အင်း သူငယ် ချင်းတစ်ယောက်လာပြလို့ ဖတ်လိုက်တာမှာ Wuhan နဲ့ ရောင်တော်ပြန်လုပ်ပြီး ကာကွယ်ရအောင်ဆိုပြီး အားဆေးတွေ စွတ်သောက်ခိုင်းနေတဲ့ Kevin Albert Power ဆိုတဲ့တစ်ယောက်ရေးထားတဲ့ ပိုစ့်ဖတ်ရတယ်။ ရှဲထားတာ ၆ ထောင်ကျော်ပြီ ပြဿနာတော့ တက်တော့မယ်။ နာမည်အမှန် ပုံအမှန်တောင် မတင်ရဲတဲ့သူကို ဘာတွေယုံနေကြသလဲပဲ။

ပြဿနာက သူသောက်ခိုင်းတဲ့အတိုင်းသောက်ရင် Overdose ဖြစ်ပြီး သိပ်မကြာခင်ပြဿနာတက်လိမ့်မယ်။ အဓိကတော့ Vitamin D ကိုသောက်ပါဆိုပြီးပြောထားတာ သူပြောတဲ့ amount က ကြောက်ဖို့တောင်ကောင်းတယ်။

Vitamin D ဟာ fat soluble vitamin လို့ခေါ်တယ်၊ သူက ပိုရင် သိမ်းထားတယ်၊ ခန္ဓာကိုယ်ကမစွန့်ပစ်ဘူး။ နောက်တစ်ခုက သူ့ကိုလိုအပ်တာ အရမ်းနည်းတယ်၊ ပေးထားတဲ့ Dose က နေ့စဉ်လိုအပ်တာထက် ၁၀ ဆမကဘူးများနေတယ်။ အဲ့ဒါကြီးကိုမှ နေ့စဉ်သောက်ပါဆိုတော့ မကြာဘူး ကွိုင်တက်လိမ့်မယ်။ Vitamin D က အရေပြားက နေထိရင် အလိုလိုထုတ်ပါတယ် ဘာမှ သောက်ဖို့မလိုပါဘူး (နေမထိလေမထိ နေတဲ့သူများတော့နည်းနည်းလိုပါမယ်) Vitamin D လိုချင်ရင် စောစောထပြီး နေရောင်ပြပေးရင်ကို အများစု လုံလောက်ပါတယ်။

သူပြောထားတဲ့ Vitamin C ကလဲ ရက်ရက်စက်စက်ကြီးပါ။ တစ်နေ့ကို စီဗစ် အလုံး ၂၀ က ၄၀ အထိသောက်ရမယ့်အပေါက်။ ဒါပေမယ့် Vitamin C က ပိုရင် ဆီးထဲပါသွားလို့ သိပ်ပြဿနာမတက်နိုင်လို့ တော်သေးတယ်ပြောရမယ်။ Vitamin C (စီဗစ်) ဟာ တစ်နေ့ ၅ လုံးဆိုရင် အလွန်ဆုံးပါပဲ။ အဲ့ထက်ပိုမသောက်ပါနဲ့ လိုကို မလိုတာပါ ရှုးပေါက်ရတာပဲ အဖတ်တင်ပါမယ်။

လူတွေလဲ မဟုတ်တာကျ စွတ်ရှဲ။ ဝူဟန်ဗိုင်းရပ်စ် ကြောင့်မဟုတ်ဘဲ Vitamin Overdose နဲ့ အကုန်ကွိုင်တက်ကုန်လိမ့်မယ်။

ဒေါက်တာကျော်ကျော်စိုင်း M.B.,B.S. (IM1)
လေးစားစွာဖြင့် Blacker