သူ ငယ်ချင်း ” သီချင်းနဲ့ ပရိသတ် ရင်ထဲကို ရောက်ရှိလာခဲ့တဲ့ 💙💙💙အဆိုတော် ညဏ်လင်းအောင်ရဲ့ အိမ်ထောင်ရေးကတော့ တကယ်ကို အေးချမ်းပြီး ပျော်စရာကောင်းနေတယ် လို့ ဆိုရမှာပါ။ ညဏ်လင်းအောင်ဟာ ချစ်သူ ဖြစ်သူ မော်ဒယ်လ် ချမ်းချမ်းပိုင်နဲ့ ချစ်သူသက်တမ်း (၃) နှစ်ကြာလက်တွဲပြီးနောက်မှာတော့ နှစ်ကိုယ်တူဘဝတစ်ခုတည်ဆောက်ပြီး လက်ထက်ခဲ့ကြပါတယ် ။

အခုဆိုရင်ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်နဲ့အတူ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ် ။

💙💙သမီးလေးကတော့ ဖေဖော်ဝါရီလထဲမှာ တစ်နှစ်ပြည့်မှာဖြစ်ပြီးအခုဆိုရင် (၁၁)လ အရွယ်ရောက်နေပြီဖြစ်ပြီး အရမ်းကိုချစ်စရာကောင်းတဲ့ ကလေးလေးဖြစ်နေပါပြီနော် ။ 💙💙💙သမီးလေးကိုရပြီးနောက်ပိုင်း ကိုယ်တိုင်လည်း အရမ်းလိမ္မာသွားသလို မိဘမေတ္တာဆိုတာကိုလည်း နားလည်လာတယ်လို့ ဉာဏ်လင်းအောင်က ပြောပြလာခဲ့ပါတယ် ။💙💙💙

ကိုယ်တိုင်က အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် သမီးလေးကိုအ နုပညာဝါသနာပါစေချင်တယ်ဆိုပေမယ့် သူဖြစ်ချင်တဲ့အပေါ်မှာပဲ အကောင်းဆုံး ပံ့ပိုးပေးပြီး အေးအေးချမ်းချမ်းလေးနေသွားစေချင်တယ်လို့ သမီးပေါ်ထားတဲ့ ဆန္ဒလေးတွေကို ပြောပြခဲ့ပါသေးတယ် ။

ကလေးက အခုချိန်မှာ အစစရာရာလိုက်သင်နေတဲ့အရွယ်ဖြစ်တဲ့အတွက် TV ကြည့်တာ ၊ ဖုန်းသုံးတာ ၊ စကားပြောတာကအစ အစစရာရာဆင်ခြင်ရပြီး နေထိုင်တတ်လာတယ်လို့လည်း သိရပါတယ် ။

အရင်က တစ်ဦးတည်းသောသားဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုပဲ ချစ်တတ်ပေမယ့် သမီးလေးရှိလာတဲ့ တော့ အဲ့လိုစိတ်တွေ လျော့သွားပြီး မိသားစုကို ငဲ့တတ်လာတယ်လို့ ဉာဏ်လင်းအောင်က သူ့ရဲ့ပြောင်းလဲလာမှုလေးတွေကိုလည်း ပြောပြလာခဲ့ပါတယ် ။ပရိတ်သတ်ကြီးလည်း သားသားမီးမီးလေးတွေ ရခဲ့ရင် လိမ္မာကြဖို့ မမေ့နဲ့နော် 😁😁😁