မကြာသေး ခင် က အဆိုတော် ချယ်ရီသင်းရဲ့ “ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်” ဆိုတဲ့သီချင်းလေးကတော့ လူတိုင်းနှုတ်ခမ်းဖျားမှာ ရေပန်းစားခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီသီချင်းလေးကို ထွက်ပြီး သိပ်မကြာခင်မှာပဲ ပြန်ဆိုတေးအဖြစ် မြန်မာပြည်ရဲ့ ဝါရင့်ဂီတပညာရှင်ကြီးဖြစ်တဲ့ အဆိုတော် မြန်မာပြည်သိန်းတန်ကပင် ပွဲတစ်ပွဲမှာ ပြန်လည်ပြီးတော့ သီဆိုခဲ့တာကိုလည်းတွေ့ရပါတယ်။

ဒီလို ပြန်လည်သီဆိုကြသူတွေထဲမှာတော့ မျက်စိအမြင်အာရုံချွတ်ယွင်းပေမယ့် အသံကိုတည်ငြိမ်ကောင်းမွန်စွာ သီဆိုနိုင်တဲ့ အန်တီ (ကာရံချို) ကတော့ တကယ့်ကိုပြိုင်စံရှားပါပဲ။ မူရင်းအဆိုရှင် ဖြစ်တဲ့ ချယ်ရီသင်းကပင် အားပေးခဲ့တဲ့အထိ သူမရဲ့ အသံနဲ့ သီချင်းက လိုက်ဖက်လွန်းလှပါတယ်။ သူမဟာ ဝမ်းရေးအတွက် လမ်းဘေးမှာ သူမတတ်တဲ့ အနုပညာနဲ့ ဖျော်ဖြေခဲ့ပေမယ့် စတူရီယိုမှာ ဆိုသလို အသံက တော်တော်လေးကို လှနေခဲ့ပါတယ်နော်။

သူ သီဆိုတာကို ချယ်ရီသင်းတွေ့ပြီးတဲ့နောက်မှာတော့ သူမ(ကာရံချို) ကိုတွေ့ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအကြားမှာ မအားလပ်ခဲ့ပေမယ့် အခုတော့ သူတို့နှစ်ဦးသား ဆုံတွေ့နိုင်ခဲ့ပြီးတော့ အဆိုတော် ချယ်ရီသင်းက သူမ(ကာရံချို) အတွက် လမ်းဘေးမှာ အတူတူအလှူခံပေးခဲ့တာကိုလည်း လေးစားဖွယ် တွေ့ရပါတယ်။

“လူဟာ လူပါပဲ။ ဘာမှ ခွဲခြားနေစရာမလိုပါဘူး။ ချယ်လည်း အဲ့လို မခွဲခြားဘူး။ အန်တီသီဆိုတာကို ကြားတာနဲ့ အရမ်းကြိုက်သွားတာ အန်တီအသံကလည်း ချယ်ကြိုက်တဲ့ ကာလာမျိုးဆိုတော့ တော်တော်လေးကို နှစ်သက်တယ်” လို့ ဆိုပါတယ်။

အန်တီ(ကာရံချို)ကလည်း အခုလို အဆိုတော် ချယ်ရီသင်းနဲ့တွေ့ရလိမ့်မယ်လို့ မမျှော်လင့်သလို ၊ စိတ်တောင် မကူးဖူးကြောင်း ၊ အခုလို သူမနဲ့အတူ လမ်းဘေးမှာ မရှက်မကြောက် အလှူခံပေးတဲ့အတွက်လည်း များစွာ ဝမ်းသာမိတဲ့အကြောင်းကို မျက်ရည်တွေ ကြားက အခုလိုပဲ ပြောပြလာခဲံပါတယ်။

ဗီဒီယိုဖိုင်ကို ကြည့်ရန် နှိပ်ပါ

Writer – SMT ( Shwe Yaung Lan )
Video- Cele Connection