တ ရုတ် နိုင်ငံမှာ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့ဖြစ်ပွားနေတာပါ…ပေကျင်းမြို့မှာတော့ အဆိုပါကူးစက်လူနာတွေကို HIV ဆေးများဖြင့် စမ်းသပ်ကုသပေးနေပြီလို့ သိရပါတယ်…

HIV ဖြစ်တဲ့သူတွေကို သုံးတဲ့ အဆိုပါဆေးတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကုသရာမှာ ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်……

ဒီအကြောင်းကိုတော့ ပေကျင်းမြူနီစီပယ် ကျန်းမာရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာဖော်ပြထားတာပါ……. အဆိုပါ ကော်မရှင်က ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ကုသဖို့ အမျိုးသားကျန်းမာရေး ကော်မရှင်က အကြံပြုထားတဲ့ Lopinavir/Ritonavir ပေါင်းစပ်ဆေးဝါးတွေ မိမိတို့မှာ ရှိနေကြောင်းလည်း ဆိုခဲ့ပါတယ်။

ပေကျင်းက ပေကျင်းဒီတန်ဆေးရုံ၊ ပေကျင်း ယိုအန်ဆေးရုံနဲ့ PLA အထွေထွေရောဂါကုဆေးရုံရဲ့ အမှတ် ၅ ဆေးကုသရေးစင်တာတို့ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေ ကုသပေးရမယ့် ဆေးရုံတွေအဖြစ် သတ်မှတ်ထားပါတယ်…. အဆိုပါ ဆေးရုံတွေမှာ ယခုလို HIV လူနာတွေကို ကုသတဲ့ ဆေးဝါးတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာတွေကို စတင်ကုသပေးနေပါပြီ…..

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး သေဆုံးသူမှာလည်း ဇန်နဝါရီ ၂၆ ရက်နေ့ထိ ၅၆ ဦးရှိတယ်လို့ သိရပါတယ်…ယခုလို HIV ဆေးဝါးတွေက ကိုရိုနာဗိုင်းရပ်စ်ကို ပျောက်ကင်းအောင် ကုသနိုင်မယ်ဆိုရင် ဝမ်းသာစရာသတင်းပဲ ဖြစ်ပါတယ်….

Writer – HW (Shwe Yaung Lan)
Source : AKT