တရု တ်နိုင်ငံ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့နေတာကြောင့် မြို့အဝင်အထွက်ကို တရုတ်အစိုးရက ပိတ်ဆို့ထားပါတယ်….တခြားမြို့တွေကို ရောဂါတွေပြန့်နှံ့သွားမှာ စိုးရိမ်တာကြောင့် ဖြစ်ပါတယ်….

ခုလို ပိတ်ဆို့ထားတဲ့ကြားထဲကနေ လူဦးရေ ၅ သန်းကျော် မြို့ကနေ ထွက်ခွာသွားကြတယ်လို့ သိရပါတယ်….

လူဦးရေ ၉ သန်းခန့်မြို့မှာ ကျန်ခဲ့ပြီး ၅ သန်းကျော်က ပိတ်ဆို့မှုတွေကြားထဲကနေ ဝူဟန်မြို့မှာ ထွက်ခွာသွားတယ်လို့ မြို့တော်ဝန် ဇူရှန်ဝမ်က ယမန်နေ့ညက ဝန်ခံပြောကြားခဲ့တယ်လို့ ဆိုပါတယ်….

လက်ရှိအချိန်မှာ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေဟာ ၂၄၀၀ ကျော်ပြီဖြစ်ပြီး သေဆုံးသူဦးရေကတော့ ၈၀ ဦးထိ ရှိလာခဲ့တယ်လို့ သိရပါတယ်….

Writer – HW (Shwe Yaung Lan)
Source : China Daily