တရုတ်နိုင်ငံ မှာ ထူးဆန်းတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပွားနေပါတယ်…တာဝန်ရှိသူတွေကလည်း အဆိုပါ ဗိုင်းရပ်စ်အကြောင်း သုတေသနပြုလုပ်မှုတွေ အပြင်းအထန်ပြုလုပ်ချက်ရှိပါတယ်။ သုတေသနပြု စုံစမ်းစစ်ဆေးနေတဲ့ တရုတ်တာဝန်ရှိသူတစ်ဦးကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးဆန်းတစ်မျိုးကနေ ဖြစ်ပွားတဲ့ အဆိုပါ နမိုးနီးယားရောဂါသစ်တစ်မျိုးဟာ လူ လူခြင်း ကူးစက်နိုင်တာကြောင့် တရုတ်နိုင်ငံအစိုးရဟာ အဆိုပါ ဝူဟန်မြို့ကို ပိတ်ပင်ထားလိုက်ပြီဖြစ်ပါတယ်။ ယင်းကဲ့သို့ ပိတ်ပင်ထားတဲ့ ဝူဟန်မြို့မှာ မြန်မာနိုင်ငံသား ကျောင်းသူ၊ ကျောင်းသား အယောက် ၆၀ ရှိတယ်လို့ သိရပါတယ်။ အဆိုပါကျောင်းသားမျာားး နေရပ်ကို ပြန်လည်ခေါ်ဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံအစိုးရက ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ချန်းရှမြို့ကနေ မန္တလေးမြို့သို့ ပို့ဆောင်သွားမယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကိုတော့ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မြန်မာသံရုံးက ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်တွင် လေယာဉ်လက်မှတ် ရရှိနိုင်တဲ့အပေါ်မှာ မူတည်ပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျောင်းသား ၆၀ ဦးလုံး တစ်ကြိမ်တည်း ပို့ဆောင် မရပါက အချို့ကို ချန်းရှမြို့လေယာဉ်ကွင်းမှာ စောင့်ဆိုင်းရဖွယ်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

လက်ရှိ မြန်မာကျောင်းသားအားလုံးဟာ ကျန်းမာရေး ကောင်းမွန်လျက်ရှိတာကြောင့် ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ကြောင်း မြန်မာသံရုံးကို ဇန်နဝါရီလ ၂၅ ရက်နေ့က စာနဲ့ ပေးပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ဝူဟန်မြို့မှာ နိုင်ငံခြားသား များစွာ ရှိနေပြီး အထူးသဖြင့် အမေရိကန်၊ ဂျပန်နဲ့ ပြင်သစ်နိုင်ငံသားများ ပိုမိုရှိနေတယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။ ယင်းဝူဟန် ဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံမှာ သံသယဖြစ်ဖွယ် လူနာမရှိသေးကြောငးကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။

Writer- ME(Shwe Yaung Lan)