လက် ရှိ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါပိုးဟာ ယခုဆိုရင်ရွှေလီမြို့ထဲကို ရောက်လာပြီလို့ ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်ကြောင့်သေဆုံး သူ ၈၀ ကျော်အထိဖြစ်လာပြီဖြစ်ပါတယ်။ မြန်မာလုပ်သား အများစု နေထိုင်တဲ့ ရွှေလီထဲကို အဆိုပါ ဗိုင်းရပ်ရောက်ရှိလာလို့ ဟိုတယ်နဲ့ လောင်းကစားဝိုင်းတွေကို ပိတ်ထားကြောင်း သိရှိရပါတယ်။

လက်ရှိအချိန်မှာတော့ ရွှေလီအစိုးရက တယ်ဟုန်တိုင်းအတွင်းရှိတဲ့ ဧည့်သည်တွေကို နေရပ်ပြန်ဖို့ ကြော်ငြာချက်ထုတ်ထားပါတယ်။ ကူးစက်သူ ၃၀၀၀ ကျော်ဖြစ်နေပြီဖြစ်တဲ့ ကိုရိုနာ ဗိုင်းရပ်စ် မပြန့်ပွားစေဖို့ တင်းကြပ်မှုတွေ ပြုလုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ဗိုင်းရပ်စ်ကြောင့် တရုတ်နှစ်ကူး ကျင်းပနေချိန်တွင် ဟောင်ကောင်မှာ အရေးပေါ် အခြေအနေကြော်ငြာပြီး ပြည်မကြီးက ဝင်ပေါက်အားလုံးကို ပိတ်ထားတယ်လို့ သိရပါတယ်။

ရွှေလီမြို့ဟာ မြန်မာလုပ်သား အများစု နေထိုင်လုပ်ကိုင်စားသောက်ကြတဲ့ မြို့တစ်မြို့လည်းဖြစ်သလို၊ ကုန်စည်ရောင်းဝယ်ဖောက်ကားမှု အများဆုံးသော မြို့ကြီးတစ်မြို့လည်း ဖြစ်ပါတယ်။ ယခုလို အင်အားပြင်းထန်တဲ့ ဗိုင်းရပ်စ်ဟာ ရွှေလီမြို့ထဲထိ ပြန့်နှံ့လာတာဟာ မြန်မာနိုင်ငံအတွက်လည်း စိုးရိမ်ရတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း အပြင်ထွက်ရင် မက်စ်ခ်တွေတပ်ဖို့ မမေ့ကြပါနဲ့နော်။ အဆိုပါ ဗိုင်းရပ်စ်က မြင်ရတာ မဟုတ်တာအတွက်ကြောင့် ကြိုတင်ကာကွယ်ထားကြပါနော်……….။

Writer- ME(Shwe Yaung Lan)