




Unicode

ခင်လှိုင့်ရဲ့သား နေရဲ က ဝတ်မှုံရွှေရည်ကို အရမ်း Crush ပါတယ်လို့ ဝန်ခံ

နိုင်ငံကျော် ဇာတ်ပို့သရုပ်ဆောင်ကြီး ခင်လှိုင်က သူ့ရဲ့ အနုပညာအမွေကို ဆက်ခံတဲ့ သားကြီး နေရဲနဲ့ သမီးလေး သဇင်ထူးးမြင့်ကြောင့် အမြဲတမ်း ဂုဏ်ယူနေရတာ ဖြစ်ပါတယ်။ နေရဲနဲ့ သဇင်ထူးမြင့်က အနုပညာလုပ်ငန်းတွေကို ကိုယ်စီလုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ နေရဲကတော့ အနုပညာလောကထဲမှာ နေရာတစ်နေရာရရှိနေပြီဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေတာ ဖြစ်ပါတယ်။

နေရဲက လတ်တလောမှာတော့ ဒါရိုက်တာကိုပေါက် ရိုက်ကူးပုံဖော်တဲ့ “အိပ်မက် မြစ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပိုင်တံခွန်၊ ဝတ်မှုံရွှေရည်၊ မေမီကိုကို၊ ခင်ဇာခြည်ကျော်တို့နဲ့အတူတူ သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

နေရဲက ရိုက်ကွင်းပေါ်မှာ ဝတ်မှုံရွှေရည် မျက်နှာတစ်ခြမ်းလေးပါတဲ့ပုံကိုတင်ပြီး ” ရူတင်မှာပေါ့……ပင်ပန်းမှာစိုးလို့မလိုက်လာပါနဲ့ဆို လိုက်လာတယ်…..🥰🥰🥰” ဆိုပြီး သူ့ရဲ့ ပရိသတ်တွေကို စနောက်ထားပါတယ်။

ဒါပေမယ့် ပရိသတ်တွေက ထိုပုံထဲက မိန်းကလေးဟာ ဝတ်မှုံရွှေရည်မှန်းသိတာကြောင့် နေရဲကိုလှောင်ပြောင်ခဲ့တာကို နေရဲက “HaHa တွေပေးတယ်နော် 🙄🙄🙄 Ma Kit ကို အရမ်း crush တာ မသိတာလား 😒♥️♥️” ဆိုပြီး ဝတ်မှုံရွှေရည်ကို အရမ်းကြိုက်ကြောင်း ပြောထားပါတယ်။

ဝတ်မှုံရွှေရည်ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပရိသတ်ရရှိထားရုံသာမက အနုပညာအသိုင်းအဝိုင်းကပါ အားပေးချစ်ခင်ခြင်းခံရသူလေးတစ်ယောက် ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။