မြန် မာနိုင်ငံရဲ့ ဝါရင့်အနုပညာရှင် အကယ်ဒမီများဆုရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မေသန်းနုကတော့ ငွေကြေးအရှုပ်အရှင်းကြောင့် ထောင်ဒဏ် ၁ နှစ် ကျခံခဲ့ရတာအားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီအတွက် သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ အတော်လေးကိုသူမရဲ့ အနုပညာအတွက်ခံစားကြရပါတယ်။ ထို့အတူ သူမရဲ့ မိသားစုကလည်း ပိုဖို့ပဲရှိပါတယ်နော်။

သရုပ်ဆောင်မေသန်းနုမှာ မင်သန့်မောင်မောင်ဆိုတဲ့ သားလေး တစ်ဦးရှိပါတယ်။ သူ့ကိုထိခိုက်မှာ စိုးတာကြောင့် ဖခင်ဖြစ်သူ ဇင်ယော်မောင်မောင်ကတော့ မိသားစုအရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားနေတာကိုတွေ့ရပါတယ်နော်။သားလေး မင်သန့်မောင်မောင်ကတော့ မိခင်ဖြစ်သူ မဆင့်ခေါ် မေသန်းနုကို အရမ်းကိုသတိရနေခဲ့တယ်လို့ဆိုပါတယ်။ ဒီနေ့ဟာဆိုရင် သရုပ်ဆောင် မေသန်းနုရဲ့ မွေးနေ့ဖြစ်ပြီး သူ့ကို လူဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ မေမေရဲ့ မွေးနေ့လေးဖြစ်တယ်ဆိုပြီးသူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေကို မျှဝေပေးထားပါတယ်။ ပြီးတော့ သူ့ရဲ့အမေ အမှားတွေရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးဖို့ သူကပဲ အခုလို တောင်ဆိးုလိုက်ပါ
တယ်။

((
ဤလောကတစ်ခုလုံး၌ကျွန်တော်ဧ။်တစ် ဦး တည်းချစ်ရသောမိခင်ရဲ့မွေးနေ့ဖြစ်ပါတယ်။ ကျွန်တော်ကို ဒီနေ့အထိပြုစုပျိုးထောင်ပြီး ကျွန်တော့် အတွက် စွန့်လွှတ်အနစ်နာခံခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။
ဒီနေ့ဟာ ကျွန်တော့်ဘဝအတွက် အရေးကြီးဆုံးဖြစ်တဲ့ ကျွန်တော်အမေရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အခက်အခဲတွေ အတားအဆီတွေကြားထဲကနေ ဒီနေ့လေးကို အမေအတူတူ ကျွန်တော် ဖြတ်သန်းချင်တာပါ။ နာကြင်တဲ့ကြားထဲကနေ ကံကြမ္မာဆိုးတွေကို ကျွန်တော်နဲ့အတူ ဖြတ်ကျော်ကြရအောင်ပါ။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အမေကျွန်တော်ရဲ့အမေပါပဲ။ အမေက ကျွန်တော့်ကို ဒီလောကကြီးထဲမှာ ရှင်သန်ခွင့်ပေးခဲ့တယ်။ အမေကို အမြဲတမ်းချစ်ပြီး အမြဲတမ်းလွမ်းနေရပါတယ်။ အမေနဲ့ ကျွန်တော်မိသားစုအတွက် ဂုဏ်ယူရအောင် အမြဲအလုပ်တွေ ကြိုးစားနေပါတယ် ဒီထက်ပိုပြီးလည်း ကြိုးစားသွားပါ့မယ်။အမေမှားခဲ့တာတွေရှိခဲ့ရင်လည်း ကျွန်တော် ခွင့်လွှတ်ပါတယ် ကျွန်တော့်အတွက် လုပ်ခဲ့တယ်ဆို ကျွန်တော် အသိဆုံးမို့လို့ပါ။ သားအမှားတွေ ရှိခဲ့ရင်လည်း သားကို ခွင့်လွှတ်ပေးပါအမေ။ အားလုံးသော ခွင့်လွှတ်ခြင်းတွေနဲ့ အမေကျန်းမာပျော်ရွှင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်။ ကျွန်တော် အမေ့ရဲ့ကိုယ်စား အမေ့မွေးနေ့မှာ အန္တရာယ်ကင်းပြီး အေးချမ်းပါစေလို့ ဆုတောင်းပေးပါတယ်။အားလုံး စိတ် ဧ။် ကျန်းမာခြင်းနဲ့ပြည့်စုံပြီး မိသားစုနှင့်အတူပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ချစ်တယ် အမေ။

ကျွန်တော့်အမေကို ဆုတောင်းပေးပါသော ပရိသတ်များအားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ

ကျွန်တော်အမေမှားခဲ့တာရှိရင်လည်း အမေ့ကိုယ်စား ကျွန်တော်ကပဲ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်ခင်ဗျာ
))

ကဲ ပရိသတ်ကြီးရေ မဆင့်လည်း သူ့အပြစ်အတွက် ပြစ်ဒဏ်ခံယူနေချိန်မှာ မဆင့်ရဲ့ မွေးနေ့အတွက် မဆင့်ကိုချစ်တဲ့ ပရိသတ်တွေကို အားလုံး ဆုတောင်းပေးကြပါဦးနော်။ ပြီးတော့ မဆင့် ပြစ်ဒဏ်ကလွတ်မြောက်ရင်ရော အရင်လို အားပေးဦးမှာလားဆိုတာ ပြောပြပေးပါဦးနော်။

Writer – SMT ( Shwe Yaung Lan )