တ နင်္ဂနွေသားသမီး
အောင်မြင်မူတွေ ထူးထူးခြားခြားရရှိပါလိမ့်မည် ပေးဆပ်မူအတွက် ရလာဘ်ကောင်းတွေ ပြန်လည်ရရှိလာမယ့် ကာလပါ ဒီလိုအခြေအနေတွေမှာ အနိမ့်ဆုံးအနေအထားကနေ ရုတ်တရက်ကြီး အမြင့်မားဆုံးနေရာတစ်ခုကို ရောက်ရှိသွားပါလိမ့်မည် ဒီလိုအချိန်ကာလတွေမှာ ရရှိလာသော အခွင့်အရေးအပေါ် တွေဝေမနေဘဲ ရဲရဲဝံ့ဝံ့ဆုံးဖြတ်ရမည့် ကာလပါ သင့်အတွက် ကြိမ်းသေအောင်မြင်မည် လမ်းစများစတင်ပွင့်လန်းနေပါပြီ ကျန်းမာရေးတွင် ဒူးအဆစ်အမြစ်များ နာနေပါလိမ့်မည် ငယ်ရွယ်သူများ အချစ်ရေးတွင်မင်္ဂလာကိစ္စအတွက် ကြိုတင်ပြင်ဆင်မူများ ပြုလုပ်ရပါလိမ့်မည် ထီ14ပါသောထီထိုးပါ
ယတြာ ပန်းအဖြူ 5ပွင့်ဘုရားလှူ ပေးပါ
တနင်္လာသားသမီး
မိမိရဲ့လုပ်ရပ်အမှားကြောင့် မိတ်ဆွေကောင်းများကို လက်လွှတ်ဆုံးရှုံးရတတ်ပါသည် အိမ်တွင်းရေး အိမ်ထောင်ရေးမှာလည်း အတွင်းတကျက်ကျက် စကားများနေရတတ်ပါသည် ဒီလိုကာလတွေမှာ အရာရာတဇွတ်ထိုး မပြုမူမိဖို့ အထူးသတိထားသင့်ပါသည် ကျန်းမာရေးတွင် အစာအိမ်ဝေဒနာဂရုပြုပါ ငယ်ရွယ်သူများ ဆေးရုံဆေးခန်းသွားရင်း ချစ်သူရည်းစားရတတ်ပါသည် မိမိစိတ်ဝင်စားရမည့်သူကို တွေ့ပါလိမ့်မည် ထီ ၆၇ပါသောထီထိုးပါ
ယတြာ ခရေ၆ညွှန့် ဘုရားလှူ ပါ လိပ်စာကျွေးပါ
အင်္ဂါသားသမီး
လက်လွန်ထားသော ငွေကြေးများ ပြန်တောင်းရခက်နေတတ်ပါသည် ဆွေမျိုးအပူသည်များကြောင့် ငွေကြေးအကုန်အကျများပါလိမ့်မည် လောင်းကစား လုံးဝအကျိုးမပေးတဲ့ကာလပါ အတတ်နိုင်ဆုံး မိမိစိတ်မိမိထိန်း၍ နောက်ဆုတ်လိုက်ပါ မရေရာတဲ့အလုပ်ကို စီးပွားဖြစ်မကြိုးစားပါနှင့် ဆွေမျိုးထဲမှ သက်ကြီးဝါကြီးများကို ကန်တော့ရလိမ့်မည် ကျန်းမာရေး ဝမ်းကျန်၍ ခေါင်းမကြာခဏ နောက်နေတတ်ပါသည် ငယ်ရွယ်သူများ အချစ်ရေးတွင် မှတ်တိုင်လိုနေရာမျိုးတွင် မကြာခဏဆုံရာမှ မျက်လုံးချင်းဆုံ သတိထားမိပြီး အချစ်ဇာတ်လမ်း အစပျိုးပါလိမ့်မည် ထီ၅၇ပါသောထီထိုးပါ
ယတြာ ပန်းသီးတွင်သပြေတစ်ခက်စိုက်၍ဘုရားလှူ ပေးပါ
ဗုဒ္ဓဟူးသားသမီး
တပည့်လက်အောက်ငယ်သားများထံမှ လက်ဆောင်ပဏ္ဏာများ ရရှိပါမည် ကြွေးဟောင်း မြေဟောင်းများ ပြန်လည်ရရှိနိုင်သော ကာလပါ ရေလမ်းခရီးအန္တရယ်ရှိသောကြောင့် အတတ်နိုင်ဆုံး မသွားသင့်ပါ ကျန်းမာရေးတွင် ခါးနာဝေဒနာခံစားရပါလိမ့်မည် ငယ်ရွယ်သူများ မိမိချစ်ရသူထံမှ မိမိမျော်လင့်ထားသော အဖြေရလာဒ်ကောင်း သတင်းကြားရပါမည် ထီ၁၆ပါသောထီထိုးပါ
ယတြာ ပေါက်ပေါက်ဘုရားလှူ ပေးပါ
ကြာသာပတေးသားသမီး
စိတ်ကူးယဉ်နှင့်လက်တွေ့ ဘဝကွာခြားမှန်းလက်တွေ့သိရမည့် ကာလပါ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရတော့မည့် ကာလပါ လုပ်ငန်းသစ်များ စတင်လုပ်ကိုင်ရတတ်သလို ကိုယ်ပိုင်လုပ်ငန်းများလည်း စတင်လုပ်ကိုင်ရမည့် ကာလပါ ကျန်းမာရေးတွင် မတော်တဆ ထိခိုက်မိတတ်ပါသည် အချစ်ရေးကံမှာ ပြတ်ပြတ်သားသား မရှိသေးပါ မိမိဘက်မှလည်း တွေဝေနေပါလိမ့်မည် ထီ ၁၉ပါသောထီထိုးပါ
ယတြာ ငါးစာကျွေးပါ
သောကြာသားသမီး
အစစအရာရာ ကံကောင်းနေပါလိမ့်မည် ရပ်ဝေးမှလည်းကောင်း သတင်းများကြားရပါမည် မမျှော်လင့်ဘဲ ငွေကြေးအစုအပုံ ဝင်တတ်သောကာလပါ ထီကံကောင်းတတ်သော အချိန်ကာလပါ ခရီးထွက်ရင်း ထီထိုးပေးပါ အစိမ်းရောင်အသုံးအဆောင်များ အကျိုးပေးပါသည် ကျန်းမာရေးတွင် ခေါင်းမူးခေါင်းနောက် ခေါင်းရှုပ်နေလိမ့်မည် ငယ်ရွယ်သူများ မိမိထက်အသက်ငယ်သူ၏ စိတ်ဝင်စားခြင်းခံရမည် ထီ36ပါသောထီထိုးပါ
ယတြာ လမ်းဘေးခွေးတွေကိုငပိဖြင့်ထမင်းနယ်၍ဝလင်စွာကျွေးပါလေ
စနေသားသမီး
မထင်ထားသော ငွေကြေးကြား ပေါက်ဝင်လာပါလိမ့်မည် စက်ပစ္စည်း အဝင်မခံသင့်သော ကာလပါ စက်ပစ္စည်းဝင်ပါက စက်ပစ္စည်းကြောင့်ပင် မတော်တဆ ထိခိုက်မိတတ်ပါသည် သွေးထွက်သံယိုဖြစ်တတ်ပါသည် ဆူးပါသောအပင်များ အိမ်ရှေ့မစိုက်မိပါစေနှင့် အပင်ကြီးလာလေလေ အတိုက်အခံရန်များလာလေလေဖြစ်မည် ငယ်ရွယ်သူများ ပညာရေးအထူးကောင်းပါသည် သင်တန်းအသစ်တွေလည်း တက်ဖို့ကြံစည်ပါလိမ့်မည် အချစ်ရေးတွင် အနေနီသူနှင့် ချစ်သူဖြစ်မည့်ကာလပါ ထီ17ပါသောထီထိုးပါ
ယတြာ အင်္ဂါထောင့်တွင်သန့် ရှင်းရေးပြုလုပ်ပါ တံပျက်စည်းတစ်ချောင်းလှူ ပါ နေအိမ်ရှိစက်ပစ္စည်းအဟောင်းများအားအရှေ့တောင်အရပ်သို့ စွန့် ပါ
ခရက်ဒစ် ဆရာကျော်ဘိုဘိုဟိန်း