Dr Au ng Thu Soe Myint ရေးတာပါ။
Mask တပ်နည်း
Surgical mask တပ်ပုံတပ်နည်း တမျိုးပဲ ရှိပါတယ်။
သင်က ဘာဖြစ်နေ ဖြစ်နေ အရောင် ရှိတဲ့ဘက် (အစိမ်းဖြစ်ချင် ဖြစ်မယ်၊ အပြာ ဖြစ်ချင် ဖြစ်မယ်) ကို အပြင်မှာထားပြီး တပ်ရမှာပါ။
ဘယ်လိုဆို အစိမ်းက အထဲ ဘယ်လိုဆို အစိမ်းက အပြင်ဆိုတာတွေက မမှန်ပါဘူး။
ပုံမှန် disposable surgical mask တခုက အလွှာ သုံးလွှာ ပါပါတယ်။
အစိမ်းဖြစ်ဖြစ် အပြာဖြစ်ဖြစ် အရောင် ရှိတဲ့ဘက်က liquid repellent သုတ်ထားပါတယ်။ ပြင်ပ အစိုဓာတ်ကြောင့် စိုထိုင်းမှု မဖြစ်အောင် ကာကွယ်ပါတယ်။
အလယ်လွှာက ဘက်တီးရီးယား ကာကွယ်တဲ့ အလွှာပါ။
အတွင်းဆုံး အရောင် မရှိတဲ့ အလွှာက fluid absorbing လုပ်ပါတယ်။ အသက်ရှူထုတ် လိုက်တဲ့ ထဲက ပါလာတဲ့ ရေငွေ့ကို စုပ်ယူပါတယ်။
အရောင် မရှိတဲ့ ဘက်ကို အပြင်ထား ဝတ်ရင် အပြင်က အစိုဓာတ်တွေကို စုပ်ယူပါလိမ့်မယ်။
အရောင်ရှိတဲ့ဘက် အထဲမှာ ထားရင် မျက်နှာ ရေငွေ့တွေ မတရားရိုက်ပါလိမ့်မယ်။
မယုံမရှိပါနဲ့။ ခင်ဗျားတို့ တသက်လုံး တပ်လာတဲ့ ပုံစံ (အစိမ်းကို အပြင်မှာ ထားပြီး တပ်တဲ့ ပုံစံ) က အမှန်ပါပဲ။
နောက်ပြီး လူတကာ တုပ်ကွေးရာသီမှာ တပ်ကြတဲ့ ဒီ mask တွေက သင့်ကို တုပ်ကွေးဘာညာကနေ ကာကွယ်ဖို့ မရည်ရွယ်ပါဘူး။ ဆရာဝန် ဆရာမတွေ တပ်ဖို့ရည်ရွယ်တာပါ။ ဒါတပ်လိုက်လို့ တုပ်ကွေးကာကွယ်နိုင်ပြီ လို့ မယုံကြည် လိုက်ပါနဲ့။
မယုံရင် သေသေချာချာ ကိုယ်တိုင်လေ့လာကြည့်ပါ။
ဒါပေမယ့် တချို့ အပေါစားတွေက နှစ်လွှာပဲ ပါတာပါ။ ဘယ်လို တပ်တပ် effective ဖြစ်ဖို့ မသေချာဘူးပြောရမှာပေါ့။
မသိသေးတဲ့လူတွေ အသိအမှားကြီးမဖြစ်ရအောင် ဝေမျှပေးပါဦး
ခရက်ဒစ် Healthy Life
ပုံမှာပြထားသောmask တပ်ဆင်နည်းအမှားတွေ share နေကြလို့ ဆရာဝန်တစ်ဦးပြောသော mask အကြောင်း
Mask တပ်နည်း
ခရက်ဒစ် Healthy Life