မန်ကျည််းရွက်နု ကို ခေါင်းအုံးအိပ််ခြင်းမှ ရရှိလာမယ့် အကျိုးကျေးဇူးများ

မန်းကျည်းရွက်နု နု ခေါင်းအုံးကလေး “ခေါင်းအုံံဇက်လေးဖြစ်နေရင်”

အဲ့လို ခံစားနေရရင်”မန်းကျည်းရွက်နု”လေးတွေကိို ခေါင်းအုံးတစ်လုံးစာယူပြီးခေါင်းအုံးလုပ်အိပ်ပေးပါ။တစ်ရေးအိပ်ပြီးတာနဲ့”ခေါင်းအုံlဇက်လေး”တာ ယူပစ်သလိိုပျောက်ကင်းပါတယ်။

မိိမိအုံးပြီး သား ကိုအခြားလူအုံးပါက ဝေဒနာကူးစက်တတ်သဖြင့်် တစ်ခါအိပ်ပြီးတာနဲ့ မန်ကျည်းရွက်များကိုအမှိုက်် ပုံံထဲသာစွန့်ပစ်ပါ။တစ်ခါသုံံးဆေးခေါင်းအုံးလေးသာဖြစ်ပါတယ်။မိမိလည်း၎င်းခေါင်းအုံးနဲ့ပြန်မအိိပ်ရပါ။ဝေဒနာပြန်ကူးတတ်ပါတယ်။။

“ကျန်းမာချမ်းသာကြပါစေ” ပြန်လည်မျှဝေပါတယ်် တခုခု ရရင်​​ကျေနပ်​တယ်

ခရစ်ဒစ်် မူရင်း

မန်းကျည်းရွက်လေးတွေက စားလို့တင်ကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးအကျိုးအာနိသင်ထူးတွေလည်းရှိနေပါသေးတယ်။

ဆီးချိုသက်သာစေနိုင်တယ် – မန်ကျည်းရွက်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ပမာဏကိုတိုးလာအောင်လုပ်ဆောင် ပေးနိုင်ပါတယ်။

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ် – မန်ကျည်းရွက်က နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။ တွယ်ဆက်တစ်ရှုးတွေ ရောင်ရမ်းတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ငှက်ဖျားသက်သာစေနိုင်တယ် – မန်ကျည်းရွက်ရဲ့ အဆီအနှစ်က ငှက်ဖျားရောဂါပိုးကို ကာကွယ်ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

ခံတွင်းအနာကို သက်သာစေနိုင်တယ် – မန်ကျည်းရွက်ပြုတ်ရည်က ခံတွင်းအနာတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။နို့ထွက်ကောင်းစေတယ် – မန်ကျည်းရွက်ရဲ့ အဆီအနှစ်က နို့တိုက်မိခင်တွေကို နို့ထွက်ကောင်းအောင်လုပ်ဆောင်ပေးပါတယ်။

ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တယ် – လေဒီတွေခံစားရတဲ့ လစဉ်တိုင်းနာကျင်ကိုက်ခဲမှုဝေဒနာသက်သာစေဖို့အတွက် မန်ကျည်းရွက်နဲ့ မန်ကျည်းပင်အခေါက်တို့ကို အသုံးပြုပေးလို့ရပါတယ်။

ခံတွင်းကျန်းမာရေးအတွက်ကောင်းတယ် – ခံတွင်းကျန်းမာရေးက လူတိုင်းအတွက်အရေးပါတာပါ။ ဒါကြောင့်ခံတွင်းအနံ့ဆိုးကင်းအောင် မန်ကျည်းရွက်ကို စားသုံးပေးလို့ရပါတယ်။ သွားကိုက်သွားနာတာအတွက်လည်း မန်ကျည်းရွက်ကို အသုံးပြုလို့ရပါတယ်။

သွေးတိုးသက်သာစေနိုင်တယ် – ယနေ့ခေတ်ရဲ့ လူနေမှုပုံစံက အလွယ်တကူသွေးတိုးဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကကင်းဝေးစေဖို့ဆိုရင် မန်ကျည်းရွက် ကိုစားသုံးပေးလို့ရပါတယ်။ သွေးတိုးကျအောင်လုပ်ဆောင်နိုင်မှုက လေဖြတ်နိုင်ခြေ၊ နှလုံးသွေးကြောရောဂါနဲ့ အခြားသောရောဂါအမျိုးမျိုးကို ကာကွယ်ရာရောက်မှာပါ။

ဒါတွေတင်မကသေးပါဘူး။ မန်ကျည်းရွက်က အသည်းရောဂါတွေကိုသက်သာစေနိုင်သလို အသည်းရောင်အသားဝါ ရောဂါ၊ဆီးလမ်းကြောင်း်ပိုးဝင်တာလိုမျိုးဝေဒနာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။

Credit to Hellosayarwon