တ ရုတ်နိုင် ငံ၊ ဝူဟန်မြို့တွင် ပညာသင်ကြားနေသော မြန်မာကျောင်းသား (၆၀) ဦး ပြန်လည်ရောက်ရှိလာပါက ထားရှိနိုင်ရန် မန္တလေးမြို့တွင် ဆေးရုံတစ်ခု ကြိုတင်ပြင်ဆင်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် (၆၂)လမ်းပေါ်ရှိ ကန်တော်နဒီဆေးရုံအား တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာမည့် မြန်မာကျောင်းသားများကို ထားရှိရန် အထူးသီးသန့်အနေဖြင့် ပြင်ဆင်ထားသည်။

“တိကျတဲ့ သတင်းရလာရင် (ကျောင်းသားများပြန်လည် ရောက်ရှိချိန်) ပြင်ဆင်ချိန် မရှိမှာစိုးလို့။ လာရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရှိတာ”ဟု ဒေါက်တာသန်းသန်းမြင့်က ဆိုသည်။

ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ရုံးအဖြစ် အသုံးပြုခဲ့သော အဆိုပါ ဆေးရုံအား မန္တလေးတိုင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူး ပေါင်း ၍ ဇန်နဝါရီ(၂၇)ရက်မှ စတင်ကာ ပြင်ဆင်မှုများ လုပ်ဆောင်လျှက် ရှိသည်။

“လူ(၆၀)များ ရောက်လာခဲ့ရင် ထားနိုင်ဖို့ရာ ဒီနေရာမှာ အသင့်တော်ဆုံးမို့ ဒီနေရာ ပြင်တာပေါ့”ဟု ဒေါက်တာ သန်းသန်းမြင့်က ဆိုသည် အဆိုပါ ကျောင်းသား (၆၀) မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ရောဂါပျိုးရက်ဖြစ်သည့် (၁၄) ရက်ကြာ စောင့်ကြပ်ကြည့်ရှုမည်ဖြစ်ပြီး ဖျားနာပါက သင့်တော်သည့် ကုသမှုများ ဆက်လက် လုပ်ဆောင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။

ကန်တော်နဒီ ဆေးရုံတွင် အခန်းပေါင်း (၄၂)ခန်းရှိပြီး နေရာ၊ ပစ္စည်းကိရိယာ၊ ဆေးပစ္စည်းနှင့် ကျန်းမာရေးဝန်ထမ်းများ ပြင်ဆင်ထားရှိခြင်းဖြစ်ပြီး မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၊ ကုတင် (၅၅၀)ဆံ့ ကလေးဆေးရုံကြီး၊ ကုတင်(၃၀၀) ကလေးဆေးရုံ၊ အရိုးအထူးကုဆေးရုံနှင့် ကုတင် (၃၀၀) သင်ကြားရေးဆေးရုံများမှ ဆရာဝန်များက အလှည့်ကျ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပညာသင်ကြားနေသည့် မြန်မာကျောင်းသား(၆၀)ကို ဝူဟန်မြို့မှ ချန်းရှမြို့သို့ ဘတ်စ်ကားဖြင့် လတ်တလော ထွက်ခွာနိုင်ရန် စီစဉ်နေပြီး ထိုမှတဆင့် မန္တလေးမြို့သို့ တိုက်ရိုက်လေကြောင်း သို့မဟုတ် ကူးမင်းမြို့မှတဆင့် လေကြော်ငးခရီးစဉ်ဖြင့် မန္တလေးမြို့သို့ ပြန်လည်ပို့ဆောင်မည်ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကဇန်နဝါရီ(၂၆)ရက်တွင် ထုတ်ပြန်ကြေညာထားသည် သို့သော် ကျောင်းသားများ မန္တလေးသို့ မည်သည့်နေ့ရက် ပြန်လည်ရောက်ရှိမည် ဆိုသည်ကိုမှု အချိန်အတိအကျ မသိရသေးပါ အဆိုပါ ကျောင်းသားများသည် ရောဂါကူးစက်ခံနေရသူများ မဟုတ်ဘဲ ဝူဟန်မြို့၌ နေထိုင်ကာ ပညာသင်ကြားနေသူများ ဖြစ်သည်။ ကျောင်းသားများကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရာတွင်လည်း ရောဂါ ရှိ၊မရှိ စစ်ဆေးမည်ဖြစ်မည် ဖြစ်ကြောင်း သံရုံးတာဝန်ရှိသူများက ပြောကြားထားသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့၌ ဒီဇင်ဘာလကုန်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သော 2019 Novel Coronavirus(2019-nCov) ပြင်းထန် အဆုတ်ရောင် ရောဂါသည် ကမ္ဘာ့နိုင်ငံအချို့သို့ ကူးစက်ပျံ့နှံ့နေပြီး ဇန်နဝါရီ(၂၇)ရက်အထိ အဆိုပါ ရောဂါ ကူးစက်ခံရသူ (၃၀၀၀)ဝန်းကျင်နှင့် သေဆုံးသူ (၆၀)ခန့် ရှိလာပြီ ဖြစ်သည် ဝူဟန်ရောဂါ ကူးစက်ပျံ့နှံမှုကြောင့် တရုတ်အစိုးရက တရုတ်နိုင်ငံရှိ မြို့ကြီးများကို အဝင်အထွက်ပိတ်ပင်ထားရာ လက်ရှိတွင် မန္တလေးမြို့နှင့် တရုတ်နိုင်ငံရှိ မြို့(၁၇)မြို့အကြား ချိတ်ဆက်ပျံသန်းသည့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းထားသည်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနအနေဖြင့် ရောဂါကူးစက်မှု မရှိစေရန် မန္တလေးလေဆိပ်သို့ ဝင်ရောက်လာသည့် နိုင်ငံခြားသား ခရီးသွားများကို ကြပ်မတ်စစ်ဆေးနေသည်ဟု ဌာနတာဝန်ရှိသူများက ဆိုသည် ထို့အပြင် ရောဂါကူးစက်ခံရမှု ဖြစ်ပွားပါက ကုသနိုင်ရန် မန္တလေးမြို့ပေါ်ရှိ ဆေးရုံကြီးများ၌လည်း ကြိုတင်ပြင်ဆင်ထားသည်ဟု ဆိုသည်။

Ref ; Mandalay Indepth News