ဝူ ဟန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူက သူ့အနေနဲ့ အသက်ဆက်ရှင်ခွင့်မရှိတော့ဘူးဆိုရင် ကျန်တဲ့သူတွေကိုလည်း အသက်ရှင်ခွင့်မပြုနိုင်ဘူးဟုဆိုကာ ရောဂါပိုးပျံ့နှံ့စေရန် ရည်ရွယ်ချက်ဖြင့် ယုတ်မာစွာ ပြုမူခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလူနာဟာ သူနာပြုဆရာမတစ်ဦးကို ယုတ်မာခဲ့ပါတယ်။

ဒီအကြောင်းဟာ တရုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး၊ ဆေးရုံဝန်ထမ်းနဲ့ သူငယ်ချင်းဖြစ်သူတို့ ဒီအကြောင်းကို အပြန်အလှန်ပြောဆိုထားတဲ့ SS တွေ ပျံ့နှံ့ခဲ့ပါတယ်။ သူမဟာ တရုတ်နှစ်ကူးဆိုပေမယ့် အနားယူခွင့်မရပါဘူးတဲ့။ အဲဒီဆေးရုံမှာ ကူးစက်လူနာတွေကို သီးခြားစောင့်ရှောက်ထားပါတယ်။

အဆိုပါ သူနာပြုအမျိုးသမီးဟာ ပိုးကူးစက်လူနာတစ်ယောက်က တိုက်ခိုက်တာကို ခံခဲ့ရပြီး၊ သူမက အဲဒီလူနာကို ” ဒီမှာက လူနာတွေ အများကြီးပါ … ရှင်လည်း အလွန်မကျန်းမမာ ဖြစ်နေပြီး ရှင့်ရဲ့ ရောဂါခုခံနိုင်စွမ်းအားက အလွန်အားနည်းနေပါပြီ … ဒီတော့ ရှင် ပိုပြီး နေမကောင်းမဖြစ်အောင် ဒီမျက်နှာဖုံးကို စွပ်ထားပါ “လို့ ပြောခဲ့ပါတယ်။

အဆိုပါ လူနာက ” ကျုပ်က အခု နေမကောင်းဖြစ်နေပြီ … အခု ဒီမျက်နှာဖုံးက ဘာထူးမှာလဲ … ဒါက ဘာလုပ်နိုင်လို့လဲ …. “လို့ပြောပြီး သူမရဲ့မျက်နှာဖုံးကို အတင်းစွဲချွတ်ပြီး၊ ရောဂါပိုးကူးစက်စေရန် ရည်ရွယ်ကာ မျက်နှာကို တံတွေးနဲ့ထွေးခဲ့ပါတယ်။

အဲဒီအမျိုးသားက ဆက်လက်ပြီး ” ကျုပ်အနေနဲ့ အသက်ဆက်မရှင်နိုင်ဘူးဆိုရင် … ခင်ဗျားတို့လည်း ကျုပ်နဲ့အတူတူ သေရမယ် … “လို့ ပြောခဲ့ပါတယ်။ သိရသလောက်တော့ အဲဒီလူနာဟာ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုတွေ မလုံလောက်လို့ ဒေါသထွက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ သူနာပြုမှာ ရောဂါကူးစက်ခြင်းရှိမရှိ မသိရပေမယ့်၊ ဝူဟန်ဆေးရုံတစ်ခုမှ ဒေါက်တာတစ်ဦးမှာတော့ ရောဂါပိုးကူးစက်ခံထားရလို့၊ ဒီသတင်းဟာ အခြားဆးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက်တော့ ထိတ်လန့်အားပျက်စရာ သတင်းဖြစ်ခဲ့ပါတယ်။ ဖြေဆေးလည်း မယ်မယ်ရရ မတွေ့ရသေးပါဘူး။