နာ မည်ကျော် ဟာသ သရုပ်ဆောင်လူရွှင်တော် ဗေလုဝဟာ ဦးနှောက်သွေးကြောခဲတဲ့ ဝေဒနာကြောင့် ဆေးရုံမှာ တက်ရောက်ကုသမှုခံခဲ့ရပါတယ်…. ဒါကြောင့်ပဲ ဖြစ်ဖြစ်ချင်းမှာ လူတွေကို မသိတော့ဘဲ နေတိုးနာမည်တစ်ခုကိုပဲ ခေါ်နေခဲ့လို့ ပရိသတ်တွေက စိတ်ပူခဲ့ကြတာပါ….

နောက်ပိုင်း ဆေးကုသမှုတွေ ခံယူပြီးတဲ့နောက်မှာတော့ အခုဆိုရင် ကျန်းမာရေးအခြေအနေတွေ တိုးတက်လာပြီဖြစ်ပါတယ်….ကျန်းမာရေးကောင်းလို့ ဆေးရုံကဆင်းဆင်းချင်းမှာပဲ ဗေလုဝဟာ သူဖွင့်ထားတဲ့ လယ်သူမဆိုင်လေးကို သွားရောက်ကြည့်ရှုခဲ့ပါတယ်….ဒီအကြောင်းကိုလည်း ဓာတ်ပုံလေးတွေနဲ့ အတူ လူမှုကွန်ရက်မှာ ခုလိုရေးသား ဖော်ပြထားပါတယ်..

“ဆေးရုံကဆင်းဆင်းခြင်း သူရဲ့ လယ်သူမ ထမင်းဆိုင်ကိုစိတ်မချလို့ ခဏဝင်ကြည့်ခဲ့တဲ့ ဟာသသရုပ်ဆောင် ဗေလုဝ…မကြာမီ ရိုက်ကွင်းများဆီသို့ ပြန်လာနိုင်အောင်ကြိုးစားသွားပါ့မယ်လို့လည်း ကိုဗေကြီးကပြောသွားပါသေးတယ်……” လို့ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်….

လယ်သူမထမင်းဆိုင်ဟာ ဗေလုဝ ဖွင့်ထားတာဖြစ်ပြီး အရသာကောင်းမွန်တာကြောင့် အားပေးသူတွေ အရမ်းများတဲ့ ဆိုင်တစ်ဆိုင်ပဲ ဖြစ်ပါတယ်…

Writer – HW (Shwe Yaung Lan)
Source : Bay Bay