US CDC ကတော့ ကြေငြာချက်ထု တ်ပါတယ်။ သူတို့ဆီမှာ Wuhan Virus (Corona Virus) ဟာ တကယ့် ကျန်းမာရေးပြဿနာမဟုတ်သေးပါဘူးတဲ့။ သူတို့အတွက် တကယ့်ပြဿနာက တုတ်ကွေး Influenza ပဲ။

2018 မှာ US မှာ တုတ်ကွေးနဲ့သေသူ ၈ သောင်းရှိတယ်၊ 2019 အောက်တိုဘာကနေ အခုထိ သေသူ ၂ သောင်းရှိပါသတဲ့ (Wuhan က အခုမှ ၂ ယောက်ပဲဖြစ်သေးတာ သေတောင်မသေသေးဘူး)

သူတို့ဆီက လူတွေ ပျော့လှချည်လားလို့ပြောရမှာပဲ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမယ် ရိုးရိုးတုတ်ကွေး (Influenza) နဲ့ သေသူ မရှိသလောက်ပဲ။ ဆေးရုံမှာဆင်းတုန်းကလဲ မကြားဖူးဘူး။ အခု ခေတ်စားတဲ့ ဆင်တုတ်ကွေးတောင် လှိမ့်နေအောင်ခံရတာပဲများတာ သေတဲ့အဆင့် သိပ်မရှိလောက်ဘူးထင်တယ် (သိပ်အသက်ကြီးသူ အသက်ငယ်သူလောက်ကလွဲရင်ပေါ့)

ဒီတော့ အရမ်းကာရောကြီးတော့ လွှတ်ကြောက်နေဖို့မလိုဘူး။ နောက်တစ်ခု ဆက်စပ်လို့ပြောချင်တာ အသန့်အကြိုက်လွန်ရောဂါဟာ အတော်ဆိုးပါတယ်။ မြန်မာတွေလဲ တဖြည်းဖြည်း အနောက်နိုင်ငံကနေ အဲ့ဒါကူးစက်လာနေလို့ပါ။

ရေသန့်မှ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့၊ တစ်သက်လုံးသောက်လာကြတာ ရေတွင်းရေ၊ မြစ်ရေ၊ ချောင်းရေ၊ စမ်းချောင်းရေ ဘာမှမဖြစ်ဘူး၊ ရေသန့်သောက်ပြီးမှ နည်းနည်းမှားတာနဲ့ ၀မ်းလျှောရော။

အခုလဲ ငါးမှာ အသားတွေမှာ Salmonella ဘက်တီးရီးယားပိုးပါတယ်ဘာညာနဲ့ ပေါက်ကရတွေလျှောက်လုပ်နေတယ်၊ အဲ့ Salmonella ဆိုတာ ကိုယ်တွေ မွေးကတည်းက ယဉ်ပြီးသား၊ အတူဖက်အိပ်လာတာ၊ တော်ရုံဝင်လို့ကတော့ အယားကိုမပြေဘူး အဲ့ဒါကို Salmonella မပါအောင်လုပ်ဘာညာ အတင်းလုပ်မှ Salmonella လဲဝင်ရော ဂျွမ်းပစ်ရောနေမယ်။

လူခန္ဓာကိုယ်က အရမ်းထူးဆန်းပါတယ်။ ငယ်တုန်းမှာ respond အရမ်းကောင်းပါတယ်။ ကြီးလေလေ နှေးလေလေပါ။ ပြီးရင် ရောဂါပိုးဝင်သမျှ အကုန်နီးနီး တိုက်ထုတ်နိုင်ပါတယ် (ပထမတစ်ကြိမ်နည်းနည်းတော့ခံရချင်ခံရတတ်ပါတယ်) တိုက်ထုတ်ရုံနဲ့မပြီးပါဘူး သူက တိုက်ထုတ်နည်းကိုပါ မှတ်ထားလိုက်ပါတယ် ခန္ဓာကိုယ်ထဲမှာ Coding ရေးထားလိုက်သလိုပါပဲ။ အဓိက အချက်က အဲ့ဒါပါ။ အသက်ကြီးမှ Coding မရှိတဲ့ကောင်တွေဝင်လာရင် တိုက်ထုတ်ဖို့နည်းလမ်းကိုအကြာကြီးရှာရပါတယ်၊ အဲ့အချိန်မှာ မခံနိုင်ရင်သေပါတယ်။ နည်းလမ်းရှိပြီးသားဆို တန်းထွက်ပြီးတိုက်တာ ခံတောင်မခံလိုက်ရပါဘူး နိုင်သွားနိုင်ပါတယ်။

ဒီတော့ မြန်မာမှာ မွေးကတည်းက တွေ့ရာရေသောက် လမ်းဘေးစာစားနဲ့ ပိုးပေါင်းစုံနဲ့ ဖက်ပြီးကြီးလာတဲ့သူတွေဟာ မတရားခံနိုင်ရည်ကောင်းကြပါတယ် (ရှားရှားပါးပါး တစ်ချို့တစ်လေတော့ ၀မ်းလျှောတာကြမ်းလို့ ဆေးရုံရောက်ဘာညာဖြစ်ပါတယ်၊ လူဦးရေနဲ့တွက်ရင် အများစုအေးဆေးပါပဲ)

နောက်တစ်ခုက တစ်ချို့မကောင်းဘူးသိထားတဲ့ပိုးတွေဟာ လူကို အကျိုးပြုပါတယ်။ ဥပမာဆို သန်ကောင်ဝင်ရင် ဘယ်သူမှ မကြိုက်ဘူးထင်ပါတယ်။ ဒါပေမယ့် သန်ကောင်ဝင်ဖူးတဲ့သူဟာ ခန္ဓာကိုယ်က သန်ကောင်ကို ကန်ထုတ်ဖို့ကြိုးစားတဲ့ ဓါတ်တစ်မျိုးထုတ်ပါတယ်၊ အဲ့ဒီဓါတ်ဟာ အသက်ကြီးလာရင် SLE ကဲ့သို့သော Autoimmune Disease တွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်လို့ Research တွေက ဆိုပါတယ်။ Autoimmune Disease တွေဆိုတာ ကိုယ့်ခန္ဓာကဆဲလ်ကို ကိုယ့်ရဲ့ခုခံအားကမှားပြီး ပြန်တိုက်လို့ ပြဿနာတက်တဲ့ မတရားဒုက္ခပေးတဲ့ ကုရအလွန်ခက်တဲ့ရောဂါပါ။ သန်ကောင်ဝင်ထားဖူးရုံနဲ့ ဒီရောဂါမဖြစ်စေဘူးဆိုတာ ကောင်းမကောင်းစဉ်းစားကြည့်ပေါ့။ အသန့်လွန်သူများမှာ သန်ကောင်မ၀င်နိုင်ဖို့များပါတယ်။

ပြောချင်တာက မိဘတွေအနေနဲ့ ကလေးတွေကို မတရားဖင်ခေါင်းကျယ်ပြီး အရမ်းသန့်အောင် လိုက်မလုပ်ကြဖို့ပါ။ ငယ်ငယ်တုန်းမှာ အလွန်သန့်ထားရင် ကြီးလာရင် နည်းနည်းမှားတာနဲ့ ကွိုင်တက်နိုင်ချေပိုများပါတယ်။ မြေကြီးဖုတ်လူးနေလဲ ပေးလူးလိုက်ပါ။ တော်ရုံတွေ့ရာ ရေသောက်၊ တွေ့ကရာဆိုင်စားလဲ သိပ်မတားသင့်ပါ။ တုတ်ကွေးဖြစ်မယ်ဆိုလဲ ပေးပြီးကွေးလိုက်ပါ၊ ကိုယ်က ပြုစုပေးလိုက်ပါ၊ ကာကွယ်ဆေးက တကယ့်ပိုးနဲ့မတူပါဘူး၊ အတုက အတုပါပဲ။ သူတို့ တစ်သက်လုံးမြို့ပေါ်မှာပဲနေရမယ်၊ အကောင်းစားပဲစားရမယ်၊ ဘယ်ရောဂါမှ မထိတွေ့ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ကိုယ်မျက်စိဒေါက်ထောက်ကြည့်နိုင်ချိန်မှာ သူတို့ကို လေ့ကျင့်ပေးလိုက်တယ်လို့သဘောထားပါ။

မိဘတွေက ပညာပညာပဲသင်ပေးချင်တာ တခြားဟာကျ ပညာလို့မမြင်ကြလို့ဒီစာကိုရေးတာ။ ဒါက ခန္ဓာသိပညာ အရေးကြီးပညာတစ်ခုဖြစ်ပါကြောင်း…

ဒေါက်တာကျော်ကျော်စိုင်း M.B.B.S. (IM1)
လေးစားစွာဖြင့် Blacker