုု ဖိနပ်ဝယ်ပေးလိုု့ ရမလား၊ အခန်း ၅၀၄ ကပါ။ ဖိနပ်နံပါတ်က ၄၁၊ တံဆိပ်က xxx ”အားလုုံးအဆင်ပြေသွားပါတယ်။သူဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ပါ။ ဝန်ဆောင်မူ ပေးတာ သိပ်တောင်မကြာသေးဘူး၊ သူတစ်ခုုသတိထားမိသွားတယ်။

ကျောင်းသူကျောင်းသားတော်တော်များများဟာ အတန်းကြီးလေ၊ အပြင်မထွက်ချင်လေ၊ အခန်းပုုန်းများလေ ဆိုုတဲ့အချက်ပါပဲ။ အချို့ ကျောင်းသားများဟာအတန်းသွားမတက်တဲ့အပြင် အိမ်ပေါ်ကနေ အိမ်အောက်တောင် မဆင်းချင်ကြဘူး၊ သူတိုု့ အခန်းထဲမှာ ကွန်ပြူတာဂိမ်းတွေဆော့နေတယ်၊ သူငယ်ချင်းများနဲ့ Chattingထိုုင်ရိုုက်နေကြတယ်။ အဲဒီကျောင်းသားများ သူ့ရဲ့ ပင်မဖေါက်သည်ဖြစ်သွားပါတယ်။

တောင်ပေါ်ကလာတဲ့ ကလေးပီပီ၊ ကျန်းမာ သန်စွမ်းတယ်၊ သွက်လက်တယ်၊ ပြေးနိုု်င်လွှားနိုုင်တယ်၊ အဆောင်က ငါးထပ်ခြောက်ထပ်ဖြစ်နေတာတောင်မှ သူမမူဘူး၊တစ်ချက်ကလေးမှ မညည်းဘူး၊ သူတအားတက်ကြွတယ်။ တစ်ခုုခုုမှာလိုုက်ရင် မိနှစ်( ၃၀ ) အတွင်း အရောက်လာပိုု့တယ်။

သူ့ကိုု ၅ ယွမ်ပေးတယ်၊ မြို့ ပြင်ဝန်ဆောင်မူမိုု့လိုု့သူ ၂ ယွမ်ယူတယ်၊ ၃ ယွမ်ချက်ချင်းပြန်အမ်းတယ်၊ ပြန်အမ်းဖိုု့ အနူတ်မရှိဘူးဆိုုတာမျိုး သူလုုံးဝ အဖြစ်မခံဘူး၊ သူအဆင်သင့်ဖြစ်အောင် အမြဲအနူတ်ဆောင်ထားတယ်။

သူဂတိတည်တယ်၊ ပြီးအောင်လုုပ်တယ်၊ အချိန်မြန်တယ်၊ တိကျတယ်။ ကျောင်းသူကျောင်းသားများအကြားမှာ သူအတော်နာမည်ရလာတယ်။ နောင်ဘာပဲလိုုလိုု၊ကိုုယ်တိုုင်ထွက်မဝယ်နိုုင်ရင် သူ့ကိုုပဲ အရင်သတိရကြတယ်။ သူဒီလောက်အလုုပ်ဖြစ်လိမ့်မယ်ဆိုုတာ မျော်လင့်မထားခဲ့ပါဘူး၊ အတန်းဆင်းဆင်းချင်း ဖုုန်းဖွင့်လိုုက်တာနဲ့အလုုပ်ကအမြဲ သူ့ကိုုစောင့်နေပါပြီ။

တစ်ရက်ကျတော့ မိုုးအကြီးအကျယ်ရွာသွန်းတယ်၊ သူဖုုန်းမီလာပြန်ပြီ၊ ကျောင်းသူတစ်ယောက်ဆီကဖြစ်တယ်။သူမိုုးထဲမှာချက်ချင်းပြေးထွက်သွားတယ်၊ ကျောင်းသူမှာတဲ့ထီးကိုု ချက်ချင်းပိုု့ပေးလိုုက်တယ်။ အခန်းတံခါးခေါက်ပြီး ထီးပေးတဲ့အချိန်မှာ ကျောင်းသူက သူ့ကိုုကျေးဇူးတင်လွန်းလိုု့ တစ်ချက်သိုုင်းဖက်လိုုက်တယ်။ ဒါပထမဆုုံးအကြိမ် သူမိန်းခလေးရဲ့ သိုုင်းဖက်ခံရတာပဲ၊ သူမျက်ရည်ကျသွားပါတယ်။

နောက်ပိုုင်းမှာ သူတော်တော် အလုုပ်များသွားပါတယ်၊ အတတ်နိုုင်ဆုုံး ဝန်ဆောင်မူကိုု ပြည့်ဝအောင် သူကြိုးစားရှာပါတယ်။ ပထမ Semester ပြီးဆုုံးသွားပါတယ်။ဆောင်းရာသီကျောင်းပိတ်ပါပြီ၊ သူပြန်သွားပါတယ်။ သူ့ဖခင်က သူ့ကျောင်းစားရိပ်အတွက် ပူပင်သောက ရောက်နေဆဲပါ။ သူဖခင်ကိုုနှစ်သိမ့်ပါတယ်၊ ဖခင်လက်ထဲကုုိ ပိုုက်ဆံယွမ် ၁၀၀၀ ကန်တော့နိုုင်ခဲ့ပါတယ်။

“ အဖေ၊ သားက သူများလိုု မချမ်းသာပေမဲ့၊ အဖေက သားကိုုအပြေးမြန်တဲ့ချေထောက်အမွေပေးထားတယ်လေ၊ ဒါအဲဒီခြေထောက်ကိုု အားကိုုးပြီး ဒီထက်အောင်မြင်အောင်ပြေးအုုံးမှာ ” လိုု့ သူရှင်းပြပါတယ်။ ဒုုတိယ Semester သူတစ်ယောက်တည်း မပြေးလွားတော့ပါ။ ဘဝတူ ကျောင်းနေဘက်များကိုု စုုစည်းလိုုက်ပါတယ်။

တစ်ကျောင်းလုုံးကိုု ဝန်ဆောင်မူ စတင်ပေးပါတယ်။ ကျောင်းပြင်ပ ဝန်ဆောင်မူ ကိုုယ်စားလှယ် အလုုပ်ကိုု စတင်လုုပ်ပါတယ်။ဝန်ဆောင်မူ ဧရိယာတစ်ဖြည်းဖြည်း ကျယ်ပြန့်လာပါတယ်။ တောက်တိုုမယ်ရ နေ့စဉ်လိုုအပ်တဲ့ သွားတိုုက်တံသွားတိုုက်ဆေး၊ ကျောင်းသုုံးကရိယာကအစ၊ ကွန်ပြူတာအပိုုပစ္စည်း၊ လျပ်စစ်ပစ္စည်းအစ ပါဝင်လာပါတယ်။ စာသင်နှစ်တစ်နှစ် ပြီးဆုုံးသွားတဲ့အချိန်မှာ သူကိုုယ်ပိုုင်ကွန်ပြူတာ ဝယ်နိုုင်သွားပါတယ်။

အင်တာနကကွန်ယက်ကိုု အသုုံးပြုပြီး သူ့ Customer အုုပ်စုု တော်တော်ကြီးမားလာပါတယ်။ Online Shopping ကုုမ္မဏီတစ်ခုု သူ့ကိုု ကျောင်းတွင်းကိုုယ်စားလှယ်အဖြစ် ခန့်အပ်ပါတယ်။ပြေးတယ်၊ ပြေးတယ်၊ ဆက်ပြေးတယ်၊ သူအောင်မြင်တဲ့ လမ်းပေါ်ကိုုစတင်တက်လှမ်းနေပါပြီ။သူစတုုတ္တနှစ်ပြီးဆုုံးတဲ့အခါမှ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ရုုံသာမကသူ့အတွက် ပထမအရင်းအနီးကိုု စုုမိဆောင်းမိနေပါပြီ၊ သူ့ရဲ့ ကနဦး ရင်းနီးမတည်ငွေဟာ ယွမ်ငွေ ငါးသိန်း ( ကျပ်ငွေ သိန်း တစ်ထောင်ကျော်ကျော်ခန့် ) ဖြစ်ပါတယ်။

သူနာမည် He Jia Nan ဟိုုကျားနံ ဖြစ်ပါတယ်။ တရုုတ်ပြည် အရှေ့ မြောက်ပိုုင်း Hei Long Jiang ပြည်နယ်မှာရှိတဲ့ Da Xing An Ling ကျေးလက်ဒေသမှ ပေါက်ဖွားလာတဲ့ လုုပ်ငန်းရှင်လောင်းတစ်ဦးဖြစ်ပါတယ်။

အခုုသူတက္ကသိုုလ်နယ်မြေတစ်ခုုလုုံးရဲ့ အရောင်းကိုုယ်စားလှယ်ချုပ်ဖြစ်နေပါပြီ၊ သူရိုုးရိုုးရှင်းရှင်း ပုုံစံအတိုုင်း နေထိုုင်နေဆဲပါ။ အလုုပ်ကြိုးစားတယ်၊ သွက်လက်တယ်၊ရေနွေးတစ်ဘူးခပ်တိုုင်း တစ်ယွမ်ယူနေဆဲပါ။ သူပြေးလွားနေဆဲပါ။ သင်သာ သူ့နေရာမှာ ရှိခဲ့ရင် ဘယ်လိုုတုုံ့ပြန်မလဲ ၊ မိဘဆင်းရဲတာကိုု ဝမ်းနည်းနေမှာလား၊ ပြစ်တင်နေမှာလား၊ခေတ်အခါကိုု၊ အစိုုးရကိုု အပြစ်ပြောနေမှာလား၊ ထီးမပါတဲ့ကလေးဟာ မိုုးထဲမှာ ပိုုအပြေးမြန်ပါတယ်။ ဒီဆောင်းပါး ကျနော့စိတ်ကိုု တော်တော်ထိပါတယ်။

အများဖတ်ရူ့ နိုုင်ဖိုု့ ဘာသာပြန်လိုုက်ပါတယ်။ လူငယ်လူရွယ်များအားလုုံး ကိုုယ့်ကိုုယ်ကိုု ရပ်တည်လိုုစိတ် ရှိနိုု်င်ကြပါစေ။ မိဘထံလက်ဖြန့်တဲ့ဘဝမှ လွတ်နိုုင်ကြပါစေ၊

ဘဝတိုုးတက်မူ ခရီးလမ်းမှာ အပြေးမြန်နိုု်င်ကြပါစေ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။