ကျန်း မာရေး ဝန်ကြီးဌာန ဝန်ထမ်းတဦးအနေနဲ့ ပြောတာ မဟုတ်ပါ။ အရပ်သားတဦးအနေနဲ့ ပြောတာပါ။ ကျန်းမာရေးဌာနကို ကိုယ်စားမပြုပါ။

ဝူဟန်က ဗိုင်းရပ်စ် ကိစ္စပါပဲ။ ရေးသားသူ – သက္ကမိုးညို

၁- ဝန်ကြီးကတော့ လုပ်ထားတာ လာကြည့်ရင် ဖျားသွားမယ်ပြောပါတယ်။ ဒါပေမယ့် ဝူဟန်က လေယာဉ်ကြီး ဆိုက်လာတယ်။ လေဆိပ်မှာ အပူချိန်တိုင်း ကိရိယာနဲ့ ပေးဖြတ်ပြီး အားလုံးအောင်တော့ ခွင့်ပေးလိုက်တယ်။ ဂိုက်လိုင်းအတိုင်း လုပ်တာပါပဲ။ ဒါပေမယ့် ရောဂါဝင်ရောက်ပြီး လက္ခဏာ မပြသေးတဲ့ (ရောဂါပျိုးချိန်)မှာ လွတ်သွားရင် ဘယ်လို လုပ်မလဲ။ အခု CNN သတင်း အရ လက္ခဏာ မပြသေးလဲ ကူးစက်နိုင်တယ် လို့ဆိုပါတယ်။ ဝူဟန်ခရီးသွားတွေ တခုခုဖြစ်ရင် သတင်းပို့ လို့ ထုတ်ပြန်ထားတယ်။ တကယ်သတင်းပို့ပါ့မလား။ စဉ်းစားစရာ။

၂- အားလုံး စိတ်ပူချိန်မှာ ဝူဟန်ခရီးသွားတွေကို စိတ်ချလောက်တဲ့ ကာလအထိ isolate လုပ်ထားသင့်တယ် တွေးမိပေမယ့် ဂိုက်လိုင်းထဲ မပါလို့ နေမှာပေါ့ တွေးမိတယ်။ တခြားနိုင်ငံမှာ အသီးသီး တွေ့ပြီး မြန်မာနိုင်ငံမှာ မတွေ့သေးတာ နှစ်ခု ဖြစ်နိုင်တယ်။ တို့နိုင်ငံသား သံမှုန့်စားပြီး ခွန်အားဖြိုးမောက် ဝူဟန်ကြောက်လို့ တကယ်မရှိတာ ဖြစ်နိုင်တာ တခု။ ရှိနေပါရဲ့နဲ့ မမိလိုက်တာ၊ သတင်းမပို့တာ တခု။ ဖြစ်စေချင်တာကတော့ တကယ်မရှိတာပေါ့လေ။ ထင်တာကတော့ (ပြောရဲဘု)

၃- ပြည်သူလူထုကို သတင်းထုတ်ပြန်ရမယ့် အစိုးရမင်းများမှာ ပြဿနာ တခု ရှိတာက public panic ခေါ်တဲ့ လူထုခြောက်ခြားပြီး ထိတ်လန့်တုန်လှုပ်ကုန်မှာကို ကြောက်ကြတာပါပဲ။ ဒီလို ခြောက်ခြားရင် ကွပ်ညှပ်ရ ခက်၊ လုပ်ချင်ရာ လုပ်ကုန်မှာ စိုးရသကိုး။ တဖက်မှာ ဒီလို ခြောက်ခြားမှာ စိုးလို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ရင်း ပြည်သူကို သတင်းအမှောင်ချမိတတ်တာလည်း ရှိတယ်။ ဘာပဲပြောပြော ပြည်သူမှာ သတင်းအချက်အလက် ရယူခွင့် right to information ရှိနေတယ်လေ။ ဒီတော့ အစိုးရဟာ ဒီလို ကိစ္စတွေဆိုရင် သတိနဲ့ သတင်းပေးရတယ်။ မစိုးရိမ်ရဘူးဆိုပေမယ့် မပေါ့နဲ့၊ မပေါ့နဲ့ ဆိုပေမယ့် မကြောက်နဲ့၊ မကြောက်နဲ့ ဆိုပင်မယ့် ပစ်မထားနဲ့။ အဲ့လို ဂျာအေး သူ့အမေရိုက်ရော။

၎- အခု အစိုးရ သတင်းထုတ်ပြန်တဲ့ နေရာ၂ခု myanmar CDC facebook page နဲ့ ကမဝ web site မှာ သွားကြည့်တော့ ပြည်သူကို သတင်းအချက်အလက်ပေးတာ ပြန်ပြီး လည်ထွက်နေသလိုပဲ။ (ဘုရား ဘုရား၊ ဆရာကြီးတွေကို ဆရာလုပ်မိပြီ) CDC က ကမဝ ပြန်ညွှန်း၊ ကမဝက CDC ပြန်ညွှန်း။ ဘာပဲပြောပြော ဖတ်စရာ ပေ့ခ်ျလေး တခုတော့ ပါသေးတယ်။ ဒါတောင် လင့်အဆင့်ဆင့် ဝင်နေရ။ အောက်မှာ လင့်ပေးထားတယ်။ အကျိုးရှိတာ နည်းနည်းပါတယ်။ ရှာဖတ်စေချင်ပါတယ် mohs.gov.mm မှာ။

၅- နယ်စပ်တွေမှာ thermal scanner နဲ့စစ်။ စစ်နေတဲ့ ဆရာမက ဂိုက်လိုင်းအတိုင်း ဝတ်မထား။ ပြုံးပြုံးကြီး။ သူ့ကို ကူးရင် ဒုက္ခ၊ ကိုယ်လုပ်နေတဲ့ အလုပ် အရေးကြီးပုံတော့ သိသင့်။

၆- ကောင်းတာ တခုက ပြည်သူလူထု ကြောက်ရွံ့ချိန်မှာ အလေ့အထကောင်းတွေ သွန်သင်သင့်တယ်။ ဝူဟန်ကြောက်လား။ ကျန်းမာအောင်နေ။ လူထူထူ မသွားနဲ့။ ချောင်းဆိုး၊ နှာချေရင် အုပ်ပြီးချေ။ လက်ခနခနဆေး။ အဲဒီလို ပေါ့ပေါ့ပါးပါး အလေ့အထလေးတွေက ခင်ဗျားတို့ကြောက်တဲ့ ဝူဟန်ကို ကာကွယ်ဖို့ အကောင်းဆုံး လက်နက်ပါ။

သက္ကမိုးညို
လေးစားစွာဖြင့် Blacker