ရ ခိုင် ယူနိုက်တက်အသင်း ကစားသမားဖြစ်သူ ဇော်သိန်းဝင်းသည် ယမန်နေ့ (ဇန်နဝါရီလ ၂၆ရက်)ည ၁ဝ:ဝဝ နာရီခန့်တွင် ဆိုင်ကယ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး စစ်တွေဆေးရုံအမျိုးသား ခွဲစိတ်ဆောင်၌ အတွင်းလူနာ (စိုးရိမ်ရ) အခြေအနေ ဖြင့် ဆေးကုသမှု ခံယူလျက်ရှိသည်။

ကျောက်ဖြူဇာတိ ဖြစ်သူ ဇော်သိန်းဝင်းသည် ယမန်နေ့ ညပိုင်းက စစ်တွေ ပြည်ထောင်စုလမ်၌ အဖော်ဖြစ် သူမိန်းကလေး နှင့် သွားလာစဉ် ယခုကဲ့သို့ မတော်တဆမှု ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး အဖော်မိန်းကလေး မှာ ဦးခေါင်း ကွဲကြေ ဒဏ်ရာ ဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ ဆုံးပါးသွားခဲ့ပါသည်။

ဇော်သိန်းဝင်း မှာလည်း ဦးခေါင်းခွံ ရိုးကျိုး ဒဏ်ရာ၊ နားသွေးထွက် ဖြင့် စစ်တွေဆေးရုံကြိး၌ ကုသမှုခံယူ လျက်ရှိပြီး ရခိုင်ယူနိုက်တက် အသင်းဘက်မှ အခင်းဖြစ်ပွားသည်ဟု သိရသည်နှင့် တပြိုင်နက်အသင်းဥက္ကဌ ဦးဇော်မင်းသိန်း၏ လမ်းညွှန်မှုဖြင့် လိုအပ်သည်များကို အပြည့်အဝ ကူညီပံ့ပိုးပေးလျက်ရှိပါသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင် ကစားသမားအား ​CT SCAN ဖြင့် စစ်ဆေး စောင့်ကြည့်လျက်ရှိပြီး လူနာ ဆွေမျိုးသားချင်းများလည်း ရောက်ရှိကာ အနီးကပ် ပြုစုလျက်ရှိပါသည်။

ရခိုင်ယူနိုက်တက်အသင်း အနေဖြင့်လည်း ယခုမတော်တဆမှုအတွက် သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်ကာ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ရန် အချိန်နှင့်တပြေးညီဆောင်ရွက်လျက်ရှိသည်။

ရခိုင်ယူနိုက်တက် အသင်း ဒုတိယဥက္ကဌ ဦးနေထက်လင်းနှင့် အသင်းတာဝန်ရှိသူများ၊ အသင်း ကစားသမားများ အနေဖြင့် လည်း လူနာအား အနီးကပ် စောင့်ရှောက်လျက်ရှိပြီး လိုအပ်သည့် ဆေးဝါးကုသမှု များ ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

RUFC