




Unicode

အေသင်ချိုဆွေရဲ့ သမီးလေးတွေကိုတွေ့ရင် ကလေးလိုချင်တယ်ဆိုတဲ့ ပိုပို

ချစ်ဖူးခဲ့သမျှသီချင်းလေးနဲ့ ပရိသတ်ရင်ထဲကို နေရာယူခဲ့ပြီး အောင်မြင်တဲ့အနုပညာရှင် တစ်ယောက်ဖြစ်လာသူကတော့ ပိုပိုပါ ။ တစ်ယောက်ထဲ ကြိုးစားရှင်သန်ရပ်တည်နေရင်းနဲ့ အချစ်ရေးဘက်ကို ဦးမလှည့်နိုင်သေးတဲ့

အပျိုကြီး ပိုပိုတစ်ယောက်ကတော့ သူမချစ်တဲ့ဖန်တွေရဲ့ အချစ်တွေနဲ့ သီချင်းတွေလုပ်ရင်းပျော်ရွှင်နေတဲ့သူတစ်ယောက်လို့ဆိုရမှာပါ ။ ပရိသတ်တွေကသူမရဲ့ အချစ်ရေးကို စိတ်ဝင်စားနေကြပေမယ့် အချစ်ရေးကတော့သတင်းငြိမ်နေဆဲပါပဲနော် ။

သီချင်းတွေနဲ့ရှင်သန်ရင်း တစ်ယောက်ထဲရုန်းကန်နေပေမယ့်လည်း အပျိုကြီး ပိုပိုတစ်ယောက်တစ်ခါတစ်လေတော့လည်း မိသားစုဘဝလေးကို တောင့်တ မိဟန်တူပါတယ် ပရိသတ်ကြီးရေ..။

ပိုပိုက စင်ဂယ်မားသားတစ်ယောက် ဖြစ်တဲ့ အေသင်ချိုဆွေရဲ့ သမီးလေး Ivy ကိုမြင်တိုင်း ကလေးမွေးချင်တယ်လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားခဲ့ပါသေးတယ် ။ ပရိသတ်တွေကတော့ အပျိုကြီးတစ်ယောက် ကလေးမွေးချင်တယ်လို့ ပြောလို့ စနောက်တဲ့မှတ်ချက်တွေ ပေးနေကြတာလည်းတွေ့ရပါတယ် ။

ချစ်စရာကောင်းတဲ့ သမီးလေး Ivy ကတော့ ၀၀ ကစ်ကစ်လေးနဲ့ အရမ်းကိုလူလည်လုပ်တတ်နေပြီမလို့ ပရိသတ်တွေက ဝိုင်းချစ်နေကြသလို အနုပညာရှင်တွေကလည်း အချစ်ပိုနေကြတာဖြစ်ပါတယ် ။ ပိုပိုကလည်း သမီးလေး ivy ကိုအရမ်းချစ်လို့ သူ့လိုကလေးလေးလိုချင်လို့ အခုလိုရေးသားခဲ့ပေမယ့် အပျိုကြီးတစ်ယောက် ဝိုင်းစခံနေရပါပြီနော် ။