တရုတ်နို င်ငံ။ ရှန်ဟိုင်းမြူနီစီပယ်ကျန်းမာရေးကော်မရှင် (Shanghai Municipal Health Commission)ရဲ့ အတည်ပြုမှုအရ အများစိုးရိမ်နေကြတဲ့ ဝူဟန်ဗိုင်းရပ်စ်ကို ပထမဆုံးအကြိမ် စတင်ကုသနိုင်ခဲ့ပြီလို့ သိရပါတယ်။ ကုသရာမှာ အသုံးပြုတဲ့ဆေးဟာ HIV အတွက် ထုတ်လုပ်ထားတဲ့ ဆေးပါ။

ပထမဆုံး ဝူဟန်ဗိုင်းရပ်စ် ပျောက်ကင်းအောင် ကုသနိုင်ခဲ့တဲ့အမျိုးသမီးကတော့ အသက် (၅၆)နှစ်ဖြစ်ပြီး၊ Chen လို့ သိရပါတယ်။ သူဟာ ဆေးရုံကနေ အောင်မြင်စွာ ဆင်းသွားခဲ့ပါပြီ။ ဒေါက်တာတွေကတော့ သူ့ကို ကုသတဲ့ဆေးဟာ HIV ရောဂါသည်တွေအတွက်သုံးတဲ့ Nelfinavir အမည်ရ ဆေးဖြစ်ပါတယ်တဲ့။

Nelfinavir ဆေးဟာ ဆဲလ်တွေဆီကနေ ဗိုင်းရပ်စ်ပွားများလာမှုကို အမြန်လျှော့ချပေးတဲ့ဆေးတစ်မျိုးဖြစ်ပြီး၊ Chen ကို အဲဒီဆေးစမ်းသပ် အသုံးပြုတဲ့အခါ Chen ရဲ့ အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေကို တွေ့ရပြီး၊ သေချာကုသပြီးနောက် CT Scan စစ်ခဲ့ပါတယ်။

အဲဒီနောက် သွေးစစ်ဆေးမှုနှစ်ကြိမ် စစ်ဆေးခဲ့ရာမှာ ဝူဟန်ဗိုင်းရပ်စ် လုံးဝကင်းစင်နေတာကို အံ့အားသင့်ဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။ Chen ဟာ ဇန်နဝါရီ(၁၂)ရက်ကတည်းက ဆေးရုံတက်ရောက်နေခဲ့သူပါ။ သူမဟာ တုပ်ကွေးလိုလို ဖျားနာမှုမျိုး ကောက်ကာငင်ကာ ခံစားခဲ့ရပြီး ဆေးရုံရောက်လာခဲ့တာပါ။

သူမဟာ ဝူဟန်မြို့သူဖြစ်ပြီး၊ Coronavirus ဗိုင်းရပ်စ်စတင်ပျံ့နှံ့ခဲ့ရာ ဒေသဖြစ်ပါတယ်။ နောက်ထပ် ကြားသိရတဲ့ သတင်းမှာတော့ တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်မှာလည်း အသက်(၄၆)နှစ်အရွယ် အမျိုးသားတစ်ဦးကို အောင်မြင်စွာကုသနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလူအမည်ကတော့ Yang ဖြစ်ပြီး ဝူဟန်မြို့သားတစ်ယောက်ပါ။ Yang ကိုတော့ ဘယ်နည်းဘယ်ပုံကုသခဲ့တယ်ဆိုတာ အသေးစိတ် မသိရသေးပါဘူး။

လင်းဇော်ကို (D Nae Khit)

ဝူဟန္ဗိုင္းရပ္စ္ကို ပထမဆုံး ေပ်ာက္ေအာင္ကုသနိုင္ၿပီ

တ႐ုတ္နိုင္ငံ။ ရွန္ဟိုင္းျမဴနီစီပယ္က်န္းမာေရးေကာ္မရွင္ (Shanghai Municipal Health Commission)ရဲ့ အတည္ျပဳမႈအရ အမ်ားစိုးရိမ္ေနၾကတဲ့ ဝူဟန္ဗိုင္းရပ္စ္ကို ပထမဆုံးအႀကိမ္ စတင္ကုသနိုင္ခဲ့ၿပီလို႔ သိရပါတယ္။ ကုသရာမွာ အသုံးျပဳတဲ့ေဆးဟာ HIV အတြက္ ထုတ္လုပ္ထားတဲ့ ေဆးပါ။

ပထမဆုံး ဝူဟန္ဗိုင္းရပ္စ္ ေပ်ာက္ကင္းေအာင္ ကုသနိုင္ခဲ့တဲ့အမ်ိဳးသမီးကေတာ့ အသက္ (၅၆)ႏွစ္ျဖစ္ၿပီး၊ Chen လို႔ သိရပါတယ္။ သူဟာ ေဆး႐ုံကေန ေအာင္ျမင္စြာ ဆင္းသြားခဲ့ပါၿပီ။ ေဒါက္တာေတြကေတာ့ သူ႔ကို ကုသတဲ့ေဆးဟာ HIV ေရာဂါသည္ေတြအတြက္သုံးတဲ့ Nelfinavir အမည္ရ ေဆးျဖစ္ပါတယ္တဲ့။

Nelfinavir ေဆးဟာ ဆဲလ္ေတြဆီကေန ဗိုင္းရပ္စ္ပြားမ်ားလာမႈကို အျမန္ေလၽွာ့ခ်ေပးတဲ့ေဆးတစ္မ်ိဳးျဖစ္ၿပီး၊ Chen ကို အဲဒီေဆးစမ္းသပ္ အသုံးျပဳတဲ့အခါ Chen ရဲ့ အသက္ရႉလမ္းေၾကာင္းတစ္ေလၽွာက္မွာ ဖြံ့ၿဖိဳးတိုးတက္မႈေတြကို ေတြ႕ရၿပီး၊ ေသခ်ာကုသၿပီးေနာက္ CT Scan စစ္ခဲ့ပါတယ္။

အဲဒီေနာက္ ေသြးစစ္ေဆးမႈႏွစ္ႀကိမ္ စစ္ေဆးခဲ့ရာမွာ ဝူဟန္ဗိုင္းရပ္စ္ လုံးဝကင္းစင္ေနတာကို အံ့အားသင့္ဖြယ္ရာ ေတြ႕ရွိခဲ့ရပါတယ္။ Chen ဟာ ဇန္နဝါရီ(၁၂)ရက္ကတည္းက ေဆး႐ုံတက္ေရာက္ေနခဲ့သူပါ။ သူမဟာ တုပ္ေကြးလိုလို ဖ်ားနာမႈမ်ိဳး ေကာက္ကာငင္ကာ ခံစားခဲ့ရၿပီး ေဆး႐ုံေရာက္လာခဲ့တာပါ။

သူမဟာ ဝူဟန္ၿမိဳ႕သူျဖစ္ၿပီး၊ Coronavirus ဗိုင္းရပ္စ္စတင္ပ်ံ႕ႏွံ့ခဲ့ရာ ေဒသျဖစ္ပါတယ္။ ေနာက္ထပ္ ၾကားသိရတဲ့ သတင္းမွာေတာ့ တ႐ုတ္နိုင္ငံအေရွ႕ပိုင္း Zhejiang ျပည္နယ္မွာလည္း အသက္(၄၆)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးကို ေအာင္ျမင္စြာကုသနိုင္ခဲ့တယ္လို႔ သိရပါတယ္။

အဲဒီလူအမည္ကေတာ့ Yang ျဖစ္ၿပီး ဝူဟန္ၿမိဳ႕သားတစ္ေယာက္ပါ။ Yang ကိုေတာ့ ဘယ္နည္းဘယ္ပုံကုသခဲ့တယ္ဆိုတာ အေသးစိတ္ မသိရေသးပါဘူး။

လင္းေဇာ္ကို (D Nae Khit)a